နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားနှင့် ယူကရိန်းတို့သည် အီစတာတစ်ရက်တာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြသည်။

ဧပြီလ (၂၀) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင် ကြေညာခဲ့သည့် “အီစတာ တစ်ရက်တာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့တယ်” ဆိုပြီး ယူကရိန်းနဲ့ ရုရှားတို့တနင်္ဂနွေနေ့က တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ခဲ့ပြီး နှစ်ဖက်စလုံးက တစ်ဖက်က တိုက်ခိုက်မှုတွေကို ညတွင်းချင်းပဲ လုပ်ဆောင်ခဲ့ကြတယ်” ဟု စွပ်စွဲခဲ့ကြသည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက ရုရှားနိုင်ငံသည် အီစတာအပစ်အခတ်ရပ်စဲရေးကို ဂုဏ်ပြုသည့် အတုအယောင် အသွင်အပြင်ကို ဖန်တီးသည်ဟု စွပ်စွဲကာ ၎င်း၏တပ်ဖွဲ့များ သည် ရုရှား၏ ပစ်ခတ်မှု ၅၉ ကြိမ်နှင့် ရှေ့တန်းတလျှောက်ရှိ တပ်ဖွဲ့များမှ တိုက်ခိုက်ချေမှုန်းမှု ၅ ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု ဒါဇင်များစွာကို မှတ်တမ်းတင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“အီစတာမနက်ခင်းမှာ ရုရှားစစ်တပ်က အပစ်အခတ်ရပ်စဲရေး လုပ်ထားတယ်ဆိုတဲ့ ယေဘူယျ အခြေအနေကို ဖန်တီးဖို့ ကြိုးစားနေတယ်လို့ ပြောနိုင်ပေမယ့် တချို့နေရာတွေမှာ ယူကရိန်းကို တိုးပြီး တိုက်ခိုက်နေပါတယ်” ဟု ဇလန်းစကီးက X တွင် ရေးသားထားသည်။

ယူကရိန်းသည် ရုရှား၏လုပ်ဆောင်ချက်များအတွက် အချိုးကျသောတုံ့ပြန် ချဉ်းကပ်မှုဟု လုပ်မည်ဟုကြေညာခဲ့သော်လည်း၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ စတင်၍ ရုရှား၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ တိုးလာသည်ဟု ဇလန်းစကီးက နောက်ပိုင်းတွင် သတင်းတစ်ရပ်တွင် ပြောကြားခဲ့သည်။ သို့သော် “အနည်းဆုံး၊ လေကြောင်းရန် တိုက်ခိုက်မှု ဥသြသံများ မကြားရခြင်းသည် ကောင်းသောအရာဖြစ်သည်” ဟုပြောသည်။

“လက်တွေ့မှာတော့ ပူတင်က သူ့စစ်တပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိဘူး၊ ဒါမှမဟုတ် ရုရှားမှာ စစ်ပွဲအဆုံးသတ်ဖို့ စစ်မှန်တဲ့ လုပ်ဆောင်မှုတွေလုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး၊ ကောင်းမွန်တဲ့ သတင်းထုတ်ပြန်ချက် (PR) တွေကိုပဲ စိတ်ဝင်စားတယ်ဆိုတဲ့ အခြေအနေက သက်သေပြနေပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ယူကရိန်းတပ်ဖွဲ့များသည် ဒွန်းနက်စ် (Donetsk) ဒေသတွင် ညတွင်းချင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ရုရှားပိုင်နက်အတွင်းသို့ ဒရုန်း ၄၈ စင်း စေလွှတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏အဆိုအရ၊ အသေးစိတ်ဖော်ပြခြင်းမရှိဘဲ “အရပ်သားပြည်သူများကြားတွင် သေဆုံးဒဏ်ရာရရှိမှုများ” ရှိကြောင်းပြောကြားခဲ့သည်။ ရုရှားတပ်များသည် အပစ်အခတ် ရပ်စဲရေးကို တင်းတင်းကျပ်ကျပ် လိုက်နာကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားသော ယူကရိန်းနိုင်ငံ ခါဆွန် (Kherson) ဒေသတွင် ရုရှားမှ တပ်စွဲထားသောနေရာရှိ အရာရှိများကလည်း ယူကရိန်းတပ်ဖွဲ့များကသူတို့အား ဆက်လက် တိုက်ခိုက် နေသည်ဟု ဆိုသည်။

ကရင်မလင်၏ ပြောကြားချက်အရ အပစ်အခတ်ရပ်စဲရေးသည် ညနေ ၆ နာရီအထိ တည်ရှိမည်ဖြစ်သည်။ မော်စကိုမြို့သည် စနေနေ့မှ အီစတာတနင်္ဂနွေနေ့ သန်းခေါင်ယံအချိန်ထိ အပစ်အခတ်ရပ်စဲမည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးကို မည်သို့စောင့်ကြည့်မည် သို့မဟုတ် လေကြောင်း တိုက်ခိုက်မှုများရပ်ဆိုင်းထားမည် သို့မဟုတ် မြေပြင်တိုက်ပွဲများကိုပါ အကျုံးဝင်မည် ဆိုသည်ကိုမူ ပူတင်က အသေးစိတ် ပြောကြားခြင်း မရှိပေ။

အီစတာအပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်နိုင်ရန် အခြေအနေ မရှိသည့်အတွက် သောကြာနေ့တွင် သမတထရန့်က ယူကရိန်းနဲ့ ရုရှားကြား စေ့စပ်ညှိနှိုင်းမှုတွေက အခက်အခဲဆုံး အခြေအနေ ရောက်နေပြီး သုံးနှစ်ကြာစစ်ပွဲကို အဆုံးသတ်ဖို့ တွန်းအားပေးနေတဲ့သူ့ကို နှစ်ဖက်စလုံးက ကစားနေလို့ မရဘူးလို့ သမ္မတထရန့်က သောကြာနေ့မှာ ပြောကြားခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 93 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 89 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 105 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက