နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဆောင်ရွက်မှုအသစ်ဖြင့် H-1B ဗီဇာများအတွက် ဒေါ်လာ ၁ သိန်း အခကြေးငွေပေးဆောင်ရန် ထရမ့်သတ်မှတ်

CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်

သမ္မတ ဒေါ်နယ်ထရမ့်သည် H-1B ဗီဇာများအတွက် လျှောက်လွှာကြေး ဒေါ်လာတသိန်း (၁၀၀,၀၀၀) သတ်မှတ်သည့် အမှုဆောင်အမိန့်တစ်ရပ်ကို သောကြာနေ့တွင် လက်မှတ်ရေး ထိုးခဲ့သည်။ ဤသည်မှာ သူ၏အစိုးရက အဆိုပါဗီဇာအစီအစဉ်ကို အလွန်အကျွံ အသုံးပြု နေသည်ဟု ဆိုသည့်အချက်ကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။

ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ အလုပ်သမားတွေ လိုအပ်ပြီး ဒီအစီအစဉ်က အဲဒီအတိုင်းဖြစ်လာမယ်ဆိုတာ သေချာစေပါတယ်” ဟု ထရမ့်က ဘဲဥပုံရုံးခန်းမှ ပြောကြား ခဲ့သည်။ ထိုနေရာတွင် တာဝန်ရှိသူများက အဆိုပါအစီအစဉ်သည် ကုမ္ပဏီများကို အမေရိကန် အလုပ်သမားများပိုမို ခန့်အပ်ရန် မက်လုံးပေးမည်ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် အထူးပြုနယ်ပယ်များတွင် အလွန်ကျွမ်းကျင်သော နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းနိုင်မည့် လမ်းကြောင်းတစ်ခုကိုလည်း ဖန်တီးပေးမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းပြခဲ့သည်။

ဤကြေညာချက်သည် အဆိုပါအခကြေးငွေကို ပေးဆောင်ခြင်းမရှိပါက အစီအစဉ်အရ နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းကို ကန့်သတ်သွားမည်ဖြစ်သည်။

ရွှေကတ်” အစီအစဉ်

သီးခြားအမိန့်တစ်ခုတွင် ထရမ့်က “ရွှေကတ်” (gold card) ဟုခေါ်သော လူဝင်မှု ကြီးကြပ်ရေးလမ်းကြောင်းတစ်ခုကို ဖန်တီးရန်လည်း ညွှန်ကြားခဲ့သည်။ သူ၏အဆိုအရ ယင်းအစီအစဉ်သည်မြင့်မားသော အခကြေးငွေပေးဆောင်သည့် အချို့သော ရွှေ့ပြောင်း နေထိုင်လိုသူများအတွက် ဗီဇာများကို အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်သည်။ ဤမူဝါဒအရ အမေရိကန်ဒေါ်လာ ၁ သန်း ပေးဆောင်သော နိုင်ငံခြားသားများအတွက် ဗီဇာများကို အမြန် ထုတ်ပေးမည်ဖြစ်ပြီး၊ ကုမ္ပဏီတစ်ခုက ၎င်းတို့အလုပ်ခန့်မည့် နိုင်ငံခြားသား အလုပ်သမား အတွက် ဒေါ်လာ ၂ သန်း ပေးဆောင်ပါက လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်ပေးမည် ဖြစ်သည်။

ဤလုပ်ဆောင်ချက်များသည် လူဝင်မှုကြီးကြပ်ရေးကို တင်းကျပ်ရန်နှင့် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုမည့် နိုင်ငံခြားသားအမျိုးအစားများအပေါ် ကန့်သတ်ချက်အသစ်များ ချမှတ်ရန် အစိုးရ၏ ကြိုးပမ်းမှုများစွာထဲမှ နောက်ဆုံးတစ်ခုဖြစ်သည်။ ၎င်းတို့သည် H-1B အလုပ်သမားများအပေါ် များစွာမှီခိုနေရသော စက်မှုလုပ်ငန်းများကို သိသိသာသာ ထိခိုက်စေမည့် အလားအလာရှိသည်။

H-1B ဗီဇာ နောက်ခံအကြောင်းအရာ

H-1B ဗီဇာသည် သုံးနှစ်သက်တမ်းရှိသော အလုပ်လုပ်ခွင့်ဗီဇာဖြစ်ပြီး နောက်ထပ်သုံးနှစ် သက်တမ်းတိုးနိုင်သည်။ စီးပွားရေးပညာရှင်များက ဤအစီအစဉ်သည် အမေရိကန် ကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်စွမ်းရှိစေပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ကြီးထွားစေကာ အမေရိကန်တွင် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်သည်ဟု ဆိုကြသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝါ့ဒ် လပ်နစ်(Howard Lutnick) က သောကြာနေ့ ညနေပိုင်းတွင် သတင်းထောက်များအား ပြောကြားရာ၌ အစိုးရသည် ကုမ္ပဏီများနှင့် ဆွေးနွေးပြီးနောက် တစ်နှစ်လျှင် ဒေါ်လာတသိန်း (၁၀၀,၀၀၀) နှင့် စိစစ်ခ ကုန်ကျစရိတ် များကို သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူက “ဒေါ်လာ ၃၀၀,၀၀၀ ကို ကြိုတင်ကောက်ခံမလား ဒါမှမဟုတ် သုံးနှစ်အတွက် တစ်နှစ်ကို ဒေါ်လာ ၁၀၀,၀၀၀ ကောက်ခံမလား” ဆိုသည့် ငွေပေးချေမှုပုံစံကို ပြည်တွင်း လုံခြုံရေးဌာနနှင့် ဆက်လက်ဆွေးနွေးနေဆဲဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ထရမ့်၏ ပြောင်းလဲနေသော ရပ်တည်ချက်

H-1B ဗီဇာအစီအစဉ်အပေါ် ထရမ့်၏ ရပ်တည်ချက်သည် အကြိမ်ကြိမ်ပြောင်းလဲခဲ့ပြီး ဤကိစ္စသည် သူ၏ထောက်ခံသူများအကြားတွင် ပြင်းထန်သော သဘောထားကွဲလွဲမှုများကို ဖြစ်စေခဲ့သည်။

သမ္မတသည် သူ၏ ပထမသက်တမ်းအတွင်း နိုင်ငံခြားသားအလုပ်သမားဗီဇာများကို ကန့်သတ်ခဲ့ပြီး H-1B အစီအစဉ်ကို ယခင်မိန့်ခွန်းများတွင် ပစ်မှတ်ထားပြောဆိုခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ် မဲဆွယ်ပွဲအတွင်း အမေရိကန်တက္ကသိုလ်တစ်ခုမှ ဘွဲ့ရခဲ့သော နိုင်ငံခြားသား အလုပ်သမားအချို့ကို တရားဝင်အဆင့်အတန်းပေးရန် အသင့်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

ထရမ့်သည် ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း အဆိုပါအစီအစဉ်ကို ကာကွယ်ပြောဆိုခဲ့ပြီး New York Post သတင်းစာကို သူက “H-1B ကို ယုံကြည်သူ” ဖြစ်ကြောင်း ပြောခဲ့သည်။

ကျွန်တော်က ဒီဗီဇာတွေကို အမြဲတမ်း သဘောကျတယ်။ ဒီဗီဇာတွေအတွက် အမြဲတမ်း ထောက်ခံခဲ့တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့မှာ ဒီဗီဇာတွေ ရှိနေတာပေါ့” ဟု ထရမ့်က ထိုအချိန်က သတင်းဌာနကို ပြောကြားခဲ့သည်။

ထရမ့်၏ ဤမှတ်ချက်များသည် စွန့်ဦးတီထွင်သူများဖြစ်သော အီလွန်မာ့ခ် နှင့် ဗီဗက်ရမ်ဆွာမိ (Vivek Ramaswamy) တို့က အဆိုပါအစီအစဉ်ကို ကာကွယ်ပြောဆိုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုနှစ်ဦးကို ထရမ့်က အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို ဦးဆောင်ရန် ကနဦးက တာဝန်ပေးခဲ့သည်။ သူတို့၏ ကာကွယ်ပြောဆိုမှုသည် လူဝင်မှုကြီးကြပ်ရေးကို ကန့်သတ်လိုသော MAGA ထောက်ခံသူများထံမှ ပြင်းထန်သော ဝေဖန်မှုများကို ဖြစ်စေခဲ့သည်။

လက်ရှိ H-1B အခြေအနေ

နှစ်စဉ် H-1B ဗီဇာ၆သောင်း၅ထောင်(၆၅,၀၀၀) ကို ထုတ်ပေးထားပြီး အမေရိကန်အဆင့်မြင့် ပညာရေးအဖွဲ့အစည်းများမှ ဘွဲ့လွန်ဒီဂရီရရှိထားသူများအတွက် နောက်ထပ်၂သောင်း (၂၀,၀၀၀) ကို သီးသန့်ချန်ထားသည်။ ဗီဇာအတွက် လိုအပ်ချက်သည် ပေးထားမှုထက် မကြာခဏ ပိုများနေသောကြောင့် မဲနှိုက်ရွေးချယ်သည့်စနစ်ကို အသုံးပြုရသည်။

ကုမ္ပဏီများစွာသည် ၎င်းတို့၏ လုပ်သားအင်အားကို ဖြည့်တင်းရန် H-1B ဗီဇာများကို အသုံးပြုကြသည်။ သို့သော် H-1B နှင့် အများဆုံးဆက်စပ်နေသည့် ကဏ္ဍမှာ နည်းပညာ ကဏ္ဍဖြစ်သည်။ နည်းပညာကုမ္ပဏီကြီးငယ်မရွေးက ၎င်းတို့အနေဖြင့် ပြည်တွင်းတွင် ရှာမတွေ့နိုင်သော လေ့ကျင့်သင်ကြားပြီးသား အရည်အချင်းရှိသူများကို ငှားရမ်းရန် H-1B အစီအစဉ် လိုအပ်သည်ဟု ဆိုကြသည်။

ထရမ့်သည် အမေရိကန်ကုမ္ပဏီများကို နိုင်ငံခြားသားအလုပ်သမားများ ငှားရမ်းခြင်းထက် အမေရိကန်လုပ်သားများကို ဦးစားပေးရန် တိုက်တွန်းသည့် သူ၏မူဝါဒ တစ်စိတ်တစ်ပိုင်း အဖြစ် H-1B ဗီဇာအစီအစဉ်ကို ယခင်က ဆန့်ကျင်ခဲ့သည်။ သူ၏ ၂၀၁၆ ခုနှစ် မဲဆွယ်ပွဲ အတွင်း ထရမ့်က အမေရိကန်ကုမ္ပဏီများသည် “အမေရိကန် အလုပ်သမားများနေရာတွင် လစာနည်းနည်းဖြင့် အစားထိုးရန် ရည်ရွယ်ချက်ဖြင့် H-1B ဗီဇာများကို” အသုံးပြု နေသည်ဟု စွပ်စွဲခဲ့သည်။

၂၀၂၀ ခုနှစ်တွင် ထရမ့်သည် Covid-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အခြေအနေများကို တုံ့ပြန်ရင်း တရားဝင်လူဝင်မှုကြီးကြပ်ရေးကို ထိန်းချုပ်ရန် သူ၏ အစိုးရ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် H-1B ဗီဇာများကို အကြိမ်ပေါင်းများစွာ ကန့်သတ်ခဲ့သည်။

ထရမ့်ကြေညာခဲ့သော “ရွှေကတ်” အစီအစဉ်သည် နိုင်ငံခြားသားအလုပ်သမားများအပေါ် နိုင်ငံ၏ရပ်တည်ချက်ကို ပြုပြင်ပြောင်းလဲရန် ဒီဇိုင်းထုတ်ထားပြီး၊ ရွှေ့ပြောင်း နေထိုင်သူ များထဲမှ စွန့်ဦးတီထွင်သူများနှင့် ဝင်ငွေမြင့်မားသူများကို ပိုမိုဆွဲဆောင်ရန် ရည်ရွယ်သည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝါ့ဒ် လပ်နစ် ၏ စိတ်ကူးဖြစ်သော ဤအစီအစဉ် သည် ဒေါ်လာ ၁ သန်း အခကြေးငွေပေးနိုင်သော နိုင်ငံခြားသားများ သို့မဟုတ် ၎င်းတို့ကို အလုပ်ရှင်က ထိုငွေပမာဏ၏ နှစ်ဆပေး၍ ခန့်အပ်မည့်သူများအတွက် ဝင်ရောက်မှုကို အရှိန်မြှင့်ပေးမည်ဖြစ်သည်။ သောကြာနေ့က ဘဲဥပုံရုံးခန်းတွင် ဟောင်းဝါ့ဒ် လပ်နစ် သည် အမေရိကန်တွင် အမြဲတမ်းနေထိုင်ပြီး အလုပ်လုပ်ကိုင်လိုသော ရွှေ့ပြောင်းနေထိုင်သူများ အတွက် လက်ရှိ green card (အမြဲတမ်းနေထိုင်ခွင့်ကတ်) လုပ်ငန်းစဉ်ကို ဝေဖန်ခဲ့ပြီး၊ ယင်းစနစ်သည် နိုင်ငံရပ်ခြားမှ “အနိမ့်ဆုံးအဆင့်” အလုပ်သမားများကို လက်ခံနေရသည့် အကျိုးဆက်ကို ဖြစ်စေသည်ဟု ဆိုခဲ့သည်။

ကျွန်တော်တို့က ထိပ်ဆုံးက ထူးချွန်တဲ့လူတွေကိုပဲ လက်ခံသွားမှာပါ” ဟု ဟောင်းဝါ့ဒ် လပ်နစ် က ရွှေကတ် အစီအစဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက