နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ် လုံးဝအလျှော့ပေးမည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ရှင်းလင်းစွာ အရိပ်အယောင်ပြ ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် အမေရိကန်နှင့် ဥရောပခေါင်းဆောင်များက သံတမန်ရေးအရ အသည်းအသန် ကြိုးပမ်းနေချိန်တွင် ပူတင်က ပြင်းထန်သော မိန့်ခွန်းတစ်ခု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုမိန့်ခွန်းတွင် ပူတင်က ယူကရိန်း၏ ဥရောပမဟာမိတ်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး လိုအပ်ပါက ရုရှားအနေဖြင့် နယ်မြေများကို အင်အားသုံး၍ သိမ်းယူသွားမည်ဟု ဆိုခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ပဋိပက္ခရဲ့ အရင်းခံအကြောင်းတရားတွေကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ကို ပိုပြီးလိုလားပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် အစည်းအဝေးတွင် ပူတင်က ပြောကြားခဲ့သည်။

“တကယ်လို့ တစ်ဖက်နိုင်ငံနဲ့ သူတို့ရဲ့ ပြည်ပအားကိုးတွေက အနှစ်သာရရှိတဲ့ ဆွေးနွေးမှု တွေလုပ်ဖို့ ငြင်းဆန်မယ်ဆိုရင်တော့ ရုရှားဟာ မိမိရဲ့ သမိုင်းဝင်နယ်မြေတွေကို လွတ်မြောက် အောင် စစ်ရေးနည်းလမ်းနဲ့ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။ ၎င်းက ယူကရိန်းဘက်မှ စွန့်လွှတ်ပေးရန် တောင်းဆိုထားသည့် နယ်မြေများကို ရည်ညွှန်း ပြောဆိုခြင်းဖြစ်ပြီး ယင်းမှာလက်ရှိငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် အဓိက အကျပ်အတည်း ဖြစ်နေသည့် အချက်ဖြစ်သည်။

ဤနယ်မြေပိုင်ဆိုင်မှု ပြဿနာနှင့် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် ပေးနိုင်ရေး ကိစ္စရပ်များသည် ယူကရိန်း၊ အမေရိကန်၊ ဥရောပနှင့် ရုရှားတို့အကြား ဦးစားပေးချက်များ ကွဲပြားနေသောကြောင့် ဖြေရှင်းရန် အလွန်ခက်ခဲနေကြောင်း တွေ့ရှိရသည်။

ရုရှားသည် ယူကရိန်း၏ ဒွန်းဘတ်စ် (Donbas) ဒေသကို တရားမဝင် သိမ်းယူထားသော်လည်း တစ်ခုလုံးကို အပြည့်အဝ မစိုးမိုးနိုင်သေးပေ။ အမေရိကန်အခြေစိုက် ပဋိပက္ခစောင့်ကြည့်ရေး အဖွဲ့ (ISW) ၏ ခွဲခြမ်းစိတ်ဖြာချက်အရ လက်ရှိ ရုရှား၏ ကျူးကျော်စစ် အရှိန်အဟုန် အတိုင်းဆိုလျှင် ၂၀၂၇ ခုနှစ် သြဂုတ်လအထိ ထိုဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ဦးမည် မဟုတ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ကိယက်ဗ် (Kyiv) အစိုးရ အနေဖြင့် အရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသရှိ ယာယီသိမ်းပိုက်ခံထားရသော နယ်မြေများကို ရုရှား ပိုင်နက်အဖြစ် ဥပဒေကြောင်းအရသော်လည်းကောင်း၊ လက်တွေ့အရ သော်လည်း ကောင်း  ဘယ်သောအခါမှ အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ယူကရိန်းသမ္မတသည် ပူတင် ဗုဒ္ဓဟူးနေ့ညက ပြောကြားခဲ့သည့် “သမိုင်းဝင်နယ်မြေ များ” ဆိုသော စကားရပ်အပေါ် တုံ့ပြန်ခဲ့ပုံရသည်။ “ဥရောပမှာရှိတဲ့ တခြားနိုင်ငံတွေကိုလည်း ရုရှားက တစ်နေ့ကျရင် သူတို့ရဲ့ ‘သမိုင်းဝင်နယ်မြေတွေ’ လို့ ခေါ်လာနိုင်ပါတယ်။ ဒီလိုမျိုး ရုရှားရဲ့ ရူးသွပ်တဲ့ သမိုင်းကြောင်းတွေရန်ကနေ ကျွန်တော်တို့ တကယ့်လက်တွေ့ကျတဲ့ ကာကွယ်မှုတွေ လိုအပ်ပါတယ်” ဟု ဇလန်းစကီးက သတိပေးပြောကြားခဲ့သည်။

သမ္မတ ထရန့်ကမူ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိနိုင်မည့် အလားအလာအပေါ် အကောင်းမြင်နေဆဲဖြစ်ပြီး “အရင်ကထက် အခု ပိုပြီး နီးစပ်နေပါပြီ” ဟု ယခုအပတ်အတွင်း ပြောဆိုထားသည်။ သို့သော် ယူကရိန်း၏ ဥရောပမဟာမိတ်များကမူ ပိုမိုသတိထားနေကြပြီး ယူကရိန်းအတွက် ခိုင်မာသော လုံခြုံရေးအာမခံချက်များကို တောင်းဆိုထားကြသည်။

ပူတင်က ၎င်း၏မိန့်ခွန်းတွင် ထိုသို့ သဘောထားကွဲလွဲမှုများကို အလေးပေး ပြောကြားခဲ့သည်။ ရုရှားသည် “အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း” လက်ရှိခေါင်းဆောင်မှု အောက်တွင် ဥရောပနှင့် ငြိမ်းချမ်းရေးအတွက် အဓိပ္ပာယ်ရှိရှိ ပူးပေါင်းဆောင်ရွက်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဥရောပနဲ့လည်း အဲဒီလိုမျိုး (ဆွေးနွေးမှုတွေ) ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်” ဟု ပူတင်က ထပ်လောင်းပြောကြားသည်။ “ဒါပေမဲ့ အခုရှိနေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ နဲ့တော့ မဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ပိုမိုအင်အား တောင့်တင်း လာတာနဲ့အမျှ ဒါဟာ ရှောင်လွှဲလို့မရတဲ့ ကိစ္စဖြစ်လာမှာပါ။ လက်ရှိ နိုင်ငံရေး သမားတွေနဲ့ မဟုတ်ရင်တောင် ဥရောပရဲ့ အထက်တန်းလွှာတွေ အပြောင်းအလဲဖြစ်တဲ့အခါ ဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။

ပူတင်၏ ခေါင်းမာသော မှတ်ချက်များသည် ဘရပ်ဆဲလ် (Brussels) မြို့တွင် ကျင်းပမည့် အရေးကြီးသော ထိပ်သီးအစည်းအဝေးမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းအစည်းအဝေးတွင် ဥရောပခေါင်းဆောင်များသည် ထိန်းချုပ်ထားသော ရုရှားပိုင်ဆိုင်မှု များကို ယူကရိန်းအတွက် ရန်ပုံငွေအဖြစ် အသုံးပြုရန် ရှိ၊ မရှိ ဆွေးနွေးကြမည်ဖြစ်သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလီယန်ကလည်း ဗုဒ္ဓဟူးနေ့တွင် ဥရောပပါလီမန်သို့ ပြောကြားသည့် မိန့်ခွန်း၌ သဘောတူညီချက်ရရှိရန် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ပြီး၊ ဥရောပတိုက်အနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် ကိုယ်တိုင်တာဝန်ယူရန် နှင့် ရုရှားကို ခုခံကာကွယ်နေသည့် ယူကရိန်းကို ဆက်လက်ထောက်ပံ့ရန် တိုက်တွန်းခဲ့သည်။

“ယူကရိန်းရဲ့ ကာကွယ်ရေးကို ကူညီတာထက် ပိုအရေးကြီးတဲ့ ဥရောပရဲ့ ကာကွယ်ရေး လုပ်ဆောင်ချက် မရှိပါဘူး။ လာမယ့်ရက်တွေဟာ ဒါကို အကောင်အထည်ဖော်ဖို့အတွက် အဆုံးအဖြတ်ပေးမယ့် ခြေလှမ်းတွေ ဖြစ်ပါလိမ့်မယ်။ ယူကရိန်းရဲ့ တိုက်ပွဲအတွက် ဘယ်လို ရန်ပုံငွေ ထောက်ပံ့မလဲဆိုတာ ကျွန်ုပ်တို့အပေါ်မှာပဲ မူတည်ပါတယ်” ဟု ဖွန်ဒါလီယန်က ပြောကြားခဲ့သည်။

ယူကရိန်းကို ရန်ပုံငွေ ထောက်ပံ့ရန်အတွက် ဥရောပတွင် အဆိုပြုချက် နှစ်ခုရှိနေပြီး တစ်ခုမှာ ထိန်းချုပ်ထားသော ရုရှားပိုင်ဆိုင်မှုများကို အသုံးပြုရန်နှင့် နောက်တစ်ခုမှာ ငွေချေးယူရန် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 39 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 40 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 40 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 46 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက