နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရက ကျောင်းသားဗီဇာကို ရုတ်သိမ်း၊ တစ်ဝက်သည် အိန္ဒိယဖြစ်ပြီး ရုတ်သိမ်းသည့် သတ်မှတ်ချက်များက ရှင်းရှင်းလင်းလင်း မရှိဟုဆို

—————————-

ထရန့်အစိုးရက နိုင်ငံတကာကျောင်းသားများ၏ ဗီဇာရုတ်သိမ်းမှုများကိုဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရှေ့နေများအသင်း (AILA) မှ ပြန်လည်ရုပ်သိမ်းခံရသည့်အမှုများတွင် ထက်ဝက်သည် အိန္ဒိယ ကျောင်းသားများ ပါဝင်ကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ အိန္ဒိယအစိုးရသည် သံတမန်လမ်းကြောင်းများမှတစ်ဆင့် အမေရိကန်အား ထုတ်ဖော်ပြောဆိုတုံ့ပြန်ရန် ဖိအားပေးခံနေရသည်။

AILA အစီရင်ခံစာကို ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် နှစ်လအတွင်း ရရှိခဲ့သော ဗီဇာ သို့မဟုတ် နေထိုင်မှုအခြေအနေ ပယ်ဖျက်ခြင်းဆိုင်ရာ သတိပေးချက် ၃၂၇ ခုကို ခွဲခြမ်းစိတ်ဖြာကြည့်ရာ တစ်ဝက်သည် အိန္ဒိယမှဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ တရုတ်က ၁၄ ရာခိုင်နှုန်းနှင့် ဒုတိယလိုက်နေပြီး တောင်ကိုရီးယား၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်မှ ကျောင်းသားများလည်း ပါဝင်သည်ဟု သိရသည်။

ဟားမတ်စ်ထိန်းချုပ်ထားသည့် ဂါဇာကမ်းမြှောင်ကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်နေမှုနှင့် ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြမှုများနှင့် “ဂျူးဆန့်ကျင်ရေး” တွင် ပါဝင်ပတ်သက်သည့် နိုင်ငံတကာကျောင်းသားများ၏ နေထိုင်ခွင့်ကို ထရန့်အစိုးရက ရုပ်သိမ်းမည်ဟု ပြောဆိုထားပြီးဖြစ်သည်။

သို့သော် လက်တွေ့တွင် ဗီဇာရုပ်သိမ်းခြင်းဆိုင်ရာ စံနှုန်းများသည် မရေမရာ ဖြစ်နေသည်။ AILA စစ်တမ်းတွင် လူနှစ်ဦးသာ နိုင်ငံရေးဆန္ဒပြမှုများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ ၈၆ ရာခိုင်နှုန်းက ၎င်းတို့သည် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသော်လည်း ၃၃ ရာခိုင်နှုန်းတွင် ချိုးဖောက်မှုများကို ဖော်ထုတ်ခြင်း သို့မဟုတ် တရားစွဲဆိုထားခြင်း မရှိကြောင်းနှင့် ချိုးဖောက်မှုများတွင် အသေးစားယာဉ်ကြောဆိုင်ရာ ပြစ်မှုများ ပါဝင်သည်။

အမေရိကန် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာပညာရေးအင်စတီကျူ (International Education Institute) ၏ အဆိုအရ ၂၀၂၃-၂၄ ပညာသင်နှစ်တွင် အမေရိကန်တက္ကသိုလ်များတွင် နိုင်ငံတကာ ကျောင်းသား ၁ ဒဿမ ၁၃ သန်းခန့် တက်ရောက်နေသည်ဟု ဆိုသည်။ ယင်းတို့အနက် ၂၉.၄ ရာခိုင်နှုန်းသည် အိန္ဒိယမှဖြစ်ပြီး နိုင်ငံအလိုက် အရေအတွက် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံမှ ၂၄.၆% နှင့် ဒုတိယလိုက်နေပြီး တောင်ကိုရီးယားက ၃.၈% ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ အဓိကသတင်းစာကြီးတစ်စောင်ဖြစ်သည့် ဟိန္ဒူသတင်း၏အဆိုအရ အိန္ဒိယအစိုးရသည် ဗီဇာဖျက်သိမ်းမှုဆက်တိုက်ပြုလုပ်ပြီးနောက် အမေရိကန်ကို သံတမန်လမ်းကြောင်းများမှတစ်ဆင့် ၎င်း၏စိုးရိမ်မှုများကို ဖော်ပြခဲ့သည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “သံရုံးများနှင့် အခြားအဖွဲ့အစည်းများသည် ဗီဇာနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခံရသောကျောင်းသားများနှင့် အဆက်အသွယ်ရှိပြီး ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည်” ဟု ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်၊ အမေရိကန်အရာရှိတစ်ဦးက ဖျက်သိမ်းလိုက်ခြင်းသည် မည်သည့်နိုင်ငံ သို့မဟုတ် ဒေသအတွက်မျှ ကန့်သတ်မထားဘဲ အိန္ဒိယသည် ပစ်မှတ်ထားခံနေရသည်ဟု စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

မတ်လနှောင်းပိုင်းမှစတင်၍ အမေရိကန်တက္ကသိုလ်ပေါင်း ၁၆၀ ခန့်တွင် ကျောင်းသားဗီဇာ ၁၀၀၀ ထက်မနည်း ရုပ်သိမ်းခံခဲ့ရသည့် နိုင်ငံခြားကျောင်းသားများအတွက် ဗီဇာရုတ်သိမ်းမှုမှာ အမေရိကန်တစ်ဝှမ်းတွင် ပျံ့နှံ့နေကြောင်း AP က ဖော်ပြခဲ့သည်။

ဓာတ်ပုံ။

အမေရိကန်နိုင်ငံ အရှေ့ပိုင်း၊ မက်ဆာချူးဆက်ရှိ၊ ဟားဗတ်တက္ကသိုလ်တွင် ကျောင်းသားဗီဇာများ ဖျက်သိမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ၌ ပါဝင်သူများ၊ ဧပြီ ၁၇၊ ၂၀၂၅။ ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက