နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အစိုးရပိတ်သိမ်း (Government shutdown) ရမယ့် အခြေအနေကို မလုပ်ဘဲ အစိုးရအသုံးစရိတ်ကို အတည်ပြုပေးခဲ့သည့် ဒီမိုကရက်အထက်လွှတ်တော်အမတ်များ၏ လုပ်ဆောင်ချက်က မှန်ကန်ကြောင်း သက်သေပြနေပါသည်။

ရီပတ်ပလီကင်ပါတီ (GOP) ရန်ပုံငွေဥပဒေမူကြမ်းကို အတည်ပြုခွင့်ပြုခြင်းသည် ဒီမိုကရက်များအနေနှင့် ထရန့်၏အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေခြင်းကို ဆက်လက် အာရုံစိုက်နိုင်စေသည်ဟု ဆိုသည်။

ဆီးနိတ်ဒီမိုကရက်တစ်အုပ်စုသည် မတ်လတွင် အစိုးရရန်ပုံငွေဥပဒေကြမ်းကိုကူညီပြီး အတည်ပြုပေးလိုက်သည့်အတွက် ပါတီတွင်း ကြီးမားသောအကွဲအပြဲ ဖြစ်စေခဲ့သည်။ အောက်ခြေဒီမိုကရက်တစ်များသည် ထရန့်အစိုးရပိတ်သိမ်းသွားရေးအတွက် စိတ်အားထက်သန်နေချိန်တွင် အထက်လွတ်တော် ဆီးနိတ်ဒီမိုကရက်အမတ်များက အစိုးရဘတ်ဂျက်ကို ရီပတ်ပလီကင်အမတ်များနှင့်အတူ အတည်ပြုပေးခဲ့သည်။

သို့သော် တစ်လကျော်အကြာတွင် သမ္မတဒေါ်နယ်ထရန့်၏ အကောက်ခွန်မူဝါဒသည် စတော့ဈေးကွက်အတွင်း သမိုင်းဝင် အပြောင်းအရွှေ့ အတက်အကျများနှင့် စီးပွားရေး မရေရာ မသေချာမှုပြဿနာများဖြစ်လာပြီး ယင်းပြဿနာများသည် ထရန့်၏ပခုံးပေါ်သို့ ကျရောက်လာခဲ့သည်။ ထရန့်အစိုးရကို လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်စေရန် ခွင့်ပြုမှုအတွက် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရသော ဒီမိုကရက်များသည် ယခုအခါ သူတို့ဆုံးဖြတ်ချက်မှန်သည်ဟု ခံစားနေရသည်။

“ကျွန်တော် လုပ်ခဲ့တာ မှန်တယ်” ဟု မိန်းပြည်နယ်မှ အထက်လွှတ်တော်အမတ် ဆီနေတာ အန်းဂပ်ကင်း (Angus King ၊ I-Maine) က ဒီမိုကရက်များနှင့် ထိပ်တိုက်တွေ့ဆုံမှုတွင် အစိုးရကို လုပ်ငန်းများဆောင်ရွက်ခွင့်ကို ဆက်လက်ဖွင့်ပေးထားရန် ၎င်း၏မဲပေးခဲ့မှုကို NBC News သို့ ပြောကြားခဲ့သည်။

“အစိုးရကို ပိတ်လိုက်တာက ထရန့်နဲ့ အီလွန်မတ်စ်တို့ကို သူတို့လုပ်နေတာတွေကို ပိုမိုအားပေးလုပ်ဆောင်ဖို့ ဖြစ်လာနိုင်တယ်လို့ အခြားသူတွေက သုံးသပ်ခဲ့ကြပါတယ်” ဟု ကင်းကပြောကြားခဲ့သည်။ ” ကျွန်တော်တို့က သူ့ကို လက်ဆောင် ပေးလိုက်သလို ဖြစ်သွားတာပါ။ Government shutdown ဖြစ်အောင် လုပ်လိုက်လို့ ပြဿနာဖြစ်လာရင် စီးပွားရေးမကောင်းတာ မှန်သမျှ ကျွန်တော်တို့ (ဒီမိုကရက်တစ်တွေ) ကို အပြစ်ပုံချလိမ့်မယ်”

ရီပတ်ဘလစ်ကန်များနှင့်အတူ ခြောက်လကြာ ရန်ပုံငွေဥပဒေကြမ်းကို အထက်လွှတ်တော် ဒီမိုကရက် ပါတီအမတ် ၁၀ ဦးက ထောက်ခံမဲပေးခဲ့ကြသည်။ အထူးသဖြင့် အီလွန်မာ့စ်၏ အစိုးရ စွမ်းဆောင်ရည်ဌာနမှ အကောင်အထည်ဖော်နေသည့် ဖြတ်တောက်မှုများတွင် အစိုးရ ပိတ်ပစ်မည့် မသေချာ မရေရာမှုများကြောင့် အများစုက ရန်ပုံငွေဥပဒေကြမ်းကို အတည်ပြုပေးခဲ့ကြသည်။

အစိုးရ ပြန်ဖွင့်သည်နှင့်တပြိုင်နက် အလုပ်ထုတ်ပယ်မှုများ ပြုလုပ်ရန် ဖက်ဒရယ်ဝန်ထမ်းများကို ပစ်မှတ်ထားခံရခြင်းဖြစ်မည်ကို ဒီမိုကရက်များက စိုးရိမ်ပူပန်ခဲ့ကြသည်။ သို့မဟုတ် ပြန်လည်ဖွင့်လှစ်ခြင်းဖြင့် လိုအပ်သည့်အစီအစဉ်များကို ကွန်ဂရက်လွှတ်တော်တွင် မည်သည့်အစီအစဥ်များကို ပြန်လည်အတည်ပြု ပြဋ္ဌာန်းရန်နှင့် မည်သည့်အစီအစဥ်ကို စောင့်ဆိုင်းထားဖို့ဆိုသည့် ကိစ္စရပ်များတွင် ကွန်ဂရက်လွှတ်တော်၌ ဖရိုဖရဲဖြစ်စေမည့် နာကျင်စရာ တိုက်ပွဲကို ဖန်တီးလာမည်ကို စိုးရိမ်နေကြသည်။

“ပိတ်သိမ်းလိုက်ရရင် ကျွန်တော်တို့ ဘာဆက်လုပ်မယ် ဒါမှမဟုတ် အဲ့ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာကို စဥ်းစားပြီး ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်” ဟု မစ်ရှီဂန် ဒီမိုကရက် အထက်လွှတ်တော် အမတ် ဂဲရီ ပီထရက်စ် (Gary Peters) က NBC News သို့ ၎င်းတို့သည် ရန်ပုံငွေဥပဒေကြမ်းအား မဲခွဲဆုံးဖြတ်မည်ဆိုပါက မည်သို့ မည်ပုံ ဖြစ်လာမည်ကို ပြောပြခဲ့သည်။

“အစိုးရကိုရပ်ဆိုင်းသွားအောင် မပြုရဘူးလို့ ပြင်းပြင်းထန်ထန်ခံစားရတဲ့ အဓိကအကြောင်းရင်းကတော့ ရပ်ဆိုင်းလိုက်တာနဲ့ သမ္မတကို အခြေခံအားဖြင့် အာဏာကို ပုံပြီးလွှဲအပ်လိုက်သလို ဖြစ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဒီမိုကရက်တစ်များအတွင်း နက်ရှိုင်းစွာ ကွဲပြဲကြခြင်း

+++++++++++++

အစိုးရကို ရပ်ဆိုင်းသွားရန် ဘတ်ဂျက်ကို တားဆီးရန် မဲခွဲဆုံးဖြတ်ခဲ့ကြသော ဒီမိုကရက်အများစုသည် ရန်ပုံငွေဥပဒေကြမ်းကို တားဆီးရေးသည် ၎င်းတို့၏ တစ်ခုတည်းသော အပေးအယူလုပ်ရန် ဆွဲကိုင်နိုင်သည့်လက်နက်တစ်ခုအဖြစ် မြင်ကြသည်။ ရီပတ်ပလီကင်များက အိမ်ဖြူတော်နှင့် လွှတ်တော်၂ရပ်လုံးကို စိုးမိုးထားနိုင်သည့် အခြေအနေတွင် ရန်ပုံငွေဆိုင်ရာ ဥပဒေသည် အထက်လွှတ်တော်တွင် ထောက်ခံမဲ ၆၀ လိုအပ်ဆဲဖြစ်ပြီး ဒိမိုကရက်များကို အထက်လွှတ်တော်တွင် ထိုဥပ‌ဒေကို ဆန့်ကျင်ပြီး ပိတ်ဆို့နိုင်ချေ ရှိခဲ့သည်။

“ကျွန်တော် အဝေဖန်ခံပြီး မဲပေးလိုက်ရတယ်” ဟု ပင်ဆယ်ဗေးနီးလားဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျွန်ဖက်တာမင် (John Fetterman) က NBC သတင်း သို့ ပြောကြားခဲ့သည်။ “ငါတို့မထောက်ခံဘဲ လုပ်လိုက်တာကြောင့် အစိုးရအတွင်းမှာ ပြဿနာအကြီး အကျယ်တက်ပြီး တစ်လလောက် ပိတ်ထားလိုက်ရရင် အခု ဘယ်လို ဖြစ်နေမလဲ” “ကျွန်တော်တို့အပေါ် အကြွေးလာတင်တော့မှာပေါ့ ကျွန်တော်တို့ လုပ်လို့ဆိုပြီး ဖြစ်မှာပေါ့ ” ဟု ဂျွန်ဖက်တာမင် ကဆိုသည်။

နယူးဟမ်ရိုင်းယားမှ ဒီမိုကရက် အထက်လွှတ်တော်အမတ်ဂျင်နီရှာဟင်း( Jeanne Shaheen) က “ဒီဆုံးဖြတ်ချက်က သူ့အလိုလို သက်သေပြသွားပြီလို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ဒါပေမယ့် မေးတဲ့သူတွေကို ရှင်းပြတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက စီးပွားရေးက ကျဆင်းပြီးတောင်ပိုင်းကို ရောက်သွားရင် သမ္မတက ဒီမိုကရက်တွေကို အပြစ်တင်မယ်၊ ဒါက ဘယ်သူ့ကိုမှ အကျိုးစီးပွားရှိစေမှာ မဟုတ်ဘူးလို့ ညွှန်ပြနေတယ်” ဟု သူမက ဆိုသည်။

သို့သော် ရန်ပုံငွေဥပဒေကြမ်းကို ပိတ်ဆို့ရန် မဲပေးခဲ့ကြသော ဒီမိုကရက်များသည် ၎င်းတို့၏ မဟာဗျူဟာသည် မှန်ကန်သည်ဟု ထင်မြင်ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဘတ်ဂျက်ဆုံးဖြတ်ချက် (CR) ကို ထောက်ခံသင့်တယ်လို့ မထင်ပါဘူး၊ ဥပဒေအရ အုပ်ချုပ်ရေးက လိုက်နာဖို့ ကတိကဝတ် မပေးဘူးဆိုရင် အနာဂတ်မှာ CR ကို ပံ့ပိုးပေးသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ကာလီဖိုးနီးယားမှဒီမိုကရက် အထက်လွှတ်တော်အမတ် အဒမ်ရှစ်ဖ် (Adam Schiff) က NBC News သို့ ပြောကြားခဲ့သည်။ “သူတို့ကို လွတ်လွတ်လပ်လပ် ဆက်လက်ချုပ်ကိုင်ခွင့်ပေးဖို့ ကျွန်တော် မဲပေးနိုင်မယ့်နည်းလမ်းတော့ မရှိပါဘူး” ဟု ဆိုသည်။

ရန်ပုံငွေဥပဒေမူကြမ်းကို ဆန့်ကျင်မဲပေးခဲ့သည့် ဗားမောင့် ဒီမိုကရက် အထက်လွှတ်တော်အမတ်ပီတာဝါ့ချ် (Peter Welch) က NBC News သို့ ပြောကြားရာတွင် “မှန်ကန်တယ်လို့ ကျွန်တော်ထင်ထားတဲ့မဲတွေထဲက မဲတစ်မဲအဖြစ် ပေးခဲ့ပေမဲ့ ဒီလိုပေးခဲ့တာ မှန်ကန်တယ်လို့ ကျွန်တော့်အနေနဲ့ သေချာပေါက်တော့ မပြောနိုင်ပါဘူး” ဟု ပြောပါသည်။

“ဘယ်ဖက်ကိုပဲ မဲပေးပေး ဒါကအရမ်းအန္တရာယ်များတဲ့မဲလို့ ကျွန်တော် ထင်ပါတယ်” ဟု ဝါ့ချ် (Welch) က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းက ကျွန်တော်တို့ကို တိုက်ပွဲ တိုက်ဖို့တောင်းဆိုနေပါတယ်။ ဒီအချိန်ဟာ ကျွန်တော်တို့ရ အပေးအယူလုပ်နိုင်တဲ့ သြဇာလွှမ်းမိုးမှုအချို့ ရှိနေတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်လည်း အီလွန်မတ်စ် လိုချင်သောတရားဝင်မှုကို အစိုးရကိုရပ်ဆိုင်းလိုက်ပါက နောက်ထပ် ကြီးမားသော ပျက်စီးဆုံးရှုံးမှု များစွာ ထပ်ဆောင်းရှိနိုင်သည်ဟု ရှူးမား (Schumer) က စိုးရိမ်ကြောင်း ဆိုသည်။

GOP ရန်ပုံငွေဥပဒေကြမ်းကို ပိတ်ဆို့ခြင်းအတွက် ပြတ်ပြတ်သားသား ထောက်ခံအားပေးသူ ဖြစ်သည့် မက်ဆာချူးဆက် မှ ဒီမိုကရက် အထက်လွှတ်တော်အမတ် အဲလီဇဘက်ဝါရင် (Elizabeth Warren) က ဆက်လက် ပိတ်ဆို့လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ဒါက နောက်ကြောင်းပြန်ကြည့်နေဖို့ မဟုတ်ဘူး။ ဖြစ်ပျက်ခဲ့တာကို ဘယ်သူမှ မငြင်းချင်ကြဘူး။ အဲဒါက ကျွန်မတို့ ဘယ်လိုရှေ့ဆက်ပြီး လုပ်ရမယ်ဆိုတာကိုပဲ ကြည့်ဖို့လိုပါတယ်။ ” ဟု NBC News သို့ ဝါရင်က ပြောကြားခဲ့သည်။ ဒေါ်နယ်ထရန့်က သူ့ကိုယ်သူ ခန့်မှန်းထားတာထက် အမေရိကန်စီးပွားရေးနဲ့ ကမ္ဘာ့စီးပွားရေးကို ပိုကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်စေခဲ့တယ်လို့ သက်သေပြခဲ့ပါတယ်” ဟု သူမက ဆိုသည်။

အလယ်မှာရောက်နေတဲ့ ခေါင်းဆောင်

+++++++++++++++

GOP ရန်ပုံငွေ ဥပဒေကြမ်းတင်သွင်းမှုတွင် လွှတ်တော်၌ ပါတီ၏ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသော အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ချပ်ရှူးမား (Chuck Schumer) သည် ဒီမိုကရက်တစ်ပါတီအတွင်း အကြီးအကျယ် တိုက်ခိုက်ဝေဖန်ခြင်း ခံနေသည်။

နိုင်ငံတစ်ဝှမ်းရှိ မြို့တော်ခန်းမများမှ မဲဆန္ဒရှင်များသည် ခေါင်းဆောင်မှုအသစ်ကို တောင်းဆိုခဲ့ကြပြီး ကာလီဖိုးနီးယားမှ အောက်လွှတ်တော်အမတ် ရို ကင်နာ (Ro Khanna) ကဲ့သို့သော လွှတ်တော်ကိုယ်စားလှယ်များက “အမေရိကန်ပြည်သူတွေဟာ လူဟောင်းလူအိုကြီးတွေကို မလိုချင်ကြတော့ဘူး” ဟု ပြောဆိုခဲ့သည်။ သို့သော် ရှူးမားသည် ထရန်ကို ရေရှည်တွင် အမှားများ လုပ်နေကြောင်း မီးမောင်းထိုးပြရန် မဲပေးဖို့ လိုအပ်သည်ဟု ထောက်ပြခဲ့သည်။

ရှူးမားက NBC News နှင့် အင်တာဗျူးတစ်ခုမှာ “ကျွန်တော် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ “ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ ရှေ့ကိုဆက် ချီတက်ဖို့ရှိနေကြပါတယ်၊ အကြောင်းကတော့ သူတို့ (ထရန့်အစိုးရ) ဟာ ပြဿနာတိုင်းအတွက် ဘယ်လိုမှ အရည်အချင် းမရှိဘူးဆိုတာကို ပြသနေခဲ့လို့ပါပဲ။” ဟု ထပ်လောင်းပြောဆိုခဲ့သည်။

“ရီပတ်ဘလီကန်ပါတီက ဖရိုဖရဲဖြစ်နေတယ်၊ ရှုပ်ထွေးနေတယ်။ ဒီပြီးခဲ့တဲ့အပတ်က သူတို့အတွက် အတော့်ကို ဆိုးဝါးနေခဲ့တယ်” ဟု စီးပွားရေးတွင် ထရန့်၏ အခွန်စည်းကြပ်မှုများအပေါ် သက်ရောက်မှုများကို ရှူးမားက ထုတ်ဖော်ထောက်ပြ ပြောကြားခဲ့သည်။

သို့သော် အစိုးရရန်ပုံငွေမဲပေးပြီးနောက် ရှူးမားအပေါ် လူထုဝေဖန်မှုမှာ အထက်လွှတ်တော် ဒီမိုကရက်တစ်များထံမှ ထွက်ပေါ်လာခြင်း မဟုတ်ပါ။ ထိပ်တန်းမှ အပြောင်းအလဲအတွက် လိုအပ်ကြောင်း ပြစ်တင်ရှုတ်ချမှုများသည်လည်း မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရပ်တန့်သွားခဲ့သည်။

ရှာဟင်းက ရှူးမားအနေနှင့် ဥပဒေကြမ်းကို မြှင့်တင်ရာမှာ ထောက်ခံကြောင်း ဆုံးဖြတ်မှုသည် မှန်ကန်သည်ဟု သူမထင်ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက