နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်

ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ ယနေ့တိုင် ပြင်းထန်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအရှေ့ပိုင်းရှိ ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေများကို တဖြည်းဖြည်း တိုးချဲ့လာခဲ့ပြီး ကိယက်ဗ် (Kyiv) နှင့် အခြားမြို့ကြီးများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေပါသည်။

ကျူးကျော်စစ် လေးနှစ်ပြည့်ရန် နီးကပ်လာချိန်တွင် ယူကရိန်း မြေပြင်၌ ဖြစ်ပေါ်နေသော အခြေအနေများကို အောက်ပါအတိုင်း တင်ပြအပ်ပါသည်။

အရှေ့ဘက်တွင် ရုရှားက တရွေ့ရွေ့ ရှေ့တိုးလာခြင်း

အမေရိကန်အခြေစိုက် စစ်ပွဲလေ့လာရေး အင်စတီကျု (ISW) မှ ကျွမ်းကျင်သူများ၏ အဆိုအရ ရုရှားသည် ၂၀၂၅ ခုနှစ်အတွင်း ယူကရိန်းနယ်မြေ ၄,၇၀၀ စတုရန်းကီလိုမီတာ (မော်စကိုမြို့၏ နှစ်ဆခန့်ရှိသော ဧရိယာ) ကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ရုရှားဘက်ကမူ ၆,၀၀၀ စတုရန်းကီလိုမီတာ သိမ်းပိုက်ခဲ့သည်ဟု ဆိုပါသည်။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ် (Donbas) ဒေသဟု လူသိများသည့် လူဟန့်စ် (Luhansk) နှင့် ဒိုးနက်စ် (Donetsk) နယ်မြေများတွင် ရုရှားစစ်တပ်သည် ကျေးရွာများနှင့် မြို့များကို တစ်ခုပြီး တစ်ခု ဝိုင်းရံပိတ်ဆို့ကာ တဖြည်းဖြည်းချင်း နယ်မြေချဲ့ထွင်နေသည်။ ၎င်းတို့သည် အနောက်ဘက်ရှိ ဇာပိုရီရှား (Zaporizhzhia) နှင့် ခါဆွန် (Kherson) ဒေသများကိုပါ အပြည့်အဝ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ရုရှားသည် ထိုဒေသများကို သိမ်းပိုက်ရန် ဆန္ဒခံယူပွဲများ ပြုလုပ်ခဲ့သော်လည်း ယနေ့တိုင် အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

နိုဝင်ဘာလတွင် ထွက်ပေါ်လာသော အမေရိကန်ကျောထောက်နောက်ခံပြု ငြိမ်းချမ်းရေး အစီအစဉ်အရ ယူကရိန်းအနေဖြင့် လူဟန့်စ်၊ ဒိုးနက်စ်၊ ခရိုင်းမီးယားတို့အပြင် လက်ရှိ ရုရှားသိမ်းထားသော ဇာပိုရီရှားနှင့် ခါဆွန် နယ်မြေများကို ရုရှားသို့ ပေးအပ်ရမည် ဖြစ်သည်။ ထို့အပြင် ယူကရိန်းသည် ၎င်းတို့လက်ဝယ်ရှိသေးသော ဒိုးနက်စ်၏ အချို့အစိတ်အပိုင်းများမှ ဆုတ်ခွာပေးရမည်ဖြစ်ပြီး ထိုနေရာသည် ရုရှားထိန်းချုပ်မှုအောက်ရှိ စစ်မဲ့ဇုန် ဖြစ်လာမည် ဖြစ်သည်။

သို့သော်လည်း ယူကရိန်းသမ္မတ ဇလန်းစကီးကမူ ငြိမ်းချမ်းရေးအတွက် နယ်မြေပေးအပ်ရန် အစဉ်တစိုက် ငြင်းဆိုထားပြီး ယင်းသို့ အလျှော့ပေးခြင်းသည် နောင်တွင် ရုရှားအတွက် နောက်ထပ် တိုက်ခိုက်မှုများ ပြုလုပ်ရန် ခြေကုတ်စခန်း ဖြစ်သွားစေနိုင်သည်ဟု သတိပေး ထားသည်။

အဓိက ပစ်မှတ်ထားခံရသော မြို့များ

ဒိုးနက်စ် အနောက်ပိုင်းတွင် ယူကရိန်းက ၅၀ ကီလိုမီတာခန့် ရှည်လျားသော “ ခံတပ်ခါးပတ်” (Fortress belt) ကို တည်ဆောက်ထားကြောင်း ISW က ဖော်ပြသည်။ ယူကရိန်းသည် လွန်ခဲ့သော ၁၁ နှစ်အတွင်း ဤကာကွယ်ရေး အဆောက်အအုံများအတွက် ငွေကြေးနှင့် အင်အားများစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။

ပိုခရော့ဗ်စ် (Pokrovsk) မြို့အနီးတွင် ရုရှားက နွေရာသီ စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး မြို့၏ မြောက်ဘက်နှင့် တောင်ဘက်တို့တွင် သိသာသော နယ်မြေသိမ်းပိုက်မှုများ ရှိခဲ့သည်။ ယူကရိန်းစစ်တပ်၏ အဓိက ထောက်ပံ့ရေး ဗဟိုချက်ဖြစ်ခဲ့သော ဤမြို့မှာ ယခုအခါ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ ရုရှားက ထိုမြို့ကို သိမ်းပိုက်နိုင်ပြီဟု ဆိုထားပြီး ယင်းမှာ ဒိုးနက်စ်ဒေသရှိ ယူကရိန်းထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသေးသော အကြီးဆုံးမြို့များ ဖြစ်သည့် ကရာမာတော့စ် (Kramatorsk) နှင့် ဆလိုဗျန့်စ် (Slovyansk) တို့ဆီသို့ ဆက်လက် ချီတက်ရန် လမ်းစတစ်ခု ဖြစ်လာနိုင်ပါသည်။

ခါကိဗ် မြောက်ဘက်မှ ရုရှား၏ ကျူးကျော်မှု

ရှေ့တန်းစစ်မျက်နှာ၏ မြောက်ဘက်တွင်လည်း ရုရှားသည် ကူပီယန့်စ် (Kupyansk) မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေပြီး ယင်းမှတစ်ဆင့် ဒိုးနက်စ် မြောက်ပိုင်းကို ဝိုင်းရံရန် ရည်ရွယ် နေသည်။ ရုရှားသမ္မတ ပူတင်က ယူကရိန်း၏ နယ်စပ်တစ်လျှောက်တွင် ကြားခံနယ်မြေ (Buffer zone) တစ်ခု တည်ဆောက်ကာ ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ခါကိဗ် (Kharkiv) ကို အမြောက်ဖြင့် လှမ်းပစ်နိုင်သည့် အကွာအဝေးအတွင်း ရောက်ရှိရန် ကြိုးပမ်း နေသည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းသည် ရုရှားနိုင်ငံအတွင်းရှိ လေတပ်စခန်းများနှင့် နျူကလီးယား လက်နက်တင်ဆောင်နိုင်သော ဗုံးကြဲလေယာဉ်များကို ဒရုန်းများဖြင့် ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသည်။ ယူကရိန်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုင်စကီး (Syrskyi) ၏ အဆိုအရ ယူကရိန်း၏ အဝေးပစ် တိုက်ခိုက်မှုများကြောင့် ယခုနှစ်အတွင်း ရုရှားစီးပွားရေးမှာ ဒေါ်လာ ၂၁.၅ ဘီလီယံကျော် ထိခိုက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ

၂၀၂၅ ခုနှစ် အစောပိုင်းတွင် သမ္မတ ထရန့် တက်လာပြီးနောက်ပိုင်း အမေရိကန်သည် စစ်ပွဲကို ဆွေးနွေးမှုများမှတစ်ဆင့် အဆုံးသတ်ရန် ကြိုးပမ်းလာသည်။ အစောပိုင်းတွင် ဇလန်းစကီးနှင့် ဆက်ဆံရေး တင်းမာမှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် တိုးတက်လာခဲ့ပြီး ယူကရိန်းသည် အမေရိကန်၏ အဆင့်မြင့် လက်နက်ခဲယမ်းများနှင့် ထောက်လှမ်းရေး သတင်းများကို ဆက်လက် အားကိုးနေရဆဲဖြစ်သည်။

ယူကရိန်းသည် ၎င်း၏ ကိုယ်ပိုင် ၂၀ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို တင်ပြထား သော်လည်း ကရင်မလင် (ရုရှားအစိုးရ) ကမူ ယူကရိန်းအနေဖြင့် နေတိုး (NATO) အဖွဲ့ဝင် ဖြစ်ရေးကို စွန့်လွှတ်ရန်နှင့် ဒိုးနက်စ်၊ လူဟန့်စ် နယ်မြေများကို အပြည့်အဝ ပေးအပ်ရန် စသည့် အဓိက တောင်းဆိုချက်များအပေါ် အလျှော့ပေးမည့် ပုံစံမရှိသေးပေ။

သုံးနှစ်ကြာ တိုက်ပွဲများ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်ခဲ့သော ဤကျူးကျော်စစ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ပဋိပက္ခတစ်ခု ဖြစ်လာခဲ့သည်။ ကနဦးတွင် ရုရှားက ကိယက်ဗ်မြို့အနီးထိ ရောက်ရှိခဲ့သော်လည်း ယူကရိန်း၏ ပြင်းထန်သော ခုခံမှုနှင့် အနောက်အုပ်စု၏ လက်နက် အထောက်အပံ့များကြောင့် နောက်ပြန်ဆုတ်ခဲ့ရသည်။

စစ်ပွဲအတွင်း ရုရှားစစ်သည်ပေါင်း ၁၆၅,၀၀၀ မှ ၂၃၅,၀၀၀ ကြား သေဆုံးခဲ့သည်ဟု စစ်ဘက်ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ ယူကရိန်းဘက်ကမူ ၎င်းတို့၏ စစ်သည် ၄၃,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် တရားဝင် ထုတ်ပြန် ခဲ့သော်လည်း အနောက်နိုင်ငံများက ထိုအရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟု ယူဆကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 19 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ)
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 22 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ်

အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ တစ်ကျော့ပြန်လာမည့်အပေါ် ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 23 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ (Nouri al-Maliki) ကို ပြန်လည် ခန့်အပ်မည့် အရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရတ်နိုင်ငံကို သတိပေး လိုက်ပြီး၊ ၎င်း၏ ယခင်ခေါင်းဆောင်မှုအောက်တွင်
နိုင်ငံတကာသတင်း အမေရိကန်

ဖို့တ်ဝိန်းမြို့က မြန်မာတွေ နှင်ထုတ်ခံရနိုင်ခြေရှိတယ်လို့ မြို့တော်ဝန် တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 22 Views
ဇန်နဝါရီ ၂၁ရက် သတင်း ၂၀၂၆ခုနှစ် Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ လာမည့်အပတ်မှစတင်၍ ပြည်နှင်ဒဏ်ပေးခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာသည် လာမည့်အပတ်ကဲ့သို့ စောစီးသော
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးလမ်းလျှောက်ကြွချီမှု လက်ရှိအခြေအနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၂၇ရက် ‌ဗီယက်နမ်လူမျိုးဘိက္ခူအရှင်ပညာကာရ (Bhikkhu Paññākāra) ဦးဆောင်ပြီး အာလောက (Aloka) လို့ အမည်ပေးထားတဲ့ ကယ်ဆယ်ရေးခွေးလေးတစ်ကောင် ပါဝင်တဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်များ အဖွဲ့ဟာ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုတစ်ခွင် မိုင်ပေါင်း ၂,၃၀၀ ရှည်လျားတဲ့
နိုင်ငံတကာသတင်း အမေရိကန်

မင်နီဆိုတာ (Minnesota) သတ်ဖြတ်မှုအပေါ် ကန့်ကွက်မှုများပြင်းထန်လာချိန်တွင် အိမ်ဖြူတော်က နောက်ဆုတ်မည့် အလားအလာများ စတင်ပြသလာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက မင်နီဆိုတာပြည်နယ်သို့ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များ အလုံးအရင်းနှင့်စေလွှတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုတ်မည့်လက္ခဏာများကို တနင်္လာနေ့တွင် ပြသခဲ့သည်။ ၎င်းသည် မြေပြင်မှ နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ကို အစားထိုးလဲလှယ်ခဲ့ပြီး ပြည်နယ်၏ ဒီမိုကရက်တစ်
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 32 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊