နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ် လုံးဝအလျှော့ပေးမည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ရှင်းလင်းစွာ အရိပ်အယောင်ပြ ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် အမေရိကန်နှင့် ဥရောပခေါင်းဆောင်များက သံတမန်ရေးအရ အသည်းအသန် ကြိုးပမ်းနေချိန်တွင် ပူတင်က ပြင်းထန်သော မိန့်ခွန်းတစ်ခု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုမိန့်ခွန်းတွင် ပူတင်က ယူကရိန်း၏ ဥရောပမဟာမိတ်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး လိုအပ်ပါက ရုရှားအနေဖြင့် နယ်မြေများကို အင်အားသုံး၍ သိမ်းယူသွားမည်ဟု ဆိုခဲ့သည်။

“ ကျွန်တော်တို့အနေနဲ့ ပဋိပက္ခရဲ့ အရင်းခံအကြောင်းတရားတွေကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ကို ပိုပြီးလိုလားပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် အစည်းအဝေးတွင် ပူတင်က ပြောကြားခဲ့သည်။

“ တကယ်လို့ တစ်ဖက်နိုင်ငံနဲ့ သူတို့ရဲ့ ပြည်ပအားကိုးတွေက အနှစ်သာရရှိတဲ့ ဆွေးနွေးမှု တွေလုပ်ဖို့ ငြင်းဆန်မယ်ဆိုရင်တော့ ရုရှားဟာ မိမိရဲ့ သမိုင်းဝင်နယ်မြေတွေကို လွတ်မြောက် အောင် စစ်ရေးနည်းလမ်းနဲ့ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။ ၎င်းက ယူကရိန်းဘက်မှ စွန့်လွှတ်ပေးရန် တောင်းဆိုထားသည့် နယ်မြေများကို ရည်ညွှန်း ပြောဆိုခြင်းဖြစ်ပြီး ယင်းမှာလက်ရှိငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် အဓိက အကျပ်အတည်း ဖြစ်နေသည့် အချက်ဖြစ်သည်။

ဤနယ်မြေပိုင်ဆိုင်မှု ပြဿနာနှင့် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် ပေးနိုင်ရေး ကိစ္စရပ်များသည် ယူကရိန်း၊ အမေရိကန်၊ ဥရောပနှင့် ရုရှားတို့အကြား ဦးစားပေးချက်များ ကွဲပြားနေသောကြောင့် ဖြေရှင်းရန် အလွန်ခက်ခဲနေကြောင်း တွေ့ရှိရသည်။

ရုရှားသည် ယူကရိန်း၏ ဒွန်းဘတ်စ် (Donbas) ဒေသကို တရားမဝင် သိမ်းယူထားသော်လည်း တစ်ခုလုံးကို အပြည့်အဝ မစိုးမိုးနိုင်သေးပေ။ အမေရိကန်အခြေစိုက် ပဋိပက္ခစောင့်ကြည့်ရေး အဖွဲ့ (ISW) ၏ ခွဲခြမ်းစိတ်ဖြာချက်အရ လက်ရှိ ရုရှား၏ ကျူးကျော်စစ် အရှိန်အဟုန် အတိုင်းဆိုလျှင် ၂၀၂၇ ခုနှစ် သြဂုတ်လအထိ ထိုဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ဦးမည် မဟုတ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ကိယက်ဗ် (Kyiv) အစိုးရ အနေဖြင့် အရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသရှိ ယာယီသိမ်းပိုက်ခံထားရသော နယ်မြေများကို ရုရှား ပိုင်နက်အဖြစ် ဥပဒေကြောင်းအရသော်လည်းကောင်း၊ လက်တွေ့အရ သော်လည်း ကောင်း  ဘယ်သောအခါမှ အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ယူကရိန်းသမ္မတသည် ပူတင် ဗုဒ္ဓဟူးနေ့ညက ပြောကြားခဲ့သည့် “ သမိုင်းဝင်နယ်မြေ များ” ဆိုသော စကားရပ်အပေါ် တုံ့ပြန်ခဲ့ပုံရသည်။ “ ဥရောပမှာရှိတဲ့ တခြားနိုင်ငံတွေကိုလည်း ရုရှားက တစ်နေ့ကျရင် သူတို့ရဲ့ ‘သမိုင်းဝင်နယ်မြေတွေ’ လို့ ခေါ်လာနိုင်ပါတယ်။ ဒီလိုမျိုး ရုရှားရဲ့ ရူးသွပ်တဲ့ သမိုင်းကြောင်းတွေရန်ကနေ ကျွန်တော်တို့ တကယ့်လက်တွေ့ကျတဲ့ ကာကွယ်မှုတွေ လိုအပ်ပါတယ်” ဟု ဇလန်းစကီးက သတိပေးပြောကြားခဲ့သည်။

သမ္မတ ထရန့်ကမူ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိနိုင်မည့် အလားအလာအပေါ် အကောင်းမြင်နေဆဲဖြစ်ပြီး “ အရင်ကထက် အခု ပိုပြီး နီးစပ်နေပါပြီ” ဟု ယခုအပတ်အတွင်း ပြောဆိုထားသည်။ သို့သော် ယူကရိန်း၏ ဥရောပမဟာမိတ်များကမူ ပိုမိုသတိထားနေကြပြီး ယူကရိန်းအတွက် ခိုင်မာသော လုံခြုံရေးအာမခံချက်များကို တောင်းဆိုထားကြသည်။

ပူတင်က ၎င်း၏မိန့်ခွန်းတွင် ထိုသို့ သဘောထားကွဲလွဲမှုများကို အလေးပေး ပြောကြားခဲ့သည်။ ရုရှားသည် “ အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း” လက်ရှိခေါင်းဆောင်မှု အောက်တွင် ဥရောပနှင့် ငြိမ်းချမ်းရေးအတွက် အဓိပ္ပာယ်ရှိရှိ ပူးပေါင်းဆောင်ရွက်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ ဥရောပနဲ့လည်း အဲဒီလိုမျိုး (ဆွေးနွေးမှုတွေ) ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်” ဟု ပူတင်က ထပ်လောင်းပြောကြားသည်။ “ ဒါပေမဲ့ အခုရှိနေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ နဲ့တော့ မဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ပိုမိုအင်အား တောင့်တင်း လာတာနဲ့အမျှ ဒါဟာ ရှောင်လွှဲလို့မရတဲ့ ကိစ္စဖြစ်လာမှာပါ။ လက်ရှိ နိုင်ငံရေး သမားတွေနဲ့ မဟုတ်ရင်တောင် ဥရောပရဲ့ အထက်တန်းလွှာတွေ အပြောင်းအလဲဖြစ်တဲ့အခါ ဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။

ပူတင်၏ ခေါင်းမာသော မှတ်ချက်များသည် ဘရပ်ဆဲလ် (Brussels) မြို့တွင် ကျင်းပမည့် အရေးကြီးသော ထိပ်သီးအစည်းအဝေးမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းအစည်းအဝေးတွင် ဥရောပခေါင်းဆောင်များသည် ထိန်းချုပ်ထားသော ရုရှားပိုင်ဆိုင်မှု များကို ယူကရိန်းအတွက် ရန်ပုံငွေအဖြစ် အသုံးပြုရန် ရှိ၊ မရှိ ဆွေးနွေးကြမည်ဖြစ်သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလီယန်ကလည်း ဗုဒ္ဓဟူးနေ့တွင် ဥရောပပါလီမန်သို့ ပြောကြားသည့် မိန့်ခွန်း၌ သဘောတူညီချက်ရရှိရန် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ပြီး၊ ဥရောပတိုက်အနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် ကိုယ်တိုင်တာဝန်ယူရန် နှင့် ရုရှားကို ခုခံကာကွယ်နေသည့် ယူကရိန်းကို ဆက်လက်ထောက်ပံ့ရန် တိုက်တွန်းခဲ့သည်။

“ ယူကရိန်းရဲ့ ကာကွယ်ရေးကို ကူညီတာထက် ပိုအရေးကြီးတဲ့ ဥရောပရဲ့ ကာကွယ်ရေး လုပ်ဆောင်ချက် မရှိပါဘူး။ လာမယ့်ရက်တွေဟာ ဒါကို အကောင်အထည်ဖော်ဖို့အတွက် အဆုံးအဖြတ်ပေးမယ့် ခြေလှမ်းတွေ ဖြစ်ပါလိမ့်မယ်။ ယူကရိန်းရဲ့ တိုက်ပွဲအတွက် ဘယ်လို ရန်ပုံငွေ ထောက်ပံ့မလဲဆိုတာ ကျွန်ုပ်တို့အပေါ်မှာပဲ မူတည်ပါတယ်” ဟု ဖွန်ဒါလီယန်က ပြောကြားခဲ့သည်။

ယူကရိန်းကို ရန်ပုံငွေ ထောက်ပံ့ရန်အတွက် ဥရောပတွင် အဆိုပြုချက် နှစ်ခုရှိနေပြီး တစ်ခုမှာ ထိန်းချုပ်ထားသော ရုရှားပိုင်ဆိုင်မှုများကို အသုံးပြုရန်နှင့် နောက်တစ်ခုမှာ ငွေချေးယူရန် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 30 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 58 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 40 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”