နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

အစိုးရအဆောက်အအုံကို ထိမှန်သည့် ရုရှားဒုံးကျည်တွင် အမေရိကန်နှင့် ဥရောပလုပ် အစိတ်အပိုင်းများ အပြည့်ပါဝင်ဟု ယူကရိန်းပြော

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်

တနင်္ဂနွေနေ့က ကိဗ်မြို့လယ်ရှိ အစိုးရအဆောက်အအုံတစ်ခုကို ထိမှန်ခဲ့သည့် ရုရှား ခရုစ်ဒုံးကျည်တစ်စင်းတွင် အမေရိကန်နိုင်ငံလုပ် ချစ်ပ်ပြားများနှင့် အခြားအီလက်ထရောနစ် အစိတ်အပိုင်းများ အပါအဝင် နိုင်ငံခြားလုပ် အစိတ်အပိုင်း ဒါဇင်ပေါင်းများစွာ ပါဝင်ခဲ့ကြောင်း ယူကရိန်းအရာရှိများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံကို ထိမှန်ခဲ့သည့် Iskander 9M727 ဒုံးကျည်သည် ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကြောင့် ပျက်စီးသွားဖွယ်ရှိသဖြင့် ပေါက်ကွဲခဲ့ခြင်း မရှိကြောင်း ယူကရိန်း၏ ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ မူဝါဒအတွက် သမ္မတ၏ ကိုယ်စားလှယ် ဖြစ်သူ ဗလာဒီဆလပ် ဗလာဆီယွတ် (Vladyslav Vlasiuk) က အင်္ဂါနေ့တွင် ပြောကြား ခဲ့သည်။

ဗလာဆီယွတ်သည် ပျက်စီးသွားသော ဒုံးကျည်၏ ဓာတ်ပုံများနှင့်အတူ အလားတူ ဒုံးကျည် အမျိုးအစားများတွင် ယခင်က တွေ့ရှိခဲ့ဖူးသည့် အစိတ်အပိုင်းများ စာရင်းကိုလည်း ထုတ်ပြန် ခဲ့သည်။

အဆိုပါ စာရင်းတွင် Texas Instruments၊ Analog Devices၊ Altera နှင့် အခြားကုမ္ပဏီများ အပါအဝင် အမေရိကန်ကုမ္ပဏီများမှ ထုတ်လုပ်သော အစိတ်အပိုင်း ၃၅ မျိုး ပါဝင်ပြီး ဂျပန်၊ ဗြိတိန်နှင့် ဆွစ်ဇာလန်ကုမ္ပဏီများမှ ထုတ်လုပ်သော အစိတ်အပိုင်းများလည်း ပါဝင်သည်။

အမှတ်စဉ် နံပါတ်များအရ အဆိုပါ အစိတ်အပိုင်းအချို့သည် လွန်ခဲ့သောနှစ်များက ထုတ်လုပ် ခဲ့ခြင်းဖြစ်သော်လည်း အချို့မှာ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းအပေါ် အကြောင်းမဲ့ အလုံးစုံ ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း အပါအဝင် မကြာသေးမီက ထုတ်လုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ဗလာဆီယွတ် ထုတ်ပြန်သည့် စာရင်းတွင် ပါဝင်သော နိုင်ငံလေးနိုင်ငံ အပါအဝင် အနောက် နိုင်ငံ အများအပြားသည် ရုရှားမှ အသုံးမပြုနိုင်စေရန် ထိုကဲ့သို့သော အစိတ်အပိုင်းများ အပေါ် တင်းကျပ်သော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပို့ကုန်ထိန်းချုပ်မှုများကို ချမှတ်ထားသည်။ သို့သော် မော်စကိုသည် ယင်းတို့ကို ရှောင်ရှားနိုင်မည့် နည်းလမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်။

CNN သတင်းဌာနက ဗလာဆီယွတ်၏ စာရင်းတွင်ပါသော ကုမ္ပဏီများကို မှတ်ချက်ပေးရန် ဆက်သွယ်မေးမြန်းခဲ့သည်။

စာရင်းတွင်ပါဝင်သည့် ထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သော အမေရိကန်အခြေစိုက် Cypress Semiconductor ကို ယခုပိုင်ဆိုင်ထားသည့် ဂျာမန်ကုမ္ပဏီ Infineon Technologies က ၎င်းတို့၏ ပစ္စည်းများ ရုရှားသို့ မရောက်ရှိစေရန် “ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မှုများ” ပြုလုပ်ထားကြောင်း CNN သို့ ပြောကြားခဲ့သည်။

ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Infineon Technologies သည် ရုရှားသို့ တိုက်ရိုက်နှင့် သွယ်ဝိုက်သော တင်ပို့မှုအားလုံးကို ရပ်ဆိုင်းထားပြီး ၎င်းတို့၏ ဖောက်သည်များအကြား လိုက်နာမှု ရှိစေရန် စနစ်များ ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့နဲ့ စီးပွားရေးဆက်ဆံမှုရှိတဲ့ ကုမ္ပဏီတွေက ရုရှားနဲ့ ကုန်သွယ်မှု လုပ်နေတယ် ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရရှိခဲ့ရင် ပစ္စည်းပေးပို့တာကို ရပ်ဆိုင်းပြီး သက်ဆိုင်ရာကုမ္ပဏီဆီက ရှင်းလင်းချက် တောင်းခံပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

သို့သော်လည်း အဆိုပါကုမ္ပဏီသည် တစ်နှစ်လျှင် ချစ်ပ်ပြားပေါင်း ဘီလီယံ ၃၀ ခန့် ထုတ်လုပ် နေသောကြောင့် “ ထုတ်ကုန်တစ်ခု၏ သက်တမ်းတစ်လျှောက်လုံး ရောင်းချမှုကို ထိန်းချုပ်ရန် ခက်ခဲစေသည်” ဟု ပြောရေးဆိုခွင့်ရှိသူက ဝန်ခံခဲ့သည်။

ဗလာဆီယွတ်၏ စာရင်းတွင် ပါဝင်သော အခြားကုမ္ပဏီများကမူ CNN ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

Texas Instruments ကုမ္ပဏီကမူ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားနှင့် ဘီလာရုစ်သို့ ထုတ်ကုန်များ ရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ပြီး ၎င်းတို့၏ ချစ်ပ်ပြားများကို ရုရှားသို့ တင်ပို့မှု မှန်သမျှသည် တရားမဝင်ဘဲ ခွင့်ပြုချက်မရှိသော တင်ပို့မှုများဖြစ်ကြောင်း ယခင်က ပြောကြား ခဲ့ဖူးသည်။

ဗလာဆီယွတ်က ယခုဒုံးကျည်တွင် အနောက်နိုင်ငံလုပ် အစိတ်အပိုင်း ဒါဇင်ပေါင်းများစွာ ပါဝင်နေသေးသော်လည်း စစ်ပွဲအစောပိုင်းက ခွဲခြမ်းစိတ်ဖြာခဲ့သော ဒုံးကျည်များနှင့် နှိုင်းယှဉ်ပါက ထိုသို့သော အစိတ်အပိုင်းများ အရေအတွက် ပိုမိုနည်းပါးလာကြောင်း ပြောကြားခဲ့သည်။

“ ဥရောပနဲ့ အမေရိကန်က အစိတ်အပိုင်းတွေ နည်းလာပြီး ရုရှားနဲ့ ဘီလာရုစ်က အစိတ် အပိုင်းတွေ ပိုများလာပါတယ်” ဟု သူက ဆိုပြီး “ ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် တုံ့ပြန်နိုင်ရန်” တွေ့ရှိခဲ့သည့် အစိတ်အပိုင်းများအကြောင်းကို ယူကရိန်းအစိုးရက မဟာမိတ်များထံ အသိပေးထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဒုံးကျည်ထဲတွင် တွေ့ရှိရသည့် နိုင်ငံခြားလုပ် အစိတ်အပိုင်းအများစုမှာ အရပ်ဘက်သုံး အတွက် မူလက ဒီဇိုင်းထုတ်ထားသော်လည်း စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် လည်း အသုံးပြုနိုင်သည့် “ နှစ်မျိုးသုံး အစိတ်အပိုင်းများ” (dual use components) ဟုခေါ် သော အမျိုးအစားများ ဖြစ်ကြသည်။

၎င်းတို့တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ စမတ်ပစ္စည်းများ သို့မဟုတ် ဂိမ်းကစားသည့် ပစ္စည်းများတွင် အသုံးပြုရန် ထုတ်လုပ်ထားသော အမေရိကန်ချစ်ပ်ပြားများ ပါဝင်ပြီး ရုရှား၏ လမ်းညွှန်ဗုံးများ၊ ဒုံးကျည်များနှင့် ဒရုန်းများတွင် ပြန်လည်အသုံးပြုရန် ရည်ရွယ်ချက် ပြောင်းလဲ ထည့်သွင်းထားခြင်း ဖြစ်သည်။

မော်စကိုက ၎င်းတို့၏ ထုတ်ကုန်များကို အသုံးမပြုနိုင်စေရန် အမေရိကန်ကုမ္ပဏီများ၏ ကြိုးပမ်းမှုများရှိနေသော်လည်း အမေရိကန်လုပ် အစိတ်အပိုင်းများသည် “ နေ့စဉ် ယူကရိန်း ပြည်သူများကို သတ်ဖြတ်နေသည့် ရုရှားလက်နက်များကို ဆက်လက်လမ်းညွှန်ပြီး စွမ်းအား ပေးနေဆဲ” ဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမြဲတမ်း ဆပ်ကော်မတီ၏ စုံစမ်းစစ်ဆေးမှုတစ်ခုက မနှစ်က တွေ့ရှိခဲ့သည်။

တရုတ်၊ ကာဇက်စတန်နှင့် အခြားနိုင်ငံများတွင် အခြေစိုက်သည့် ကုမ္ပဏီများသည် အဆိုပါအစိတ်အပိုင်းများကို ဝယ်ယူပြီးနောက် ရုရှားသို့ ပြန်လည်ရောင်းချနိုင်ခဲ့ကြောင်း ဆပ်ကော်မတီက ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က ရုရှား၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ယူကရိန်းအစိုးရ အဆောက်အအုံတစ်ခု ပျက်စီးသွားခဲ့သည်။Alina Smutko/Reuters (ဓာတ်ပုံ )-

ဗုံးအစအနများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 79 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 66 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 61 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား