နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရန်အမိန့်ကို ထရန့် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။

မတ်လ (၂၁) ရက်။

သမ္မတ ဒေါ်နယ်ထရမ့်သည် ပညာရေးဌာနကို ဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို ကြာသပတေးနေ့တွင် စတင်ရန်အတွက် သမတအမိန့်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပြီး မဲဆွယ်စည်းရုံးရေးကတိကို ဖြည့်ဆည်းပေးမည့် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

သမ္မတထရန့်၏ အစီအစဉ်မှာ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းပြီး လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်အစိုးရများထံ ပြန်လည်လွှဲပြောင်းပေးရန် ဖြစ်သည်။

သမ္မတအိမ်ဖြူတော်တွင် ကြာသပတေးနေ့မွန်းလွဲပိုင်းက ကျင်းပသည့် အခမ်းအနားတတွင် ရီပတ်ဘလီကန်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်ပညာရေးမှူးများနှင့် ကျောင်းသားကလေးများကိုပါ လက်မှတ်ထိုးပွဲကို ဖိတ်ကြားခဲ့သည်။

“သမ္မတထရန့်၏ သမတအမိန့်သည် ပညာရေး အခွင့်အလမ်းများ တိုးချဲ့ရန် ဖြစ်ပြီး မိဘများ၊ ပြည်နယ်များ၊ နှင့်ဒေသခံလူ့အဖွဲ့အစည်းများကို ကျောင်းသားအားလုံးအတွက် ရလဒ်များ တိုးတက်လာစေရန်အချက်များကို ထိန်းသိမ်းထားနိုင်ရန် လုပ်ပိုင်ခွင့် အာဏာကို ပေးမှာဖြစ်တယ်” ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဟာရစ်ဆန်ဖီးဒ်စ် (Harrison Fields) က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပညာရေးဝန်ကြီးဌာနကို လုံးလုံးလျားလျား ပိတ်ပစ်ရန် ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက် လိုအပ်နေချိန်တွင် သမ္မတသည် ပညာရေးဌာနအား ပိတ်ပစ်ရန်နှင့် ပြည်နယ်များသို့ ပညာရေးဆိုင်ရာ အခွင့်အာဏာများကို ပြန်လည်ပေးအပ်ရန် လိုအပ်သည့် ခြေလှမ်းများ အားလုံးကို လုပ်ဆောင်ရန် သမ္မတက ပညာရေးဝန်ကြီး လင်ဒါ မက်က်မန် (Linda McMahon) အား ညွှန်ကြားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မသန်စွမ်းဖြစ်နေသောကျောင်းသားများသည် တဦးချင်းကျောင်းသားများအတွက် မသန်စွမ်း ပညာရေးဥပဒေအရ နှင့် Title I ဝင်ငွေနည်းပါးသော ကျောင်းများကို ထောက်ပံ့ခြင်းများနှင့် ဖက်ဒရယ် ကျောင်းသား ချေးငွေပေးချေမှု အစီအစဉ်အောက်တွင် ရှိသူများသည် ဤအမိန့် ကြောင့် ပြောင်းလဲသွားမည် မဟုတ်ကြောင်း အကြီးတန်းစီမံခန့်ခွဲရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင်သော ပညာရေးထောက်ခံသူများမှ ဥပဒေကြောင်းအရ အရေးယူရန် ပြင်ဆင်ထားပြီး သမ္မတ၏ အုပ်ချုပ်မှုအာဏာကို စမ်းသပ်ရန် အိမ်ဖြူတော်၏ နောက်ဆုံး လှုပ်ရှားမှုဖြစ်သည်။

သမတမဲဆွယ်စည်းရုံးရေးပြုလုပ်စဥ်တွင် ထရန့်သည် ပညာရေးဝန်ကြီးဌာနအား သမတ ရာထူးကိုနောက်တစ်ကြိမ် ပြန်လည်ရရှိခဲ့ပါက ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်း ရန် လုပ်ဆောင်မည်ဟု ဂတိပြုခဲ့သည်။ ဖက်ဒရယ်အစိုးရ၏ ပညာရေးဌာနအပေါ် လွန်ကဲစွာ စွက်ဖက်နေမှု လက္ခဏာအဖြစ် ထောက်ပြပြီး ယဉ်ကျေးမှု စစ်ပွဲဆိုင်ရာ (လိင်အမျိုးအစား ကွဲပြားမှုများ) ကိစ္စရပ်များနှင့် ချိတ်ဆက်ထားကြောင်းထောက်ပြခဲ့သည်။

“ငါ လင်ဒါမက်က်မန် Linda (McMahon) ကိုပြောခဲ့တယ်၊ ‘လင်ဒါ၊ မင်းလုပ်နေတဲ့အလုပ်ထုတ်တဲ့အလုပ်ကို မင်းကောင်းကောင်းနိုင်လုပ်မယ်လို့ ငါမျှော်လင့်တယ်။’ သူပညာရေးဌာနက အလုပ်တွေကို ထုတ်တဲ့ အလုပ်ကိုအားစိုက်လုပ်” ဟု ထရန့် က ဖေဖော်ဝါရီလတွင်ပြောကြားခဲ့သည်။

မျှော်လင့်ထားသည့် လက်မှတ်ရေးထိုးမှုသည် ယခုလအစောပိုင်းတွင် အေဂျင်စီမှ လုပ်သားအင်အား ၅၀% နီးပါးဖြတ်တောက်ကြောင်း ကြေငြာပြီးနောက်တွင် ဝန်ထမ်း ၁,၃၀၀ ခန့် အလုပ်ထုတ်ခံရပြီး ရာနှင့်ချီသော ဆန္ဒအလျောက် “လျှော်ကြေးလစာယူပြီးထွက်” သော ဝန်ထမ်းများလည်း ရှိကြောင်း သိရသည်။

သမဂ္ဂတွေက တုံ့ပြန်နေကြပြီ။

“‌ဒေါ်နယ်ထရန့် နဲ့ အီလွန်မတ်စ်ခ်တို့ဟာ အစိုးရကျောင်းတွေနဲ့ အမေရိကတလွှား ကျေးလက်၊ ဆင်ခြေဖုံးနဲ့ မြို့ပြအသိုင်းအဝိုင်းတွေမှာရှိတဲ့ ကျောင်းသား သန်း ၅၀ ရဲ့ အနာဂတ်အတွက် သူတို့ရဲ့ အဖျက်ယန္တရားထုခြေတဲ့အလုံးကြီးနဲ့ ပြည်သူ့ပညာရေးကို ဖျက်သိမ်းလိုက်ပြီး ဒီအတွက်ပိုလျှံလာတဲ့ငွေတွေကို ဘီလျံနာတွေအတွက် အခွန်လျော့ပေးတဲ့ နေရာမှာလိုငွေကို ဖြည့်ဆည်းဖို့ဖြစ်တယ် ” ဟု အမျိုးသားပညာရေးအသင်းဥက္ကဋ္ဌ ဘက်ကီ ပရင်ဂယ် (Becky Pringle) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အကယ်၍ အောင်မြင်ပါက၊ ထရန့်၏ဆက်လက်လုပ်ဆောင်မှုများသည် ကျောင်းသားများအားလုံးကို ထိခိုက်စေမည်ဖြစ်သည်။ တက်ရောက်နေသည့် အတန်းအရွယ်အစားများ မြင့်တက်ကြပ်တည်းလာခြင်း၊ အလုပ်အကိုင်လေ့ကျင့်ရေးပရိုဂရမ်များကို ဖြတ်တောက်ခြင်း၊ အဆင့်မြင့်ပညာရေးကို ပိုမိုစျေးကြီးစေပြီး လူလတ်တန်းစားမိသားစုများအတွက် လက်လှမ်းမမီမှု၊ မသန်စွမ်းကျောင်းသားများအတွက် အထူးပညာရေးဝန်ဆောင်မှုများကို ဖယ်ရှားခြင်းနှင့် ကျောင်းသား နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးခြင်းများကို ဖျက်သိမ်းခြင်းဖြင့် ကျောင်းသားအားလုံးကို ထိခိုက်နစ်နာစေလိမ့်မည်” ဟု သူမက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက