နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ကျန်ရှိသော ဓားစာခံများကို အစ္စရေးလက်သို့ မအပ်ပါက ဂါဇာကမ်းမြှောင်၏ အစိတ်အပိုင်းများကို အပြီးအပိုင် သိမ်းပိုက်ရန် အစ္စရေးပြော

မတ်လ (၂၁) ရက်။

ကျန်ရှိသော ဓားစာခံများကို အစ္စရေးလက်သို့ မအပ်ပါက ဂါဇာကမ်းမြှောင်၏ အစိတ်အပိုင်းများကို အပြီးအပိုင် သိမ်းပိုက်ရန် အစ္စရေးတပ်များကို အမိန့်ထုတ်ခဲ့သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ် (Israel Katz) က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဟားမတ်စ်တို့နှင့် နှစ်လကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက ယခုသီတင်းပတ်အတွင်း ချိုးဖောက်ခဲ့ပြီးနောက် ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ဆင်ရေးများ ပြန်လည်စတင်ခဲ့ပြီး လူပေါင်း ၆၀၀ နီးပါး သေဆုံးခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသကို အမည်ခံထိန်းချုပ်ထားတဲ့ စစ်သွေးကြွအုပ်စုက ဤစစ်ပွဲမတိုင်ခင်မှာ သေဆုံးသွားသည့် ဓားစာခံ ၅၉ ဦး၏ရုပ်အလောင်းများနှင့် အသက်ရှင်ကျန်နေသေးသည့်ဓားစာခံများကို ပြန်မပေးမချင်း ဝန်ကြီးချုပ်နေတင်ရာဟုအစိုးရက စစ်ဆင်ရေးများကို အရှိန်မြှင့်မည်ဟု ကတိပြုထားသည်။

“လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေပြီး အစ္စရေးအသိုင်းအဝိုင်းနဲ့ IDF စစ်သားတွေကို အကာအကွယ်ပေးဖို့ ဂါဇာတဝိုက် လုံခြုံရေးဇုန်တွေကို တိုးချဲ့ဖို့ IDF က ဂါဇာမှာ နောက်ထပ်နယ်မြေတွေကို သိမ်းပိုက်ဖို့ ညွှန်ကြားထားပါတယ်” ဟု ကတ်ဇ် (Katz) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဟားမတ်စ်တွေက ဓားစာခံတွေကို လွှတ်ပေးဖို့ ငြင်းဆိုမှုတွေ ပိုများလာလေလေ၊ နယ်မြေတွေ ဆုံးရှုံးလေလေ၊ အစ္စရေးက သိမ်းပိုက်နိုင်လေလေပဲ” ဟု သူကဆိုသည်။

ကတ်ဇ်သည် ဂါဇာကမ်းမြောင်ဒေသရှိ လူများကို တောင်ဘက်သို့ ရွှေ့ပြောင်းရန်နှင့် ဂါဇာဒေသခံများအတွက် ဆန္ဒအလျောက် ပြောင်းရွှေ့ရေး အစီအစဉ်များ အပါအဝင် စစ်ဘက်နှင့် အရပ်ဘက် ဖိအားပေးရေး အကုန်အကျပိုများသည့် အဆင့်အားလုံးကို အသုံးပြုမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်၊

“ပိုင်နက်နယ်မြေကို အစ္စရေးက အမြဲတမ်း ထိန်းချုပ်ထားခြင်းအားဖြင့် လုပ်ဆောင်သွားမယ်” ဟု သူက ထပ်လောင်း ပြောကြားခဲ့ပါသည်။

ဟားမတ်စ်က “စေ့စပ်ညှိနှိုင်းမှုရဲ့ အဓိက အချက်အချာနေရာမှာ ရှိနေပြီး” ဝစ်ကော့ဖ် (Witkoff) အဆိုပြုချက်နှင့် ဆွေး‌နွေးရေးစားပွဲပေါ်ရှိ အမျိုးမျိုးသော အကြံဉာဏ်များကို ဆွေးနွေးခြင်း အပါအဝင် ဖျန်ဖြေသူများနှင့် ထိတွေ့ဆက်ဆံနေကြောင်း ဟားမတ်စ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။

အဖွဲ့၏ ရည်ရွယ်ချက်မှာ “အကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်ပွဲအဆုံးသတ်ပြီး ဆုတ်ခွာပေးမည့် အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးကတည်းက နေတန်ယာဟုသည် ဓားစာခံမိသားစုများက သူတို့မိသားစုများ ပြန်လာရေးအတွက်အဆင်ပြေစေရန် ဆွေးနွေ ညှိနှိုင်းရန် တိုက်တွန်းနှိုးဆော်ထားပြီး တဖက်တွင်လည်း ၎င်း၏အစိုးရ လက်ယာညွန့်ပေါင်း အဖွဲ့ဝင်များက စစ်ပွဲကို ပြန်လည်မစတင်ပါက အစိုးရကို ပြိုလဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကြောင့် နှစ်ဖက်ဖိအားများနှင့် ရင်ဆိုင်ခဲ့ရပြီး အင်္ဂါနေ့တွင် ၎င်း၏စစ်တပ်သည် ဂါဇာကမ်းမြောင်သို့ တိုက်ခိုက်မှုများကို ဆင်နွှဲခဲ့ပြီး ဓားစာခံများကို ထပ်မံလွှတ်ပေးရန် ဟားမတ်စ်က ငြင်းဆန်မှုကြောင့်ဟု အပြစ်တင်ခဲ့သည်။

သို့သော် နေတန်ယာဟု၏ စွပ်စွဲချက်များသည် သဘောတူညီချက်၏ သဘောထားကို ထင်ဟပ်ခြင်း မရှိပေ။

အပစ်အခတ်ရပ်စဲရေး ပထမအဆင့်တွင် အစ္စရေးသည် ပါလက်စတိုင်း အကျဉ်းသား ၁၈၀၀ နှင့် ဓားစာခံ ၂၅ ယောက် ကို အလဲအလှယ်လုပ်ခဲ့ပြီး လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့သည့် ဟားမတ်စ် ဦးဆောင်သော အကြမ်းဖက် တိုက်ခိုက်မှုအတွင်း ဟားမတ်စ် မှ ဖမ်းဆီးသွားသော ဓားစာခံ ၂၅၀ အနက် ရှစ်ဦး၏ ရုပ်အလောင်းများကို ပြန်လည် လဲလှယ်ပေးခဲ့ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးက ထိုးစစ်ဆင်ပြီးနောက် လူပေါင်း ၄၉,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း ဒေသန္တရကျန်းမာရေးအရာရှိများ၏ ပြောကြားချက်များကို ယခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မှန်ကန်သောကိန်းဂဏန်းများဟု ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ပထမအဆင့်သည် မတ် ၁ ရက်က ပြီးဆုံးခဲ့ပြီး ၁၆ ရက်အကြာတွင် ကျန်ရှိသော ဓားစာခံများအားလုံးကို လဲလှယ်ခြင်းနှင့် အမြဲတမ်းအပစ်အခတ်ရပ်စဲရေး ထူထောင်ရေးတို့ ပါ၀င်သည့် ဒုတိယအဆင့်ကို ဆက်လက်အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။

အပစ်အခတ်ရပ်စဲရေး အဆင့်(၂) ကို ဆွေးနွေးရန်အတွက် ရက်ပေါင်း (၅၀) သက်တမ်းတိုးရန် အိမ်ဖြူတော်သံတမန် စတိ့ဗ် ဝတ်ကော့ဖ် (Steven Witkoff) တင်သွင်းသော အဆိုပြုချက်ကို နေတန်ယာဟုက သဘောတူခဲ့သည်။ ယင်းကို ဟားမတ်စ်အဖွဲ့က ချက်ချင်း ပယ်ချခဲ့သော်လည်း အစ္စရေးက သဘောတူ ရပ်တည်နေဆဲဖြစ်သည်ဟု ကတ်ဇ် (Katz) က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်က အစ္စရေး၏ ဆုံးဖြတ်ချက်အတိုင်း ရပ်တည်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားသော်လည်း ကတ်ဇ်၏သောကြာနေ့ မှတ်ချက်အပေါ် မှတ်ချက်ပေးရန် NBC News ၏ တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိသေးပေ။

“သူတို့က ဓားစာခံတွေ အားလုံးကို မလွှတ်ပေးဘူးဆိုရင်တော့ အားလုံး ငရဲကျလိမ့်မယ်လို့ ဟားမတ်စ်ကို သမ္မတက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်” ဟု အိမ်ဖြူတော်သတင်းထောက် ကာရိုလိုင်းလီဗစ် (Karoline Leavitt) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော