နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားနှင့် ယူကရိန်းတို့သည် အီစတာတစ်ရက်တာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြသည်။

ဧပြီလ (၂၀) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင် ကြေညာခဲ့သည့် “ အီစတာ တစ်ရက်တာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့တယ်” ဆိုပြီး ယူကရိန်းနဲ့ ရုရှားတို့တနင်္ဂနွေနေ့က တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ခဲ့ပြီး နှစ်ဖက်စလုံးက တစ်ဖက်က တိုက်ခိုက်မှုတွေကို ညတွင်းချင်းပဲ လုပ်ဆောင်ခဲ့ကြတယ်” ဟု စွပ်စွဲခဲ့ကြသည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက ရုရှားနိုင်ငံသည် အီစတာအပစ်အခတ်ရပ်စဲရေးကို ဂုဏ်ပြုသည့် အတုအယောင် အသွင်အပြင်ကို ဖန်တီးသည်ဟု စွပ်စွဲကာ ၎င်း၏တပ်ဖွဲ့များ သည် ရုရှား၏ ပစ်ခတ်မှု ၅၉ ကြိမ်နှင့် ရှေ့တန်းတလျှောက်ရှိ တပ်ဖွဲ့များမှ တိုက်ခိုက်ချေမှုန်းမှု ၅ ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု ဒါဇင်များစွာကို မှတ်တမ်းတင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“ အီစတာမနက်ခင်းမှာ ရုရှားစစ်တပ်က အပစ်အခတ်ရပ်စဲရေး လုပ်ထားတယ်ဆိုတဲ့ ယေဘူယျ အခြေအနေကို ဖန်တီးဖို့ ကြိုးစားနေတယ်လို့ ပြောနိုင်ပေမယ့် တချို့နေရာတွေမှာ ယူကရိန်းကို တိုးပြီး တိုက်ခိုက်နေပါတယ်” ဟု ဇလန်းစကီးက X တွင် ရေးသားထားသည်။

ယူကရိန်းသည် ရုရှား၏လုပ်ဆောင်ချက်များအတွက် အချိုးကျသောတုံ့ပြန် ချဉ်းကပ်မှုဟု လုပ်မည်ဟုကြေညာခဲ့သော်လည်း၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ စတင်၍ ရုရှား၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ တိုးလာသည်ဟု ဇလန်းစကီးက နောက်ပိုင်းတွင် သတင်းတစ်ရပ်တွင် ပြောကြားခဲ့သည်။ သို့သော် “အနည်းဆုံး၊ လေကြောင်းရန် တိုက်ခိုက်မှု ဥသြသံများ မကြားရခြင်းသည် ကောင်းသောအရာဖြစ်သည်” ဟုပြောသည်။

“ လက်တွေ့မှာတော့ ပူတင်က သူ့စစ်တပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိဘူး၊ ဒါမှမဟုတ် ရုရှားမှာ စစ်ပွဲအဆုံးသတ်ဖို့ စစ်မှန်တဲ့ လုပ်ဆောင်မှုတွေလုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး၊ ကောင်းမွန်တဲ့ သတင်းထုတ်ပြန်ချက် (PR) တွေကိုပဲ စိတ်ဝင်စားတယ်ဆိုတဲ့ အခြေအနေက သက်သေပြနေပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ယူကရိန်းတပ်ဖွဲ့များသည် ဒွန်းနက်စ် (Donetsk) ဒေသတွင် ညတွင်းချင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ရုရှားပိုင်နက်အတွင်းသို့ ဒရုန်း ၄၈ စင်း စေလွှတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏အဆိုအရ၊ အသေးစိတ်ဖော်ပြခြင်းမရှိဘဲ “ အရပ်သားပြည်သူများကြားတွင် သေဆုံးဒဏ်ရာရရှိမှုများ” ရှိကြောင်းပြောကြားခဲ့သည်။ ရုရှားတပ်များသည် အပစ်အခတ် ရပ်စဲရေးကို တင်းတင်းကျပ်ကျပ် လိုက်နာကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားသော ယူကရိန်းနိုင်ငံ ခါဆွန် (Kherson) ဒေသတွင် ရုရှားမှ တပ်စွဲထားသောနေရာရှိ အရာရှိများကလည်း ယူကရိန်းတပ်ဖွဲ့များကသူတို့အား ဆက်လက် တိုက်ခိုက် နေသည်ဟု ဆိုသည်။

ကရင်မလင်၏ ပြောကြားချက်အရ အပစ်အခတ်ရပ်စဲရေးသည် ညနေ ၆ နာရီအထိ တည်ရှိမည်ဖြစ်သည်။ မော်စကိုမြို့သည် စနေနေ့မှ အီစတာတနင်္ဂနွေနေ့ သန်းခေါင်ယံအချိန်ထိ အပစ်အခတ်ရပ်စဲမည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးကို မည်သို့စောင့်ကြည့်မည် သို့မဟုတ် လေကြောင်း တိုက်ခိုက်မှုများရပ်ဆိုင်းထားမည် သို့မဟုတ် မြေပြင်တိုက်ပွဲများကိုပါ အကျုံးဝင်မည် ဆိုသည်ကိုမူ ပူတင်က အသေးစိတ် ပြောကြားခြင်း မရှိပေ။

အီစတာအပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်နိုင်ရန် အခြေအနေ မရှိသည့်အတွက် သောကြာနေ့တွင် သမတထရန့်က ယူကရိန်းနဲ့ ရုရှားကြား စေ့စပ်ညှိနှိုင်းမှုတွေက အခက်အခဲဆုံး အခြေအနေ ရောက်နေပြီး သုံးနှစ်ကြာစစ်ပွဲကို အဆုံးသတ်ဖို့ တွန်းအားပေးနေတဲ့သူ့ကို နှစ်ဖက်စလုံးက ကစားနေလို့ မရဘူးလို့ သမ္မတထရန့်က သောကြာနေ့မှာ ပြောကြားခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 31 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 144 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 61 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ