နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးက တိုက်ပွဲပြန်စတော့မည်ဟုပြောပြီးနောက် အသေအပျောက်များသော တိုက်ခိုက်မှုလှိုင်းများကို လုပ်ဆောင်ခဲ့ပြီး ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ပြိုကွဲသွားခဲ့သည်။

မတ်လ (၂၀) ရက်။

အပစ်အခတ်ရပ်စဲရေးကိုလေကြောင်းတိုက်ခိုက်ခြင်းဖြင့် ဖျက်စီးလိုက်ပြီးနောက် ‘ကျွန်တော်တို့ တိုက်ပွဲပြန်စမယ်’ ဟု နေတန်ယာဟုက အစ္စရေးတို့ကို ကတိပေးလိုက်သည်။

ဂါဇာကမ်းမြောင်ဒေသကို အင်္ဂါနေ့အစောပိုင်းတွင် အစ္စရေးက အသေအပျောက်များသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အပစ်အခတ်ရပ်စဲ‌ရေးကို ပယ်ဖျက်လိုက်ပြီးနောက် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဟားမတ်စ်ကို စစ်အင်အား တိုးမြှင့်အသုံးပြု တိုက်ခိုက်မည်ဟု ကတိပြုလိုက်သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ ညတွင်းချင်း နယ်မြေအနှံ့ နေရာအများအပြားကို ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အင်္ဂါနေ့တွင် ၁၅ လကျော်အတွင်း အသေအပျောက် အများဆုံးနေ့ကို ဂါဇာပြည်သူများက ကြုံတွေ့ခဲ့ရကြောင်း CNN ၏ စုံစမ်းမှုအရ သိရသည်။

တစ်လအတန်ကြာ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်လာပြီးနောက် ပါလက်စတိုင်းအာဏာပိုင်များ၏အဆိုအရ ထိုပြန်လည်တိုက်ခိုက်မှုသည် လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ရသည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဒ်ဇ် (Israel Katz) က “ဒီည ဂါဇာကမ်းမြောင်မှာ တိုက်ပွဲတွေကို ကျုပ်တို့ ပြန်စခဲ့တယ်” ဟု ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား လွန်ခဲ့သည့် ၂ ပတ်ကျော်က အဆင့် ၁ ပြီးဆုံးသွားခဲ့ပြီး နောက် ကျန်အစ္စရေးဓားစာခံများ လွတ်မြောက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးကို လုံခြုံရရှိစေမည့် လမ်းကြောင်းပေါ်သို့ နှစ်ဖက်စလုံးက ဟန်ချက်ညီညီထိန်းသိမ်း လုပ်ကိုင်နေစဥ် အပစ်အခတ်ရပ်စဲမှု ကျိုးပေါက်သွားခဲ့သည်။

အစ္စရေးစစ်တပ်နှင့် လုံခြုံရေးအေဂျင်စီက ၎င်းတို့သည် ဂါဇာရှိ ဟားမတ်စ်ပစ်မှတ်များကို “လက်ရှိအချိန်တွင် ပြင်းထန်စွာ တိုက်ခိုက်မှု” ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။ တုံ့ပြန်သည့်အနေနှင့် ဟားမတ်စ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နေတန်ယာဟုက ဖျက်ပစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး “ဂါဇာကမ်းမြောင်မှာ ဖမ်းဆီးထားတဲ့ ဓားစာခံများအပေါ် မသိနိုင်တဲ့ကံကြမ္မာနဲ့ အန္တရာယ်ကျ ရောက်စေတယ်” ဟု စွပ်စွဲပစ်တင်ခဲ့သည်။

အင်္ဂါနေ့ညက တယ်အဲဗစ်တွင် ပြောကြားရာတွင် အစ္စရေးက စစ်ရေးလှုပ်ရှားမှုကို သူတို့အနေနှင့် ခေတ္တရပ်ထားသော်လည်း ဓားစာခံများကို လွှတ်ပေးရန် သို့မဟုတ် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် အမေရိကန်၏ အဆိုပြုချက် ဟားမတ်စ်က ငြင်းဆိုထားကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။ “ဒါကြောင့် ဟားမတ်စ်ကို စစ်ရေးအရ လုပ်ဆောင်မှု လုပ်ဖို့ မနေ့က ခွင့်ပြုလိုက်တာပါ” ဟု ၎င်းက ဆိုသည်။

ဟားမတ်စ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် လတစ် အယ်ကွာနို (Abdul Latif Al-Qanou) က အဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက်မြင်တွေ့လိုပြီး စားပွဲပေါ်ရှိ အမေရိကန်၏ အဆိုပြုချက်အား ပယ်ချထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ စစ်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် ဟားမတ်စ်သည် ကြားဝင်ဖျန်ဖြေသူများနှင့် အဆက်မပြတ် အဆက်အသွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသမှ တာဝန်ရှိသူများက ညတွင်းချင်း တိုက်ခိုက်မှုအတွင်း ကလေး ၁၇၀ ကျော် သေဆုံးခဲ့ကြောင်း၊ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီက လွန်ခဲ့သည့်နှစ်အတွင်း တစ်ကမ္ဘာလုံးတွင် တစ်ရက်တည်း ကလေးသေဆုံးမှု အများဆုံးဖြစ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဂါဇာစီးတီးရှိ Al-Ahli ဆေးရုံတွင် Humanity Auxilium အဖွဲ့အစည်းမှ စေတနာ့ဝန်ထမ်း ဆရာဝန် ဒေါက်တာ ရာဇန်အယ် နာဟာ့စ် (Razan Al-Nahhas) က “ဒါဟာ လုံးဝကို ကြောက်စရာကောင်းပါတယ်။ “မိနစ်အနည်းငယ်အတွင်းမှာပဲ ပေါက်ကွဲသံတွေက ရှေ့နောက်ကြားနေရတယ်။”

CNN မှ ရရှိသောဗီဒီယိုများသည် ဂါဇာတခွင်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းများက မိသားစုများအ‌ပေါ် လွှမ်းမိုးနေပြီး မိမိချစ်ခင်ရသူများကို ဆေးရုံများသို့ အလျင်အမြန် ပို့ဆောင်ပေးကြသလို ကယ်ဆယ်ရေးသမားများက လူနာများအား လူနာတင်ယာဉ်များ သို့မဟုတ် ထမ်းစင်ပေါ် တင်ကာ ပို့ဆောင်ပေးကြသည်။

ဒဏ်ရာရသူ အများအပြားကို သွေးစွန်းနေသော စောင်များဖြင့် ဖုံးအုပ်ထားပြီး အချို့မှာ ၎င်းတို့၏ ခြေလက်များကို သွေးစွန်းနေသော ပတ်တီးများဖြင့် ပတ်ထားကြသည်။ တိုက်ခိုက်မှုတွေကြောင့် အရပ်သား နေအိမ်များ ပျက်စီးမှုနှင့် သေဆုံးမှုများ ရှိခဲ့သည်ဟု ဆေးရုံများက ပြောဆိုထားပါသည်။

အင်္ဂါနေ့နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်က ဂါဇာတွင် ကြီးမားသော ထိုးစစ်တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ရပ်ကွက်အများအပြားရှိ အရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့ပြီး နောက်ထပ် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခံရမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

‘သူတို့က အလောင်းတွေ ထပ်ခါထပ်ခါ သယ်ယူလာကြတယ်’

ဂါဇာမြို့တော်တွင် တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် စတင်ခဲ့ပြီး အယ် အလီ (Al-Ahli) ဆေးခန်းသည် လူနာများကို မပြတ်လက်ခံခဲ့ရကြောင်း ဂါဇာရှိ စေတနာ့ ဝန်ထမ်း ဆရာဝန်က ပြောကြားခဲ့သည်။ အသေအပျောက်အများစုမှာ ကလေးငယ်များ ဖြစ်ကြသည်ဟု ၎င်းက ဆိုသည်။

“မွေးကင်းစကလေးတွေ၊ ကလေးငယ်တွေ၊ ကြမ်းပြင်ပေါ်မှာသူတို့ ခေါင်းကနေ သွေးတွေထွက်၊ ဝမ်းဗိုက်က သွေးတွေ ထွက်နေတယ်။ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့” ဟု အယ် နာဟက်စ် (Al-Nahhas) က CNN သို့ ပြောကြားခဲ့သည်။

ဆေးရုံအဆောက်အဦတစ်ခုရှိ လသာဆောင်တစ်ခုမှ အယ် နာဟက်စ်က သူမသည် “အသတ်ခံခဲ့ရတဲ့ လူတွေရဲ့ အလောင်းတွေအားလုံးကို တန်းစီပြီး မြင်နိုင်ပါတယ်” ဟု ပြောပြီး ၎င်းတို့ထဲမှ အနည်းဆုံး ၅၀ မှာ အလောင်းထားသည့်နေရာမရှိသောကြောင့် “စောင်တွေနဲ့ ထုပ်ထားရတယ်” ဟု ပြောကြားခဲ့သည်။

၎င်းအခြေအနေသည်ကမ်းမြှောင်ဒေသ အဝန်းအဝိုင်းတွင် မြင်ရသည့်ပုံဖြစ်သည်။ အစ္စရေး၏ တိုက်ခိုက်မှုများသည် ဆေးဝါးပြတ်လပ်မှုနှင့် ပြင်းထန်သော ဆေးဘက်ဆိုင်ရာ ကိရိယာများ ချို့တဲ့မှုတို့ကြောင့် ပင်ပန်းနွမ်းနယ်နေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်ဟု ကမ်းမြှောင်ဒေသ အဝန်းအဝိုင်း၏အကြီးဆုံး ဆေးရုံအကြီးအကဲက ပြောကြားခဲ့သည်။

ဂါဇာရှိ Deir al-Balah ဧရိယာရှိ အပျက်အစီးများကြားတွင် ရပ်နေသော ဒေသခံ ရာဂျတ်အဘူ ဆူလ်တန် (Rajab Abu Sultan) က CNN သို့ “ကလေးအကြွင်းအကျန်များကို အပျက်အစီးများထဲမှ ဆွဲထုတ်လိုက်ပါပြီ” ဟု CNN သို့ ပြောကြားခဲ့သည်။ ဆယ်ယူရရှိသည့် အလောင်းများသည် အရပ်သားများ၊ ကလေးငယ်များဖြစ်ပြီး “ကြိုတင်သတိပေးချက်” မရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘လိုအပ်သလောက်’

အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာချိန်တွင် အစ္စရေး၏ တိုက်ခိုက်မှုများ ပြန်လည်စတင်လာသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယီမင်ရှိ ဟူသီသူပုန်များကို စစ်ရေးအရ ပြတ်ပြတ်သားသား အရေးယူရန် အမိန့်ပေးခဲ့ပြီး ပင်လယ်နီတွင် သင်္ဘောလမ်းကြောင်းများကို ပစ်မှတ်ထားနေသော အီရန်ကျောထောက်နောက်ခံပြုအဖွဲ့အား တိုက်ခိုက်သည့် နည်းလမ်းသစ်တစ်ခု ဖွင့်လှစ်ခဲ့ပြီးနောက် လူဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ရန်လိုမှုများ ရပ်တန့်သွားသည်အထိ အမေရိကန်နှင့် အစ္စရေး အကျိုးစီးပွားများကို ကာကွယ်ရန် ဆက်လက်တိုက်ခိုက်သွားမည်ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်၊ လူအသေအပျောက်များသော နယ်စပ်ဖြတ် ကျော်တိုက်ခိုက်မှုများသည် လက်ဘနွန်နှင့် ဆီးရီးယား၏ အစ္စလာမ္မစ်ဦးဆောင်သောအစိုးရသစ်တို့ ကြား တင်းမာမှုများ တိုးလာကြောင်း မီးမောင်းထိုးပြနေသည်။

အစ္စရေးသည် ဂါဇာကို တိုက်ခိုက်ခြင်းမပြုမီ ထရန့်အစိုးရအား အကြောင်းကြားခဲ့ကြောင်း အိမ်ဖြူတော်သတင်းထောက် ကာရိုလင်းလီဗစ် (Karoline Leavitt) က ပြောကြားခဲ့သည်။

အင်္ဂါနေ့နှောင်းပိုင်းတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန်က ဂါဇာကမ်းမြောင်ဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားရခြင်းအတွက် အပြစ်မှာ ဟားမတ်စ် တစ်ဖွဲ့တည်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟားမတ်စ်သည် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း ၎င်းတို့တင်ပြခဲ့သည့် အဆိုပြုချက်များနှင့် နောက်ဆုံးရက်အားလုံးကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် သံအမတ်ကြီး Dorothy Shea က ထပ်လောင်းပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး စတင်သည့် ဇန်နဝါရီ ၁၉ ရက်ကစ၍ ဂါဇာကမ်းမြောင်ဒေသအတွင်း တွင် အစ္စရေးစစ်တပ်က လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်နေသော်လည်း အင်္ဂါနေ့က လေကြောင်း တိုက်ခိုက်မှုများသည် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ကြိုးပမ်းမှုများကို ပြိုပျက်သွားစေသည့် အထင်ရှားဆုံးလက္ခဏာတရပ်ဖြစ်သည်။

ဟားမတ်၏ဓားစာခံများကို လွှတ်ပေးရန် အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး အမေရိကန် သမ္မတ ကိုယ်စားလှယ် စတိ့ဗ် ဝတ်ကော့ဗ် (Steve Witkoff) နှင့် ဖျန်ဖြေသူများထံမှ ကမ်းလှမ်းချက်အားလုံးကို ပယ်ချခဲ့ခြင်းကြောင့် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး ကာ့ဇ် တို့က စစ်ဆင်ရေးကို အမိန့်ပေးခဲ့ရသည်ဟုဆိုပြီးဟားမတ်ကို အပစ်တင်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် ဇန်နဝါရီတွင် အမျိုးသားလုံခြုံရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သော လက်ယာစွန်းအစ္စရေးနိုင်ငံရေးသမား အိုင်တာမာဘင်ဂျီဗာ (Itamar Ben Gvir) သည် ၎င်း၏ အော့ဇမာ ရဟူဒစ် (Otzma Yehudit) သို့မဟုတ် ဂျူးစွမ်းအား (Jewish Power) ပါတီနှင့်အတူ ဂါဇာတွင် အစ္စရေးစစ်တပ်က စစ်ပွဲပြန်လည်စတင်ပြီးနောက် အစိုးရသို့ ပြန်လည်ပူးပေါင်းမည်ဖြစ်သည်။

သို့သော် ဓားစာခံဟောင်းများနှင့် ဓားစာခံများနှင့် ပျောက်ဆုံးနေသော မိသားစုများဖိုရမ်မှ အဖွဲ့ဝင်များသည် အသစ်ပြန်လည်ပြုလုပ်သည့်ထိုးစစ်ကို ရှုတ်ချခဲ့ပြီး ကျန်ရှိသော ဓားစာခံများကို ထိခိုက်နိုင်သည်ဟု ပြောဆိုကာ ညှိနှိုင်းရေးစားပွဲသို့ ပြန်သွားရန် အစိုးရအား တိုက်တွန်းခဲ့သည်။

“စစ်တပ်စစ်ဆင်ရေးတွေက သူတို့ရဲ့အသက်ကို တိုက်ရိုက်အန္တရာယ်ဖြစ်စေပါတယ်” ဟု မကြာသေးမီက လွတ်မြောက်လာသော ဓားစာခံ ဆာရှာထရိုဖာနော့ဗ် (Sasha Troufanov) က တယ်အဗစ်မြို့ ၏ ဓားစာခံရင်ပြင်တွင် စုဝေးပွဲ၌ ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေးကာလ သက်တမ်းတိုးရေးနှင့် အကျဥ်းသားလဲလှယ်ပြီး ဟားမတ်စ်က ဖမ်းဆီးထားသည့် လက်တစ်ဆုပ်စာ ဓားစာခံများကို ပြန်လွှတ်ပေးရမည့် အဆိုပြုချက်အသစ်ကို အမေရိကန်က တင်သွင်းပြီး ရက်ပိုင်းအကြာမှာပဲ အစ္စရေးရဲ့ တိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်၏ အဆိုပြုချက်အောက်တွင် အစ္စရေးသည် ၎င်း၏ ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိတ်ဆို့ထားမှုကို ရုတ်သိမ်း ပေးမည်ဖြစ်ကြောင်း စေ့စပ်ညှိနှိုင်းမှုများနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်-အစ္စရေးစစ်သား အီဒန်အလက်ဇန်းဒါးနှင့် ဂါဇာတွင် ဓားစာခံအဖြစ် ဖမ်းဆီး ထားစဥ်သေဆုံးခဲ့သည့် နိုင်ငံသားလေးဦး၏ ရုပ်အလောင်းများကို ထုတ်ပေးရန် “၎င်း၏ခွင့်ပြုချက်” အပါအဝင် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် အဆိုပြုချက်ကို ဟားမတ်စ်က တုံ့ပြန်ခဲ့ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။

သို့သော် အင်္ဂါနေ့တွင် ဟားမတ်စ်ခေါင်းဆောင် အီဇက် အယ် ရီရှစ် (Ezzat al-Rishq) က လေကြောင်းတိုက်ခိုက်မှုအသစ်သည် နယ်မြေအတွင်း ကျန်ရှိနေသည့် အစ္စရေးဓားစာခံများ ကို သေဒဏ်ပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ကြီးမားကျယ်ပြန့်သော တိုက်ခိုက်မှုသည် အင်္ဂါနေ့က “ကြိုတင်ကာကွယ်ခြင်း” ဖြစ်သည်ဟု အစ္စရေးအရာရှိတစ်ဦးက ပြောကြားပြီး တိုက်ခိုက်မှုများကို လိုအပ်သရွေ့ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများအပြင် အခြားတိုက်ခိုက်မှုများကို တိုးချဲ့သွားမည်ဟု ပြောကြားခဲ့သည်။

ဟားမတ်စ်၏ “အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီး ပြန်လည်လူစုခြင်းနှင့်လက်နက်ပြန်လည်တပ်ဆင်ရန် အဆင်သင့်ဖြစ်နေခြင်း” အပေါ် အစ္စရေးအရာရှိက အသေးစိတ်အချက်အလက်များကို ပြောဆိုရန်ငြင်းဆိုခဲ့ပြီး သူတို့အဖွဲ့၏ တိုက်ခိုက်မှုများသည် ဟားမတ်စ်အဖွဲ့၏ “အလတ်တန်းစား ကွန်မင်ဒါများ၊ ခေါင်းဆောင်ပိုင်းအရာရှိများနှင့် အကြမ်းဖက်အခြေခံအဆောက်အအုံများ” ကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးကိုဟားမတ်စ်က ချိုးဖောက်ပြီး စစ်ရေးအရ အစ္စရေးကို တိုက်ခိုက်ရန် ပြင်ဆင်နေသည် ဟု အစ္စရေး၏ စွပ်စွဲမှုကို ဟားမတ်စ်က ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီး အစ္စရေးက ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများ ပြန်လည်စတင်ပြီးနောက် နာရီပိုင်းအကြာအထိတုံ့ပြန်မတိုက်ခိုက်ဘဲနေခဲ့သည်။

အစ္စရေးတပ်များကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းကြောင့် အစ္စရေးကစစ်ပွဲသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်ဟု အကြောင်းပြပြီး “လူထုအမြင်ကို လှည့်ဖြားရန်” ဒီဇိုင်းထုတ်ထားသည့် အခြေအမြစ်မရှိသော အကြောင်းပြချက်များဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ပြောကြားခဲ့သည်။

ဟားမတ်စ်သည် ရက်သတ္တပတ်များစွာအတွင်း အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းရှိကြောင်းအချက်အလက် မရှိခဲ့ပါ။ ဇန်နဝါရီ ၁၉ ရက် အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ချိန်မှစ၍ ၎င်း၏စစ်သားများအား ဂါဇာကမ်း မြောင်ဒေသတွင် တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ခဲ့ကြပုံရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော