နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဟာဒယစကားပြောကြားသူ ဂျင်မီကင်မဲလ်ကို ဆိုင်းငံ့လိုက်ခြင်းကို ဖြစ်စေတဲ့ မြင်ကွင်းတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ဖြစ်ခဲ့လဲ။

ဂျင်မီကင်မဲလ် (Jimmy Kimmel) ၏ အသံလွှင့်ပြောကြားချက်ကို ပိတ်ပစ်ရန် ဆုံးဖြတ်ချက်သည် ထင်ထားသလောက် အမြန်လုပ်ဆောင်မှု မဟုတ်ပေ။ ကင်မဲလ်သည် ချာလီကာ့ခ် (Charlie Kirk) ကိုလုပ်ကြံသတ်ဖြတ်သူ လူသတ်သမားအကြောင်း ၎င်း၏ တနင်္လာနေ့ည အစီအစဥ်တွင် ဟာသနှောပြောကြားခဲ့ရာတွင် ချာလီကာ့ခ်နှင့် ထရန့်၏ ထောက်ခံသူများကို “MAGA ဂိုဏ်း” ဟု ခေါ်ဆိုပြီးကတည်းက မိခင်ကုမ္ပဏီဖြစ်သည့် ဒစ်စနီ (Disney) နှင့် ABC ၏အမှုဆောင်အဆင့်များ အကြားတွင် အဆိုပါပြဿနာသည် တစ်ပတ်လုံးလုံး ပျံ့နှံ့ရိုက်ခတ်နေခဲ့သည်။

ကင်မဲလ်၏ တနင်္လာနေ့က မှတ်ချက်သည် လက်ယာဖက်ရှိ ဝေဖန်ရေးသမားများကို ဒေါသထွက်စေခဲ့ပြီး ဒစ်စနီ၏ စီစစ်မှုကို ဖြစ်စေခဲ့သည်။ အင်္ဂါနေ့တင်ဆင်မှုတွင် ကင်မဲလ် က “MAGA-အသိုက်အဝန်းမှသူ အများအပြားသည် ချာလီကာ့ခ် အသတ်ခံရမှုကို သုံးချအမြတ်ထုတ်ရန် အလွန်ကြိုးစားကြသည်” ဟု ပြောကြားခဲ့သည်။

သို့သော် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ဥက္ကဋ္ဌ ဘရင်ဒန်ကား (Brendan Carr) သည် ရှေးရိုးဆန်သော ပေါ့တ်ကာစ်တစ်ခုသို့ သွားကာ ABC လက်အောက်ခံ အသံလွှင့်လိုင်စင်များကို ပယ်ဖျက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းအထိ အရေးယူခဲ့ခြင်း ရှိသေးပေ။ ထို့နောက် “Jimmy Kimmel Live!” ထုတ်လွှင့်ပေးသည့် စျေးကွက်အရ နှစ်ဒါဇင်ခန့် အသံလွှင့်ထုတ်ပေးသည့် အသံလွှင့်ရုံအဖွဲ့ Nexstar က ၎င်းတို့သည်ရှိုးကို ထုတ်လွှင့်တော့မည် မဟုတ်ကြောင်းကြေညာခဲ့သည်။

ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ဥက္ကဋ္ဌ ဘရင်ဒန်ကား (Brendan Carr)

ဒစ်စနီသည် ၎င်း၏ပြည်တွင်းထုတ်လွှင့်ခွင့်လိုင်စင်များကို ဆုံးရှုံးရန် အန္တရာယ်ရှိနေကြောင်း ကားမှ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်မှာ ABC အားလုံးအတွက် “တကယ်၊ ပြင်းထန်သော ခြိမ်းခြောက်မှု” ဖြစ်ကြောင်း အခြေအနေနှင့် နီးစပ်သူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

“ဒါက ဂျင်မီကင်မဲလ်တိုက်ရိုက် (‘Jimmy Kimmel Live)’ ထုတ်လွှင့်မှုအကြောင်းတခုပဲ မဟုတ်ပါဘူး။ ABC ရဲ့ ရှိုးပွဲတွေ အားလုံးနဲ့ ဝန်ထမ်းအားလုံးအကြောင်းပဲ ဖြစ်ပါတယ်” ဟု ကုမ္ပဏီတွင် ဆက်လက်ပြောဆိုမှုများနှင့် ပတ်သက်ပြီး အခြားအရင်းအမြစ်တစ်ခုက ပြောကြားခဲ့သည်။

ABC မှ အလုပ်မခန့်ထားသော ဝါရင့်ရုပ်မြင်သံကြားသတင်းထုတ်လုပ်သူတစ်ဦးက CNN သို့ ပြောကြားရာတွင် “အေဂျင်စီသည် ထုတ်လွှင့်ခွင့်လိုင်စင်များကို ရုပ်သိမ်းခံရခြင်းသည် FCC ဒဏ်ရိုက်ခံရခြင်းထက် ပိုကြောက်စရာ ကောင်းသည့် အခြေအနေမျိုး သို့မဟုတ် ပို၍ဆိုးသည့် အခြေအနေမျိုးထက် စိုးရိမ်စရာ ကောင်းသည့် အခြေအနေ မရှိနိုင်ဟုဆိုခဲ့သည်။

အခြေအနေနှင့်ရင်းနှီးသူတစ်ဦး၏အဆိုအရ ကင်မဲလ်သည် ဗုဒ္ဓဟူးနေ့ညတွင် ၎င်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို တင်ဆက်ရန် ပြင်ဆင်ထားပြီး ကာ့ခ် (Kirk) သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး သီတင်းပတ်အစောပိုင်းက ပြုလုပ်ခဲ့သော ၎င်း၏ သဘောထား မှတ်ချက်အတွက် လက်ယာယိမ်းဆန့်ကျင်ရေးသမားများကို မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။ ထိုသီးသန့်ပုဂ္ဂိုလ်က ကင်မဲလ် (Kimmel) ၏စီစဉ်ထားသော တဦးတည်း ပြောကြားသည့် တင်ဆက်မှုတွင် MAGA အခြေစိုက်အုပ်စုသို့ ဦးတည်ကာ “အလွန်ထိရောက်သည့်ပျက်လုံး” ကို တင်ဆက်ရန် စီစဥ်ထားသည်ဟုဆိုသည်။

ထိုအချိန်တွင် ဒစ်စနီအမှုဆောင်များသည် ၎င်း၏တစ်ဦးတည်းပြောဆိုမှုကြောင့် “ကြွတက်လာမည့် မကျေနပ်ချက်ကို လျှော့ချရန်” နှင့် ပတ်သက်၍ ကင်မဲလ်နှင့် ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ထိုသီးသန့်ပုဂ္ဂိုလ်က ဆိုသည်။ တချိန်ထဲတွင် Nexstar သည် ကင်မဲလ်၏ရှိုးကို တစ်ပြိုင်နက် ထုတ်ပယ်ပစ်ရန် ၎င်း၏ အစီအစဉ်ကို ကြေညာခဲ့သည်။

ဒစ်စနီ အမှုဆောင်အရာရှိချုပ် ဘော့အိုင်ဂါ (Bob Iger) နှင့် ဒစ်စနီ ဖျော်ဖြေရေးလုပ်ငန်း (Disney Entertainment) တွဲဖက်ဥက္ကဋ္ဌ ဒါနာဝဲလ်ဒန်(Dana Walden) တို့သည် ကင်မဲလ်၏ရှိုးကို ကြိုတင်ပိတ်ပင်ရန် ဆုံးဖြတ်ချက်ကို ချခဲ့ကြသည်။ ကင်မဲလ်နှင့် ဒစ်စနီ (Disney) အမှတ်တံဆိပ်နှစ်ခုလုံးကို အငြင်းပွားမှုအရှိန်မြှင့်ခြင်းမှ ကာကွယ်ရန် မျှော်လင့်ချက်ဖြင့် ရှိုးပွဲအား ရက်အကန့်အသတ်မရှိ ရပ်နားထားရန် ကြိုတင်ဆုံးဖြတ်ချက်ချခဲ့သည်။

ဝဲလ်ဒန် (Walden) က ကင်မဲလ်ကို ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ စကားစမြည်ပြောခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါသည်။ ဝဲလ်ဒန်နှင့် ကင်မဲလ် တို့သည် ကာလကြာရှည်စွာ အပြုသဘောဆောင်သော ဆက်ဆံရေးရှိကြပြီး ကင်မဲလ်သည် ABC တွင် အမြဲတစေ မယုံနိုင်လောက်အောင် ကောင်းမွန်ကြောင်း ရင်းမြစ်များစွာအရ သိရသည်။

“လူတိုင်းက သူ့ကို လေးလေးနက်နက်တန်ဖိုးထားပြီး ပြန်လာစေချင်ကြတယ်” ဟု ရင်းနှီးသော သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ “ဒါပေမယ့် သူက ဖြစ်ပေါ်နေတဲ့ဖိအားကို လျှော့ချရမယ်။”

ကင်မဲလ်သည် ထရန့် အကြောင်း သူ့စိတ်ထဲတွင် အမြဲတမ်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိပြီး ၎င်း၏ရှိုးတွင် ဆင်ဆာမဖြတ်ဖူးကြောင်း အရင်းအမြစ်မှ မှတ်ချက်ပြုသည်။ သို့သော် ပြင်းထန်သော FCC ၏ ခြိမ်းခြောက်မှုများကြောင့် ကုမ္ပဏီသည် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ရသည်။

CNN နှင့် စကား ပြောဆိုခဲ့ကြသည့် ပုဂ္ဂိုလ်အများအပြားက “Jimmy Kimmel Live!” တွင် တာဝန်ထမ်းဆောင်ကြသော Disney ဝန်ထမ်းများ သည် ဗုဒ္ဓဟူးနေ့တွင် ကား(Carr) ၏ မှတ်ချက်များ အပြီးတွင် ၎င်းတို့၏ အီးမေးလ်လိပ်စာများနှင့် ဖုန်းနံပါတ်များကို ဆိုရှယ် မီဒီယာများတွင် အလွဲသုံးစားလုပ်ကာ ဖော်ပြခြင်းနှင့်အတူ အသက်ကို ခြိမ်းခြောက်မှုများကို စတင်လက်ခံရရှိခဲ့ကြသည်။ Disney အတွက်၊ ထည့်သွင်းစဉ်းစားရမည့် ပြဿနာသည် ကင်မဲလ်ထက် ကြီးမားသည်။ ၎င်းသည် ဝန်ထမ်းများနှင့် ရှိုးကြော်ငြာသူများ အတွက် ဘေးကင်းရေး ပြဿနာ ဖြစ်လာခဲ့သည်။

ဘယ်လို ရှေ့ဆက်ရမလဲဆိုတာ ဆုံးဖြတ်ချက် မချရသေးပေမယ့် ကင်မဲလ်ရဲ့ တင်ဆက်မှုကို ပြန်လည်တင်ပြနိုင်ဖို့အတွက် လမ်းကြောင်းရှိမယ်” ဟု ဒစ်စနီက “မျှော်လင့်ထားတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

ကင်မဲလ်သည်နှစ်များစွာ ABC သတင်းဌာနအတွက် အော်စကာဆုပေးပွဲများကို အစီစဥ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး မကြာမီက “ဘယ်သူက သန်းကြွယ်သူ‌ဌေး ဖြစ်ချင်သလဲ” ဆိုသည့် အစီအစဥ်မှူးအဖြစ် ဆောင်ရွက်မှုကြောင့် Emmyဆုကို ရရှိခဲ့သည်။

ကင်မဲလ်သည် ၎င်း၏လက်ရှိရာသီကုန်ဆုံးချိန် ၂၀၂၆ ခုနှစ် မေလတွင်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ကင်မဲလ် သည် ABC အတွက် အော်စကာဆုပေးပွဲကျင်းပပြီး ကွန်ရက်၏ “မည်သူ သန်းကြွယ်သူဌေး ဖြစ်လိုသနည်း” ကို လက်ခံကျင်းပပေးသည့် အမ်မီဆု ရရှိခဲ့သည်။ ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းတိုးမလားဆိုသည်ကို မကြာသေးခင်ကပဲ သူ၏ရှိုးပွဲတွေကို ဆက်လုပ်ဖို့ ရှိမရှိကို အပြန်အလှန်ဆွေးနွေးငြင်းခုံခဲ့ကြသည်။

“ABC မှာ ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် အခု သူတို့က ‘တိတ်ဆိတ်စွာ နှုတ်ထွက်ခြင်း’ ဟု ခေါ်သည့် “လာမယ့်သုံးနှစ်ကို စောင့်မျှော်နေပါတယ်” ဟု ကင်မဲလ်က ၎င်း၏ မကြာသေးမီက စာချုပ် သက်တမ်းတိုးကြောင်း ကြေညာချိန်တွင် ထုတ်ပြန်ချက်တွင် အရွှန်းဖောက်ခဲ့သည်။

ကင်မဲလ်သည် ၎င်း၏ရှိုးကို ဆိုင်းငံ့ထားကြောင်း လူသိရှင်ကြား ထုတ်မပြောသေးပါ။ CNN သည် ကင်မဲလ်၏ ကိုယ်စားလှယ်များအား မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သည်။

ABC သည် အစီအစဉ်၏ အနာဂတ်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် CNN၏ တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိပါ။

ဟာဒယစကားပြောကြားသူ ဂျင်မီကင်မဲလ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက