နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“ဘာကြောင့် မတ်စ်က အဲ့ဒီနေရာမှာ ရှိနေရတာလဲ” ထရန့် ဒေါသထွက်နေ

ပြီးခဲ့တဲ့လက တရုတ်နိုင်ငံနဲ့ စစ်ပွဲပြင်ဆင်ရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက တက်စလာအမှုဆောင်အရာရှိချုပ် (CEO) အီလွန်မတ်အက်စ်ကို ထပ်မံရှင်းလင်းမယ့်အစီအစဉ်ကို သမ္မတဒေါ်နယ်ထရန့်ရဲ့ ညွှန်ကြားမှုနဲ့ ဖျက်သိမ်းလိုက်တယ်လို့ ထရန့်အစိုးရဲ့ရဲ့ ထိပ်တန်းအရာရှိတစ်ဦးကို ကိုးကားပြီး Axios သတင်းဌာနက ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

အရင်က ထရမ့်အစိုးရဟာ အဲ့လိုအစီအစဉ်ရှိမျိုး မရှိဘူးလို့ ငြင်းဆိုခဲ့ပေမယ့် အခုအခါ အကြီးတန်းအရာရှိတစ်ဦးက အဲ့ဒီရှင်းလင်းပွဲကို ထရန့်က ဖျက်သိမ်းလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့အကြား လက်ရှိအကောက်ခွန်စစ်ပွဲတွေ ဖြစ်ညချိန်မှာ အချို့က ထရန့်နဲ့ မတ်စ်တို့ ဝေးကွာနေပြီလို့ ထင်ကြေးပေးနေကြပါတယ်။

သတင်းတွေအရ သမ္မတထရန့်ဟာ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေး

ဌာန (DOGE) ရဲ့ အကြီးအကဲ မတ်စ်ဟာ တရုတ်နဲ့ တိုက်ခိုက်မယ့် အမေရိကန်စစ်ရေးအစီအစဉ် “Plan O” ဆိုတဲ့ အစီအစဉ်နှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနထံက ရှင်းလင်းချက်တစ်ခု လက်ခံရယူရန် စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့လ ၂၁ ရက်နေ့မှာ သမ္မတထရန့် ကြားသိသွားတယ်လို့ ဆိုပါတယ်။ ဒါကိုကြားတော့ ထရန့်က ဒေါသတကြီးနဲ့ “အီလွန်က အဲ့ဒီနေရာမှာ ဘာကြောင့်ရှိနေရမှာလဲ။ သူ့ကို ပေးမလာနဲ့” လို့ပြောပြီး အဲ့ဒီ ရှင်းလင်းမယ့် အစီအစဉ်ကို ရပ်ခိုင်းလိုက်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ရှင်းလင်းမယ့်အစီအစဉ်မှာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုနဲ့ အချက်ပြမှုများ၊ အမေရိကန် စစ်ရေးတုံ့ပြန်မှု ရွေးချယ်မှုများ၊ တိုက်ခိုက်မှု ပစ်မှတ်များနဲ့ အကောင်အထည်ဖော်မယ့်အချိန် တွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ ပြင်ပကို အဲ့ဒီအချက်အလက်တွေ ပေါက်ကြားပါက အမေရိကန်စစ်တပ်ရဲ့ ဗျူဟာကို ကြီးကြီးမားမား ထိခိုက်စေနိုင်တဲ့အတွက် ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးပီဟက်ဆက် (Pete Hegseth) ဟာ ပင်တဂွန်စစ်ဌာနချုပ်က အကြီးတန်းအရာရှိနှစ်ဦးဖြစ်တဲ့ အကြံပေးအရာရှိချုပ်ဒန်ကာဝယ်လ် (Dan Caldwell) နဲ့ ဒုအရာရှိချုပ် ဒါရင်ဆဲလ်နစ် (Darin Selnick) တို့ကို ထိပ်တန်းလျှို့ဝှက်အချက်အလက် ပေါက်ကြာမှုအတွက် ရာထူးမှ ဆိုင်းငံ့ထားတယ်လို့ Axios က သတင်းဖော်ပြခဲ့ပါတယ်။

အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက “သမ္မတထရန့်က အီလွန်ကို ချစ်နေတုန်းပဲ၊ ဒါပေမယ့် သူတို့အကြားမှာ အနီရောင်မျဉ်းတော့ ရှိတယ်။” “အီလွန်က တရုတ်နိုင်ငံမှာ စီးပွားရေးတွေ အများကြီးလုပ်ထားပြီး တရုတ်နဲ့ ဆက်ဆံရေးကောင်းတဲ့အတွက် ဒီလို စစ်ရေးအချက်တွေကို သူ့ကို ရှင်းပြတာဟာ မသင့်လျော်ပါဘူး။” လို့ ဆိုပါတယ်။

ဆိုလိုတာကတော့ တရုတ်လိုလားသူလို့ အမြင်ခံရတဲ့ မတ်စ်ဟာ တရုတ်နိုင်ငံအတွက် စစ်ရေး အစီအစဉ်တွေအကြောင်း သိသွားရင် လျှို့ဝှက်အချက်အလက်တွေ ပေါက်ကြားမှုနဲ့ အကျိုးစီးပွားပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အတွက်ပါ။

တက်စလာရဲ့ EV လျှပ်စစ်ကား တပ်ဆင်စက်ရုံဟာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ တည်ရှိပြီး တက်စလာရဲ့ အလွန်ကြီးမားတဲ့စက်ရုံကြီးဟာ ကုမ္ပဏီရဲ့ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုရဲ့ ထက်ဝက်ကို ထုတ်လုပ်နေပါတယ်။ မတ်စ်ဟာ အလွန်ကြီးမားတဲ့စက်ရုံကြီး တည်ဆောက်ဖို့ တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့ဘဏ်တွေကနေ အနည်းဆုံး ဒေါ်လာ ၁.၄ ဘီလီယံ ချေးငွေတွေ ရရှိထားပါတယ်။ တကယ်တော့ အီလွန်မတ်စ်ဟာ တရုတ်ကွန်မြူနစ်ပါတီအပေါ် ဖော်ရွေတဲ့ သဘောထားရှိကြောင်း ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့လက နယူးယောက်တိုင်း(မ)စ် (New York Times) က မတ်စ်ကို တရုတ်နဲ့ စစ်ဖြစ်မယ့် အစီအစဉ်အကြောင်း အကျဉ်းချုံးတင်ပြခဲ့တယ်လို့ ဖော်ပြခဲ့တဲ့အချိန်မှာ သမ္မတထရန့်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က သတင်းအတုဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အဲ့ဒီလို အစီအစဉ် မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ မတ်စ်ဟာ ပြီးခဲ့တဲ့လ ၂၁ ရက်နေ့မှာ စီစဉ်ထားသည့်အတိုင်း ပင်တဂွန်ကို သွားရောက်ခဲ့ပြီး အတွင်းဝန်ဟက်ဆက်နဲ့ တွေ့ဆုံခဲ့ပေမဲ့ တရုတ်နဲ့ ပတ်သက်တဲ့ အစီအစဉ်ကို ရှင်းလင်းပြသတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာ ဒီရှင်းလင်းပွဲကို ဘာကြောင့် ဖျက်သိမ်းခဲ့ရတယ်ဆိုတာကို အတည်မပြုနိုင်သေးပေမဲ့ အခုအခါ ထရန့်ရဲ့ ညွှန်ကြားချက်နဲ့ ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။

အထူးသဖြင့် အမေရိကန်ဟာ တရုတ်နိုင်ငံနဲ့ စည်းကြပ်ခွန်စစ်ပွဲမှာ ပါဝင်နေချိန် အမေရိကန်အစိုးရအရာရှိတစ်ဦးဆီက ထွက်ပေါ်လာတာကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။ အချို့က ထရန့်အစိုးရဟာ မတ်စ်နဲ့ သူ့ရဲ့တရုတ်လိုလားတဲ့ ရပ်တည်ချက်ကြောင့် မတ်စ်ကို ဖယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ထင်မြင်နေကြပါတယ်။

မကြာသေးမီက မတ်စ်ဟာ အစိုးရစွမ်းရည်မြှင့်တင်ရေးဌာနရဲ့ အကြီးအကဲအဖြစ်က စောစောစီးစီး ရာထူးမှ နုတ်ထွက်နိုင်ခြေလည်း ထွက်ပေါ်လာပါတယ်။ ဧပြီလ (၂) ရက်နေ့မှာ အမေရိကန်နိုင်ငံရေးမီဒီယာ Politico က သတင်းရင်းမြစ်များစွာကို ကိုးကားပြီး “သမ္မတ ထရန့်ဟာ သူ့ရဲ့လက်ထောက်တွေကို လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း မတ်စ်ဟာ DOGE က နုတ်ထွက်ပြီး တက်စလာရဲ့ စီမံခန့်ခွဲမှုဆီကို ပြန်သွားမယ်လို့ ပြောဆိုခဲ့တယ်” လို့ ရေးသားခဲ့ပါတယ်။

မတ်စ်ရဲ့ ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုအပေါ် ထရန့် အစိုးရအတွင်းမှာ မကျေနပ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက