နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၁၇)ဦးသေကာ (၂၀)ဦးဒဏ်ရာရခဲ့

မတ်လ (၂၁)ရက်။

ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ တပ်မ(၁၀၁)က အင်အား (၂၀၀)ခန့်ရှိ စစ်ကောင်စီတပ်ကို ခြုံခိုစောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တပ်မ(၁၀၁)က အင်အား (၂၀၀)လောက်နဲ့ မြောင်မြို့နယ်ထဲ စကစတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာ။ အဲ့ဒီစစ်ကြောင်းကို နေ့လယ် (၁၂)ခွဲလောက် မြောင်မြို့နယ်က အပြန် လမ်းခုလတ်မှာ ခြုံခိုစောင့်ဆိုင်းပြီး သတ်ကွင်းထဲမှာ လက်နက်ကြီးငယ်‌တွေ ဒရုန်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။

မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို အပြန် လမ်းခုလတ်တနေရာမှာ ကာကွယ်ရေးရဲဘော်တွေက ခြုံခိုစောင့်ဆိုင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် Fixed Wing ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲဟာ (၂)နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က (၁၀)ဦး သေဆုံးခဲ့ပြီး (၂၇)ဦး ထိခိုက်ဒဏ်ရာတွေ အများအပြားရရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေထဲ (၇)ဦး ထပ်မံသေဆုံးခဲ့ကာ စစ်သုံ့ပန်း (၇)ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီဘက်က Su-30 တိုက်ခိုက်ရေးယာဥ်နဲ့ Rocket (၂)လုံး ပစ်ချခဲ့ကာ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ Rocket (၄)လုံး ပစ်ချခဲ့ပြီး ပွိုင့် (၅)နဲ့ ပစ်ကူခဲ့သလို ရေစကြိုမြို့ ထုတ်နှုတ်တပ်ဖြစ်တဲ့ ထွေ/အုပ်ရုံးက ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး တိုက်ပွဲထဲ မဟာမိတ်တပ်ပေါင်းစုတွေဘက်က (၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်) ရရှိခဲ့ပြီး စစ်ကောင်စီထံက ၆၀မမ စိန်ပြောင်းတစ်လက်၊ MA-10 တစ်လက်၊ MA-3 တစ်လက်၊ G-3 တစ်လက်နဲ့ ဒရုန်းတစ်စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ကလဲ စစ်ကောင်စီတပ်သားတွေ မြောင်မြို့နဲ့ ရေစကြိုနယ်အစပ် ကျွန်းခုံပေါ်ကို ရောက်ရှိချိန် မဟာမိတ်တပ်ပေါင်းစုတွေက လက်နက်ကြီးတွေနဲ့ လိုက်လံပစ်ခတ်ရာ ဖရိုဖရဲဖြစ်ပြီး နောက်ဆုတ်သွားတယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း
နဲ့အတူ စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း-MSPDF၊ကျေးရွာတပ်ပေါင်းစု(Myaung)၊ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ စစ်ကိုင်းခရိုင် Drone တပ်ရင်း၊စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း၊ စစ်ကိုင်းခရိုင်အမှတ်(၅)တပ်ရင်း၊ 9 Brothers၊ 11 Brothers၊ CDSOM၊ သွေးသောက်(ရေစကြို)၊ ဒေါင်းစစ်သည် ပြောက်ကြားတပ်ဖွဲ့၊ RBDF၊ Black Tiger၊ ဒေါင်းညီနောင်၊ ဇုန် (၆)ဇုန်၊ ဦးမန်း ဦးဆောင်တဲ့ ဒရုန်းအဖွဲ့၊ တလုပ်PDF၊ Wolf Brothers နဲ့ MRF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ရုံးဌာနတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 15 Views
ဇန်နဝါရီလ (၂)ရက်။ မနေ့က ဆင်ဖြူကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ထွေ/အုပ်ရုံးအပါအဝင် ထောက်တိုင် ရုံးဌာနတွေကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့
မြန်မာသတင်း

ဆိပ်ဖြူမြို့မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 18 Views
ဇန်နဝါရီလ (၂)ရက်။ ဒီဇင်ဘာလ (၃၀)ရက်နေ့က ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဒီပဲယင်းနယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 17 Views
ဇန်နဝါရီလ (၂)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်က ဒီပဲယင်းနယ် မူးကမ်းကြီးရွာရှိ စစ်ဘေးရှောင်တွေ‌ရှိတဲ့ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ည (၇)နာရီခွဲလောက် မူးကမ်းကြီးရွာမှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းကို
မြန်မာသတင်း

မြို့နယ်ပေါင်း (၃၇)မြို့နယ်ကို တော်လှန်ရေးတပ်တွေ အပြည့်အဝသိမ်းပိုက်ထား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 16 Views
ဇန်နဝါရီလ (၂)ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်အထိ တော်လှန်ရေးတပ်တွေ မြို့နယ်ပေါင်း (၃၇)မြို့နယ်ကို အပြည့်အဝသိမ်းပိုက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးအစီရင်ခံစာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ မြို့နယ်ပေါင်း (၄၁)မြို့နယ်ကို ဆက်လက်ဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့
မြန်မာသတင်း

မင်းကင်းမြို့နယ်မှာ ပကဖနဲ့ ပလဖ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 14 Views
ဇန်နဝါရီလ (၂) ရက်။ ဖြစ်စဥ်မှာ ဇန်နဝါရီလ (၁) ရက်နေ့ မနေ့ညက မင်းကင်းမြို့နယ် ရွာဘရွာက ကျေးရွာပအဖ ဦးချစ်ဌေးဆိုသူက အရက်မူးပြီး လက်တဖက်က လက်ပစ်ဗုံးကိုင် လက်တဖက်က ပစ္စတို ကိုင်ပြီး ဘုန်းကြီးကျောင်းထဲဝင်ပြီး ရမ်းကားနေလို့
မြန်မာသတင်း

ပဲခူးမြို့ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ချေမှုန်းခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 29 Views
ဇန်နဝါရီလ (၁)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က ပဲခူးမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပဲခူးမှာ စစ်တပ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြနေတဲ့အချိန် စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းကို
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂၈)ဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 28 Views
ဇန်နဝါရီလ (၁)ရက်။ ပြီးခဲ့တဲ့လထဲ ဝက်လက်နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာ (၁၄)ကြိမ်အထိ ရှိခဲ့တယ်လို့ Wetlet information network ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဝက်လက်အရှေ့ခြမ်းမှာ ဒီဇင်ဘာလထဲကို စစ်တပ်က ဂျက်ဖိုက်တာတွေ၊
မြန်မာသတင်း

ကရင်နီပြည်သူတွေရဲ့ လွတ်လပ်ရေးတိုက်ပွဲကို နိုင်ငံတကာက ထောက်ပံ့ကူညီဖို့ Karenni-IEC ဥက္ကဋ္ဌ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 27 Views
ဇန်နဝါရီလ (၁)ရက်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကရင်နီပြည်သူတွေရဲ့ တရားမျှတတဲ့ လွတ်လပ်ရေး‌တိုက်ပွဲကို ထောက်ပံ့ကူညီပေးဖို့ Karenni-IEC ဥက္ကဋ္ဌ ခူဦးရယ်ရဲ့ ဒီကနေ့ နှစ်သစ်သဝဏ်လွှာမှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။ “ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေနဲ့ မိမိတို့ ကရင်နီပြည်သူတွေရဲ့ တရားမျှတတဲ့