နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်က ရှေ့ကို ဆက်သွားသင့်တယ်လို့ ရူဘီယိုပြော

ဧပြီလ (၁၉) ရက်။

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်အနေနဲ့ သူ့ရဲ့ ကြိုးပမ်းမှုတွေကို အဆုံးသတ်ပြီး ရှေ့ဆက်ဖို့ လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရုဘီယိုက ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

“ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ရှေ့ဆက်သွားရမှာ” ဟု ပါရီမှ မထွက်ခွာမီ ရူဘီယိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ “ဒါက ဖြစ်နိုင်ချေရှိမရှိ မြန်မြန်ဆုံးဖြတ်ဖို့ လိုပါတယ်၊ ကျွန်တော် ပြောနေတာ ရက်ပိုင်းဆိုတဲ့ အတိုင်းအတာနဲ့ ပြောတာပါ” လို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။

ရူဘီယိုနဲ့ စတီ့ဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့ဟာ ထရမ့်အစိုးရက ယူကရိန်းအား ရုရှားကျူးကျော်စစ်ကို အဆုံးသတ်ဖို့ ကြိုးပမ်းနေချိန်မှာ ဥရောပမဟာမိတ်တွေနဲ့ ယူကရိန်းတို့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အဆိုအရ အမေရိကန်ပြည်ထောင်စုက ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်၏ အကြမ်းဖျင်းကို အစည်းအဝေးမှာ “အပြုသဘောဆောင်တဲ့အမြင်တွေကို” လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရူဘီယိုဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် (Sergei Lavrov) နဲ့လည်း တွေ့ဆုံခဲ့ပြီး အလားတူ အချက်များကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

သူနဲ့ ဝစ်ကော့ဖ်တို့ စစ်ပွဲကို အဆုံးသတ်ဖို့ လိုအပ်တဲ့ ပိုမိုခိုင်မာတဲ့ မူဘောင်တစ်ရပ်ကို စတင်ဆွေးနွေးဖို့ စတင်ခဲ့ပြီး စစ်ပွဲကို အဆုံးသတ်နိုင်ချေရှိမရှိ ဆုံးဖြတ်ဖို့ ပါရီကို လာရောက်ခဲ့ကြတာလို့

ရူဘီယိုက ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “တကယ်လို့ ဒါက မဖြစ်နိုင်ဘူး၊ အခြေအနေတွေက အရမ်းကွာဟလွန်းရင် ဖြစ်လာမှာ မဟုတ်ဘူးဆိုရင် သမ္မတက “ပြီးသွားပြီ” လို့ ပြောမယ့်အဆင့်ကို ရောက်နေပြီလို့ ကျွန်တော် ထင်တယ်။” လို့ ရှင်းပြခဲ့ပါတယ်။

“ဒါက ကျွန်တော်တို့ရဲ့ စစ်ပွဲမဟုတ်ပါဘူး။ စစ်ပွဲကို စခဲ့တာဟာ အမေရိကန် မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ သုံးနှစ်တာ အမေရိကန်ကယူကရိန်းကို ထောက်ပံ့ပေးခဲ့ပြီး ဒီစစ်ပွဲကို အဆုံးသတ်ချင်ပေမယ့် ဒါက ကျွန်တော်တို့ရဲ့ စစ်ပွဲမဟုတ်ဘူး” လို့ သူက ပြောကြားခဲ့ပါတယ်။

“သမ္မတထရန့်အနေနဲ့ ဒီစစ်ပွဲကိုအဆုံးသတ်ဖို့ သူ့အစိုးရရဲ့ အမြင့်ဆုံးအဆင့်မှာတွင် ၈၇ ရက်ကြာအလုပ်လုပ်ခဲ့ပါတယ်” လို့ ရူဘီယိုက ပြောကြားခဲ့ပါတယ်။ “ဒါက ဖြစ်နိုင်ချေ ရှိမရှိ ဆုံးဖြတ်ရမယ့် အခြေအအမ်ကို ရောက်နေပါပြီ။ အဲဒါကြောင့် ကျွန်တော်တို့ဟာ နှစ်ဖက်စလုံးနဲ့ အဆက်အသွယ် လုပ်နေရတာပါ” လို့ သူက ထပ်မံပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ခါကိ့ဗ် (Kharkiv) မြို့ရှိ လူနေရပ်ကွက်တစ်ခုကို ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး ၆၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ တိုက်ခန်းအပျက်အစီးတွေအောက်မှာ လူအများအပြား ပိတ်မိနေနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို/Julien de Rosa/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက