နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

ဇန်နဝါရီလ (၁၉)ရက်။

အခုတပတ်တာထဲ ကော့ကရိတ်-အာရှလမ်းရှိ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တိုက်ပွဲထဲ လက်နက်ငယ် (၁၁)လက်၊ လက်နက်ကြီး (၁)လက်အပါအဝင် မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ အခြားစစ်ဘက်သုံး ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်မှာ အထိနာနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ်တွေကိုပါမကျန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာကို ပိုမိုအသုံးပြုတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ (၁၁)ရက်နေ့ကနေ (၁၇)ရက်နေ့အထိ (၇)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၂၈)ဦးသေဆုံးပြီး (၄၅)ဦးနဲ့အထက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲထဲ တောင်ပိုင်းစစ်ဒေသ၊ PDF၊ KNU/KNLA အပါအဝင် အခြားတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 17 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 17 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ
မြန်မာသတင်း

ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်ဖို့ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 18 Views
ဧပြီလ (၂၁)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ရက် (၁၀၀)မှာ PDF
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 30 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က