နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ်ခ် နှင့် DOGE တို့သည် USAID ကို ပိတ်ရန် ကြိုးပမ်းမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသဖြင့် အေဂျင်စီကို ပြန်လည်ဖွင့်လှစ်ရမည်ဟု တရားသူကြီးက အမိန့်ချမှတ်လိုက်သည်။

မတ်လ (၁၉) ရက်။

DOGE သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို နည်းလမ်းများစွာဖြင့် ချိုးဖောက်ဖွယ်ရှိသည်ဟု ဆိုကာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန်အေဂျင်စီစနစ်များကို ပြန်လည်ဖွင့်လှစ်ရန် ပြည်ထောင်စုတရားသူကြီးက အစိုးရအား မတ်လ (၁၈) ရက်နေ့က အမိန့်ပေးခဲ့သည်။

အမေရိကန် ခရိုင်တရားသူကြီး သီအိုဒိုးဒီချန်း (Theodore D. Chuang) မတ်စ်ခ်၏ အစိုးရစွမ်းရည်မြှင့်တင်ရေးဌာနကို USAID ဝန်ထမ်းများနှင့် ကန်ထရိုက်တာများအားလုံးအတွက် အီးမေးလ်၊ ငွေပေးချေမှု၊ လုံခြုံရေးသတိပေးချက်နှင့် အခြားအီလက်ထရွန်နစ်စနစ်များကို အသုံးပြုခွင့် ပြန်လည်ပေးအပ်ရန် အမိန့်ပေးခဲ့သည်။ တရားရုံးကို ခုနစ်ရက်အတွင်း လိုက်နာမှုရှိကြောင်းကို စာရေးသားပေးပို့၍ အတည်ပြုချက်ပေးရန် ဌာနအား အမိန့်ပေးခဲ့သည်။

“ တရားခံများဘက်မှ ၁၄ ရက်အတွင်း USAID ၏ မူလနေရာတွင် USAID ရုံးချုပ်အား ပြန်လည်လုပ်ကိုင် နိုင်စေရေးကို သေချာစေရန် လိုအပ်သည့်ပါတီများအကြား စာဖြင့်ရေးသားထားသော သဘောတူညီချက်ကို ရယူရန် တရားရုံးသည် အမိန့်ထုတ်ပြန်ခဲ့သည်။

USAID မှ တရားဝင် အခွင့်အာဏာရှိသည့် USAID အရာရှိတစ်ဦး၏ အမြန်ခွင့်ပြုချက်မရှိဘဲ USAID နှင့် ပတ်သက်၍ မည်သည့်အရေးယူမှုမှ မလုပ်ရန် DOGE နှင့် မတ်စ်ခ်အား အမိန့်ပေးခဲ့သည်။

DOGE နှင့် မတ်စ်ခ်တို့သည် “ USAID ကို အဆောတလျင်ပိတ်ပစ်မှုတွင် အဓိကတာဝန်ရှိသောကြောင့်” တားဆီးမိန့်ကို ထုတ်ပြန်ခဲ့ရသည်ဟု ချန်းမှရေးသားခဲ့သည်။

“ DOGE သည် အေဂျင်စီခေါင်းဆောင်ပိုင်းမှ ထင်ရှားသော အဆင့်မြင့်ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ခဲ့သည်” ဟု ချန်းက ပြောကြားခဲ့သည်။

အင်္ဂါနေ့ညက ထုတ်လွှင့်တဲ့ Fox News အင်တာဗျူးမှာ ထရန့်က စီရင်ချက်ကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့ပြီး သူ့အစိုးရအနေနဲ့ အယူခံဝင်မယ်” ဟု ပြောဆိုထားသည်။

“ ငါတို့အယူခံဝင်မယ်ဆိုတာကို ငါမင်းကို အာမခံတယ်။ ငါတို့တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ မိုက်မဲတဲ့တရားသူကြီးတွေ ရှိနေတယ်” ဟု ထရန့်ကဆိုသည်။

မတ်စ်ခ်သည် ၎င်းစီရင်ချက်ကို ဝေဖန်သည့် X ပို့စ်တစ်ခုတွင် ယင်းတရားသူကြီးသည် ဒီမိုကရက်တစ်ဖက်မှ ခန့်အပ်ထားသူဖြစ်ပြီး ပါတီစွဲ စီရင်ချက်ဖြစ်ကြောင်း မှတ်ချက်ပေးပြီး “(ထရန့်ပြောဆိုချက်သည်) အမှန်ပင်” ဖြစ်သည်ဟု ရေးသားခဲ့သည်။

ပါတီများသည် ဝန်ထမ်းများအား အလုပ်မှရပ်စဲခြင်း၊ ခွင့်ရက်ပေးထားခြင်း၊ USAID အဆောက်အအုံများ ပိတ်ခြင်း သို့မဟုတ် ဝန်ဆောင်မှုစာချုပ်များကို ရပ်ဆိုင်းခြင်း မပြုနိုင်ကြောင်း အမိန့်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ဘီလျံနာနှင့် အကြံပေးပုဂ္ဂိုလ် မတ်စ်ခ်သည် ဇန်နဝါရီလတွင် ထရန့် ၏ကျမ်းသစ္စာကျိန်ဆိုပွဲပြီးနောက် ၎င်းကို ထရန့်မှ DOGE ၏ တာဝန်ခံအဖြစ် ခန့်အပ်ခဲ့သည်။ ရက်သတ္တပတ်များအကြာတွင် USAID ကို ပိတ်ပစ်ရန် စီစဉ်ထားကြောင်း သူက X ပို့စ်တွင် ကြေညာခဲ့သည်။

ဝန်ထမ်းများအား ခွင့်ပေးထားကာ ကမ္ဘာတစ်ဝှမ်းရှိ ပရောဂျက်များတွင် အလုပ်မဆင်းရန် အမိန့်ထုတ်ကာ အချို့သော အစိုးရဝန်ထမ်းများအား ပြည်ပနိုင်ငံများတွင် စွန့်ပစ်ထားခဲ့သည်။

USAID ၏ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးဆိုင်ရာ လက်ထောက်စီမံခန့်ခွဲသူဟောင်း နစ်အန်ရစ် (Nick Enrich) က သူ၏ပြီးခဲ့သည့်လက မှတ်စုတိုတွင် အကူအညီ မရရှိပါက သေဆုံးကြမည်ကို ကြိုတင်ကာကွယ်နိုင်လျက်သားနှင့် ဆုံးဖြတ်ခဲ့ခြင်းကို သံသယ ဖြစ်ဖွယ်မရှိဟု ရေးသားခဲ့သည်။

“ အသက်ကယ်လူသားချင်းစာနာထောက်ထားမှုအကူအညီများ အကောင်အထည်ဖော်ရန် လိုအပ်သောငွေကြေးထောက်ပံ့မှုများအားလုံးကို ဖေဖော်ဝါရီ ၂၇ ရက်မတိုင်မီ သို့မဟုတ် ရပ်ဆိုင်းခဲ့သည်” ဟု NBC News မှ ရရှိသောမှတ်စုတိုတွင် ပြောကြားခဲ့သည်။ “USAID ရန်ပုံငွေနှင့် ထောက်ပံ့မှု ဆုံးရှုံးခြင်းကြောင့် သေဆုံးရသည့် အရေအတွက်ကို ယခုအချိန်တွင် မသိရသေးပါ”ဟု ဆိုသည်။

မှတ်စုတိုပေးပို့ပြီးသည့်နောက် အန်ရစ် (Enrich) အား အလုပ်မှခွင့်ပေးလိုက်သည်။

တနင်္လာနေ့တွင် အမျိုးသားလုံခြုံရေး အရာရှိဟောင်း ၂၂ ဦးသည် USAID ရန်ပုံငွေအတွက် အမျိုးသားအကျိုးစီးပွား အကျိုးခံစားခွင့်ကိုယ်စား မတူညီသော တရားရုံးတွင် အကျဉ်းချုံးတင်ပြခဲ့သည်။ “အစုလိုက်အပြုံလိုက် စာချုပ်တွေကို ဖျက်သိမ်းတာဟာ အမေရိကန်ကို ယုံကြည်ကိုးစားမှု ပျက်ပြားစေတယ်” ဟု ရေးသားခဲ့ပါသည်။

“တရားစွဲခံထားရသူ (အစိုးရ) ရဲ့ အရှိန်အဟုန်နဲ့ လုပ်ဆောင်မှုတွေက ကမ္ဘာတစ်ဝှမ်းလုံးရှိ လိုအပ်နေတဲ့နေရာတွေမှာ လစ်ဟာမှုတွေကို ဖန်တီးခဲ့ပြီး သြဇာလွှမ်းမိုးမှုကို လက်လွှတ်လိုက်ရပါတယ်။ တရုတ်နဲ့ ရုရှားတို့အတွက် လစ်ဟာသွားတဲ့ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်” ဟု အကျဉ်းချုံးက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 25 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 18 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို