နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားနှင့် ယူကရိန်းတို့သည် အီစတာတစ်ရက်တာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြသည်။

ဧပြီလ (၂၀) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင် ကြေညာခဲ့သည့် “ အီစတာ တစ်ရက်တာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့တယ်” ဆိုပြီး ယူကရိန်းနဲ့ ရုရှားတို့တနင်္ဂနွေနေ့က တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ခဲ့ပြီး နှစ်ဖက်စလုံးက တစ်ဖက်က တိုက်ခိုက်မှုတွေကို ညတွင်းချင်းပဲ လုပ်ဆောင်ခဲ့ကြတယ်” ဟု စွပ်စွဲခဲ့ကြသည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက ရုရှားနိုင်ငံသည် အီစတာအပစ်အခတ်ရပ်စဲရေးကို ဂုဏ်ပြုသည့် အတုအယောင် အသွင်အပြင်ကို ဖန်တီးသည်ဟု စွပ်စွဲကာ ၎င်း၏တပ်ဖွဲ့များ သည် ရုရှား၏ ပစ်ခတ်မှု ၅၉ ကြိမ်နှင့် ရှေ့တန်းတလျှောက်ရှိ တပ်ဖွဲ့များမှ တိုက်ခိုက်ချေမှုန်းမှု ၅ ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု ဒါဇင်များစွာကို မှတ်တမ်းတင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“ အီစတာမနက်ခင်းမှာ ရုရှားစစ်တပ်က အပစ်အခတ်ရပ်စဲရေး လုပ်ထားတယ်ဆိုတဲ့ ယေဘူယျ အခြေအနေကို ဖန်တီးဖို့ ကြိုးစားနေတယ်လို့ ပြောနိုင်ပေမယ့် တချို့နေရာတွေမှာ ယူကရိန်းကို တိုးပြီး တိုက်ခိုက်နေပါတယ်” ဟု ဇလန်းစကီးက X တွင် ရေးသားထားသည်။

ယူကရိန်းသည် ရုရှား၏လုပ်ဆောင်ချက်များအတွက် အချိုးကျသောတုံ့ပြန် ချဉ်းကပ်မှုဟု လုပ်မည်ဟုကြေညာခဲ့သော်လည်း၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ စတင်၍ ရုရှား၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ တိုးလာသည်ဟု ဇလန်းစကီးက နောက်ပိုင်းတွင် သတင်းတစ်ရပ်တွင် ပြောကြားခဲ့သည်။ သို့သော် “အနည်းဆုံး၊ လေကြောင်းရန် တိုက်ခိုက်မှု ဥသြသံများ မကြားရခြင်းသည် ကောင်းသောအရာဖြစ်သည်” ဟုပြောသည်။

“ လက်တွေ့မှာတော့ ပူတင်က သူ့စစ်တပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိဘူး၊ ဒါမှမဟုတ် ရုရှားမှာ စစ်ပွဲအဆုံးသတ်ဖို့ စစ်မှန်တဲ့ လုပ်ဆောင်မှုတွေလုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး၊ ကောင်းမွန်တဲ့ သတင်းထုတ်ပြန်ချက် (PR) တွေကိုပဲ စိတ်ဝင်စားတယ်ဆိုတဲ့ အခြေအနေက သက်သေပြနေပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ယူကရိန်းတပ်ဖွဲ့များသည် ဒွန်းနက်စ် (Donetsk) ဒေသတွင် ညတွင်းချင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ရုရှားပိုင်နက်အတွင်းသို့ ဒရုန်း ၄၈ စင်း စေလွှတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏အဆိုအရ၊ အသေးစိတ်ဖော်ပြခြင်းမရှိဘဲ “ အရပ်သားပြည်သူများကြားတွင် သေဆုံးဒဏ်ရာရရှိမှုများ” ရှိကြောင်းပြောကြားခဲ့သည်။ ရုရှားတပ်များသည် အပစ်အခတ် ရပ်စဲရေးကို တင်းတင်းကျပ်ကျပ် လိုက်နာကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားသော ယူကရိန်းနိုင်ငံ ခါဆွန် (Kherson) ဒေသတွင် ရုရှားမှ တပ်စွဲထားသောနေရာရှိ အရာရှိများကလည်း ယူကရိန်းတပ်ဖွဲ့များကသူတို့အား ဆက်လက် တိုက်ခိုက် နေသည်ဟု ဆိုသည်။

ကရင်မလင်၏ ပြောကြားချက်အရ အပစ်အခတ်ရပ်စဲရေးသည် ညနေ ၆ နာရီအထိ တည်ရှိမည်ဖြစ်သည်။ မော်စကိုမြို့သည် စနေနေ့မှ အီစတာတနင်္ဂနွေနေ့ သန်းခေါင်ယံအချိန်ထိ အပစ်အခတ်ရပ်စဲမည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးကို မည်သို့စောင့်ကြည့်မည် သို့မဟုတ် လေကြောင်း တိုက်ခိုက်မှုများရပ်ဆိုင်းထားမည် သို့မဟုတ် မြေပြင်တိုက်ပွဲများကိုပါ အကျုံးဝင်မည် ဆိုသည်ကိုမူ ပူတင်က အသေးစိတ် ပြောကြားခြင်း မရှိပေ။

အီစတာအပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်နိုင်ရန် အခြေအနေ မရှိသည့်အတွက် သောကြာနေ့တွင် သမတထရန့်က ယူကရိန်းနဲ့ ရုရှားကြား စေ့စပ်ညှိနှိုင်းမှုတွေက အခက်အခဲဆုံး အခြေအနေ ရောက်နေပြီး သုံးနှစ်ကြာစစ်ပွဲကို အဆုံးသတ်ဖို့ တွန်းအားပေးနေတဲ့သူ့ကို နှစ်ဖက်စလုံးက ကစားနေလို့ မရဘူးလို့ သမ္မတထရန့်က သောကြာနေ့မှာ ပြောကြားခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 24 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 19 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 42 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 41 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 42 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 50 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 38 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့