နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရမ့်က ဇလန်းစကီးကို “ အာဏာရှင်” ဟု ခေါ်ဆိုလိုက်သည်

ဖေဖော်ဝါရီလ (၂၀) ရက်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယူကရိန်းနဲ့ ရုရှားကြားစစ်ပွဲကို “ယူကရိန်းကစတင်တိုက်ခိုက်ခဲ့တယ်” လို့ မမှန်မကန် စွပ်စွဲလိုက်တဲ့အတွက် ယူကရိန်းသမ္မတ ဇလန်းစကီးက ၁၉ ရက်နေ့မှာ ထရမ့်ဟာ သတင်းမှားတွေနဲ့ ကြိုးကိုင်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။ ဇလန်းစကီးရဲ့ ဝေဖန်မှုအပေါ် ထရမ့်ဟာ ချက်ချင်းပင် ဇလန်းစကီးကို “ အာဏာရှင်” လို့ ခေါ်ဆိုလိုက်ပြီး စွပ်စွဲမှုတွေ ပြင်းထန်လာခဲ့ပါတယ်။

၁၈ ရက်နေ့က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ဆော်ဒီအာရေဗျမှာ အမေရိကန်နဲ့ ရုရှားတို့ တွေ့ဆုံပြီး နာရီပိုင်းအကြာမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ထရန့်က ရုရှားသမ္မတ ပူတင်နဲ့ ဒီလထဲမှာ အမြန်ဆုံး တွေ့ဆုံနိုင်ဖို့ အကြံပြုခဲ့ပါတယ်။ အဲ့ဒီချိန်မှာ ထရမ့်က “ ယူဒီစစ်ပွဲကို ကရိန်းက စတင်ခဲ့တာ ဖြစ်တယ်” “ ဇလန်းစကီးဟာ ပြည်တွင်းထောက်ခံမှု ၄ ရာနှုန်းပဲရှိတယ်” စတဲ့ တကယ့်အချက်အလက်တွေနဲ့ ကွဲပြားစွာ မမှန်မကန် ပြောဆိုခဲ့ပါတယ်။

အဲ့ဒီလို အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဇလန်းစကီးက “ ကံမကောင်းစွာပဲ ထရမ့်ဟာ မဟုတ်မမှန် သတင်းမှားတွေနဲ့ ကြိုးကိုင်နေတယ်” လို့ ထရမ့်ကို ဝေဖန်ခဲ့ပါတယ်။ ဇလန်းစကီးက ဝေဖန်လိုက်ပြီး နောက်နာရီအနည်းငယ်အကြာမှာတော့ ထရမ့်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် ဇလန်းစကီးကို “ အာဏာရှင်” လို့ ခေါ်ဆိုလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေအပေါ် မကျေနပ်ကြောင်း ယူကရိန်းက ထုတ်ဖော်ပြောဆိုပြီးနောက် ထရမ့်ရဲ့ မှားယွင်းတဲ့ ပြောဆိုမှုတွေ စတင်လာခဲ့ပါတယ်။ မှားယွင်းစွာ ထုတ်ဖော်ပြောဆိုမှုတွေဟာ ရုရှားရဲ့ ဆန္ဒအတိုင်း ဖြစ်လာပြီး ယူကရိန်းနိုင်ငံသားတွေကို ဒေါသထွက်စေခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ ရုရှားနိုင်က အဲ့ဒီပြောဆိုချက်တွေကို သဘောကျခီပြီး နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ်က ထရမ့်ဟာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို နားလည်သဘောပေါက်ပုံရတယ်” လို့ ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံ တောင်ပိုင်းခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်မှာ တစ်ဖက်သတ် သိမ်းပိုက်ခဲ့ပြီး စစ်ပွဲစတင်ခဲ့ကာ ၂၀၂၂ ခုနှစ်မှာ ကရိန်းနိုင်ငံကို ရုရှားက အပြည့်အ၀ ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။

ဇလန်းစကီးရဲ့ ထောက်ခံမှု ၄ ရာနှုန်း ရှိတယ်လို့ ပြောဆိုထားဟာ ရုရှားနိုင်ငံက ပြောဆိုထားတာဖြစ်ပြီး ယူကရိန်းနိုင်ငံ Kyiv International Institute of Sociology (KIIS) က အခုလအစောပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာတော့ ဇလန်းစကီးကို ထောက်ခံမှုဟာ ၅၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 10 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က