နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“ ဘာကြောင့် မတ်စ်က အဲ့ဒီနေရာမှာ ရှိနေရတာလဲ” ထရန့် ဒေါသထွက်နေ

ပြီးခဲ့တဲ့လက တရုတ်နိုင်ငံနဲ့ စစ်ပွဲပြင်ဆင်ရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက တက်စလာအမှုဆောင်အရာရှိချုပ် (CEO) အီလွန်မတ်အက်စ်ကို ထပ်မံရှင်းလင်းမယ့်အစီအစဉ်ကို သမ္မတဒေါ်နယ်ထရန့်ရဲ့ ညွှန်ကြားမှုနဲ့ ဖျက်သိမ်းလိုက်တယ်လို့ ထရန့်အစိုးရဲ့ရဲ့ ထိပ်တန်းအရာရှိတစ်ဦးကို ကိုးကားပြီး Axios သတင်းဌာနက ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

အရင်က ထရမ့်အစိုးရဟာ အဲ့လိုအစီအစဉ်ရှိမျိုး မရှိဘူးလို့ ငြင်းဆိုခဲ့ပေမယ့် အခုအခါ အကြီးတန်းအရာရှိတစ်ဦးက အဲ့ဒီရှင်းလင်းပွဲကို ထရန့်က ဖျက်သိမ်းလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့အကြား လက်ရှိအကောက်ခွန်စစ်ပွဲတွေ ဖြစ်ညချိန်မှာ အချို့က ထရန့်နဲ့ မတ်စ်တို့ ဝေးကွာနေပြီလို့ ထင်ကြေးပေးနေကြပါတယ်။

သတင်းတွေအရ သမ္မတထရန့်ဟာ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေး

ဌာန (DOGE) ရဲ့ အကြီးအကဲ မတ်စ်ဟာ တရုတ်နဲ့ တိုက်ခိုက်မယ့် အမေရိကန်စစ်ရေးအစီအစဉ် “ Plan O” ဆိုတဲ့ အစီအစဉ်နှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနထံက ရှင်းလင်းချက်တစ်ခု လက်ခံရယူရန် စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့လ ၂၁ ရက်နေ့မှာ သမ္မတထရန့် ကြားသိသွားတယ်လို့ ဆိုပါတယ်။ ဒါကိုကြားတော့ ထရန့်က ဒေါသတကြီးနဲ့ “ အီလွန်က အဲ့ဒီနေရာမှာ ဘာကြောင့်ရှိနေရမှာလဲ။ သူ့ကို ပေးမလာနဲ့” လို့ပြောပြီး အဲ့ဒီ ရှင်းလင်းမယ့် အစီအစဉ်ကို ရပ်ခိုင်းလိုက်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ရှင်းလင်းမယ့်အစီအစဉ်မှာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုနဲ့ အချက်ပြမှုများ၊ အမေရိကန် စစ်ရေးတုံ့ပြန်မှု ရွေးချယ်မှုများ၊ တိုက်ခိုက်မှု ပစ်မှတ်များနဲ့ အကောင်အထည်ဖော်မယ့်အချိန် တွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ ပြင်ပကို အဲ့ဒီအချက်အလက်တွေ ပေါက်ကြားပါက အမေရိကန်စစ်တပ်ရဲ့ ဗျူဟာကို ကြီးကြီးမားမား ထိခိုက်စေနိုင်တဲ့အတွက် ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးပီဟက်ဆက် (Pete Hegseth) ဟာ ပင်တဂွန်စစ်ဌာနချုပ်က အကြီးတန်းအရာရှိနှစ်ဦးဖြစ်တဲ့ အကြံပေးအရာရှိချုပ်ဒန်ကာဝယ်လ် (Dan Caldwell) နဲ့ ဒုအရာရှိချုပ် ဒါရင်ဆဲလ်နစ် (Darin Selnick) တို့ကို ထိပ်တန်းလျှို့ဝှက်အချက်အလက် ပေါက်ကြာမှုအတွက် ရာထူးမှ ဆိုင်းငံ့ထားတယ်လို့ Axios က သတင်းဖော်ပြခဲ့ပါတယ်။

အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက “ သမ္မတထရန့်က အီလွန်ကို ချစ်နေတုန်းပဲ၊ ဒါပေမယ့် သူတို့အကြားမှာ အနီရောင်မျဉ်းတော့ ရှိတယ်။” “ အီလွန်က တရုတ်နိုင်ငံမှာ စီးပွားရေးတွေ အများကြီးလုပ်ထားပြီး တရုတ်နဲ့ ဆက်ဆံရေးကောင်းတဲ့အတွက် ဒီလို စစ်ရေးအချက်တွေကို သူ့ကို ရှင်းပြတာဟာ မသင့်လျော်ပါဘူး။” လို့ ဆိုပါတယ်။

ဆိုလိုတာကတော့ တရုတ်လိုလားသူလို့ အမြင်ခံရတဲ့ မတ်စ်ဟာ တရုတ်နိုင်ငံအတွက် စစ်ရေး အစီအစဉ်တွေအကြောင်း သိသွားရင် လျှို့ဝှက်အချက်အလက်တွေ ပေါက်ကြားမှုနဲ့ အကျိုးစီးပွားပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အတွက်ပါ။

တက်စလာရဲ့ EV လျှပ်စစ်ကား တပ်ဆင်စက်ရုံဟာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ တည်ရှိပြီး တက်စလာရဲ့ အလွန်ကြီးမားတဲ့စက်ရုံကြီးဟာ ကုမ္ပဏီရဲ့ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုရဲ့ ထက်ဝက်ကို ထုတ်လုပ်နေပါတယ်။ မတ်စ်ဟာ အလွန်ကြီးမားတဲ့စက်ရုံကြီး တည်ဆောက်ဖို့ တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့ဘဏ်တွေကနေ အနည်းဆုံး ဒေါ်လာ ၁.၄ ဘီလီယံ ချေးငွေတွေ ရရှိထားပါတယ်။ တကယ်တော့ အီလွန်မတ်စ်ဟာ တရုတ်ကွန်မြူနစ်ပါတီအပေါ် ဖော်ရွေတဲ့ သဘောထားရှိကြောင်း ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့လက နယူးယောက်တိုင်း(မ)စ် (New York Times) က မတ်စ်ကို တရုတ်နဲ့ စစ်ဖြစ်မယ့် အစီအစဉ်အကြောင်း အကျဉ်းချုံးတင်ပြခဲ့တယ်လို့ ဖော်ပြခဲ့တဲ့အချိန်မှာ သမ္မတထရန့်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က သတင်းအတုဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အဲ့ဒီလို အစီအစဉ် မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ မတ်စ်ဟာ ပြီးခဲ့တဲ့လ ၂၁ ရက်နေ့မှာ စီစဉ်ထားသည့်အတိုင်း ပင်တဂွန်ကို သွားရောက်ခဲ့ပြီး အတွင်းဝန်ဟက်ဆက်နဲ့ တွေ့ဆုံခဲ့ပေမဲ့ တရုတ်နဲ့ ပတ်သက်တဲ့ အစီအစဉ်ကို ရှင်းလင်းပြသတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာ ဒီရှင်းလင်းပွဲကို ဘာကြောင့် ဖျက်သိမ်းခဲ့ရတယ်ဆိုတာကို အတည်မပြုနိုင်သေးပေမဲ့ အခုအခါ ထရန့်ရဲ့ ညွှန်ကြားချက်နဲ့ ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။

အထူးသဖြင့် အမေရိကန်ဟာ တရုတ်နိုင်ငံနဲ့ စည်းကြပ်ခွန်စစ်ပွဲမှာ ပါဝင်နေချိန် အမေရိကန်အစိုးရအရာရှိတစ်ဦးဆီက ထွက်ပေါ်လာတာကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။ အချို့က ထရန့်အစိုးရဟာ မတ်စ်နဲ့ သူ့ရဲ့တရုတ်လိုလားတဲ့ ရပ်တည်ချက်ကြောင့် မတ်စ်ကို ဖယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ထင်မြင်နေကြပါတယ်။

မကြာသေးမီက မတ်စ်ဟာ အစိုးရစွမ်းရည်မြှင့်တင်ရေးဌာနရဲ့ အကြီးအကဲအဖြစ်က စောစောစီးစီး ရာထူးမှ နုတ်ထွက်နိုင်ခြေလည်း ထွက်ပေါ်လာပါတယ်။ ဧပြီလ (၂) ရက်နေ့မှာ အမေရိကန်နိုင်ငံရေးမီဒီယာ Politico က သတင်းရင်းမြစ်များစွာကို ကိုးကားပြီး “ သမ္မတ ထရန့်ဟာ သူ့ရဲ့လက်ထောက်တွေကို လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း မတ်စ်ဟာ DOGE က နုတ်ထွက်ပြီး တက်စလာရဲ့ စီမံခန့်ခွဲမှုဆီကို ပြန်သွားမယ်လို့ ပြောဆိုခဲ့တယ်” လို့ ရေးသားခဲ့ပါတယ်။

မတ်စ်ရဲ့ ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုအပေါ် ထရန့် အစိုးရအတွင်းမှာ မကျေနပ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားနိုင်ငံကို တန်ပြန်ရန် လစ်သူယေးနီးယားသို့ ဂျာမန်တပ်ဖွဲ့များ စေလွှတ်

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 16 Views
မေလ (၂၃) ရက်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားနိုင်ငံကို တန်ပြန်ရန် ပထမဆုံးအကြိမ် လစ်သူယေးနီးယားနိုင်ငံသို့ ဂျာမန်တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။ ဂျာမန်တပ်များသည် လစ်သူယေးနီးယားနိုင်ငံ
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများကို ကျောင်းလက်ခံနိုင်မှုအား တားမြစ်လိုက်ပြီး လက်ရှိ ကျောင်းသားများကို လွှဲပြောင်းပေးရန် တောင်းဆို၊ ဟားဗတ်တက္ကသိုလ်က ပြန်လည်တရားစွဲ

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 16 Views
မေလ (၂၃) ရက်။ ထရန့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများကို ကျောင်းလက်ခံနိုင်မှုအား ရုပ်သိမ်းလိုက်သည်။ တက္ကသိုလ်နှင့်ပတ်သက်၍ အစိုးရမှ တောင်းဆိုသော မူဝါဒအပြောင်းအလဲများကို ငြင်းဆန်သည့်အခါမှ စတင်ခဲ့သော တက္ကသိုလ်နှင့် ထရန့်အစိုးရတို့၏ ပဋိပက္ခသည် ပိုမိုနက်ရှိုင်းလာသည်။ “
နိုင်ငံတကာသတင်း အမေရိကန်

ဒီတစ်နှစ်အတွင်း အမေရိကန်မှာ သဌေးတွေ ပိုပြီး ချမ်းသာသွားပြီ။ ထက်ဝက်ကျော် အီလွန်မတ်အက်စ်ဆီ ရောက်သွား

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 37 Views
++++++++++++++++++++++++ မေလ (၂၂) ရက်။ အမေရိကန်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးသည် ပြီးခဲ့သောနှစ်တွင် ၎င်းတို့၏ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၅၃ ထရီလီယံ တိုးလာခဲ့ပြီး ထက်ဝက်ကျော်သည် အီလွန်မတ်စ်ဆီသို့ ရောက်သွားခဲ့သည်။ ရေတိုဈေးကွက် ကမောက်ကမ
နိုင်ငံတကာသတင်း အာရှ

ဆန်တစ်ခါမှ မဝယ်ဖူးဘူးလို့ ပြောခဲ့တဲ့ ဂျပန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး နှုတ်ထွက်

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 42 Views
မေလ (၂၁) ရက်။ စိုက်ပျိုးရေးဝန်ကြီးအသစ်အဖြစ် “ ကိုအိဇူမီ” ကို အစားထိုးခန့်အပ် စိုက်ပျိုးရေးဝန်ကြီးအသစ်က “ ကိုအိဇူမီ” က ဝယ်လိုအားရှိပါက သိုလှောင်ထားတဲ့ ဆန်ပမာဏ အကန့်အသတ်မရှိ ပံ့ပိုးပေးမယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
နည်းပညာ နိုင်ငံတကာသတင်း ရာသီဥတု

ကမ္ဘာ့ရေခဲလွှာများပျော်ကျလာသည့်အတွက် ကမ်းရိုးတမ်းများသည် ရေမြုပ်မည့် အန္တရာယ်ကျရောက်လာမည်။

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 27 Views
ကမ္ဘာ့ရေခဲလွှာများသည် ပျော်ကျပျောက်ကွယ်သွားတော့မည့် ဆိုးရွားသော ကြိုတင်ခန့်မှန်းချက်တစ်ခုကို ရရှိထားပြီး ကမ်းရိုးတန်းများသည် ယင်းအတွက် ခံစားရတော့မည်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီစင်တီဂရိတ်အတွင်း ထိန်းထားနိုင်သော်လည်း ကမ္ဘာ့ရေခဲလွှာများပျော်ကျနေခြင်းသည် ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်လာပြီး ကမ်းရိုးတန်းများဆီသို့ “ ကပ်ဆိုးကြီး” ရွှေ့ပြောင်းရောက်ရှိလာခြင်းများကို ဖြစ်ပေါ်စေမည်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်ကို မလိုအပ်ကြောင်း ပူတင်က ပုံစံအမျိုးမျိုးနဲ့ ပြသနေ

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 27 Views
ထရန့်အဆိုပြုခဲ့သည့် ခြွင်းချက်မရှိ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းနှင့် ဥရောပမဟာမိတ်များက ထောက်ခံခဲ့ကြပြီး ပူတင်အတွက်ဖိအားပေးမှုဖြစ်လာခဲ့သည်။ ပူတင်ကမည်ကဲ့သို့ တုံ့ပြန်မည်အပေါ် မှုပေါ် မူတည်၍ နှစ်ပတ် သို့မဟုတ် သုံးလကြာ အပစ်အခတ်ရပ်စဲရေးကို တည်ဆောက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

မြန်မာတဦးနှင့် ဗီယက်နမ်တဦးကို ထရန့်အစိုးရမှ တောင်ဆူဒန်သို့ ပို့ဆောင်ပြည်နှင်ဒဏ်ပေးခဲ့

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 39 Views
မေလ (၂၁) ရက်။ စစ်ဘေးသင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးထားသော ရွှေ့ပြောင်းနေထိုင်သူများကို ‘အစိုးရထိန်းသိမ်းမှုအောက်တွင်’ ဆက်လက်ထားရှိရန် ထရန့်အစိုးရကို တရားသူကြီး အမိန့်ပေးခဲ့သည်။ ရွှေ့ပြောင်းအခြေချများ၏ ရှေ့နေများက တောင်ဆူဒန်မှမဟုတ်သည့်သူများကို ထိုနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းသည် တရားရုံးအမိန့်ကို ဖောက်ဖျက်ကြောင်း ထောက်ပြခဲ့ကြပြီး