နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရက ရန်ပုံငွေ ဘီလီယံနဲ့ချီပြီး ဖြတ်တောက်ခဲ့ပြီးနောက် ဟားဗတ်က ဖက်ဒရယ်အစိုးရကို တရားစွဲ

တက္ကသိုလ်က ရန်ပုံငွေကို ရပ်ဆိုင်းလိုက်ခြင်းသည် “တရားမဝင်လုပ်ရပ်ဖြစ်ပြီး အစိုးရ၏ အခွင့်အာဏာကို ကျော်လွန်၍ လုပ်ခြင်းဖြစ်သည်” ဟု ဆိုကာ ပြင်းထန်သော ရေရှည်အတွက် ထိခိုက်စေမည့် အကျိုးဆက်များကို သတိပေးထားသည်။

ဟားဗတ်တက္ကသိုလ်သည် ထောက်ပံ့ကြေးဒေါ်လာ ၂.၂ ဘီလီယံကို ရပ်တန့်ခံလိုက်ရပြီးနောက် ထိပ်တန်းတက္ကသိုလ် ၁၀ ခု နှင့်ဖွဲ့စည်းထားသည့် (Ivy League) အဖွဲ့အစည်းအပေါ် “မကြုံစဖူးနှင့် မလျော်ကန်သော” ထိန်းချုပ်မှုအဖြစ် ဖက်ဒရယ်အစိုးရမှ တောင်းဆိုခဲ့သည့်အတွက် တက္ကသိုလ်တာဝန်ရှိသူများက တနင်္လာနေ့တွင် တရားစွဲခဲ့သည်။

“အစိုးရ၏ လွန်ကဲစွာ လွှမ်းမိုးရန် ကြိုးစားမှု၏ အကျိုးဆက်သည် ရေရှည်ပြင်းထန်သော ထိခိုက်နစ်နာမှုကို ဖြစ်စေလိမ့်မည်” ဟု ဟားဗတ်စ်တက္ကသိုလ်ပါမောက္ခချုပ် အာလန် ဂါဘာ (Alan Garber) က တရားစွဲချက်ကို တနင်္လာနေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

မန်ဆာချူးဆက်ပြည်နယ် ဖက်ဒရယ်ခရိုင်တရားရုံးတွင် တင်သွင်းသည့် အဆိုပါ တရားစွဲဆိုမှုတွင် အစိုးရအား အခြေခံဥပ‌ဒေပါ ပထမပြင်ဆင်ချက်နှင့် အခြားဖက်ဒရယ်ဥပဒေများ၏ စည်းမျဉ်းများကို ချိုးဖောက်သည်ဟု စွပ်စွဲထားသည်။ စာမျက်နှာ ၅၁ မျက်နှာပါ တိုင်ကြားချက်တွင် သမ္မတ၏ “ရန်ပုံငွေရပ်ဆိုင်းထားရန်အမိန့်” ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း မန်ဆာချူးဆက်ရှိ ဖက်ဒရယ်တရားသူကြီးတစ်ဦးအား ကြေညာရန်နှင့် အစိုးရအား ဖယ်ဒရယ်ရန်ပုံငွေမှ ရပ်စဲခြင်း သို့မဟုတ် ရပ်ဆိုင်းထားသည့်အစိုးရ၏အမိန့်ကို ရုတ်သိမ်းပြီး ရန်ပုံငွေကိုပြန်လည်ပေးအပ်ရန် တောင်းဆိုထားသည်။

ကျောင်းဝင်းအတွင်း ဂျူးဆန့်ကျင်ရေးဝါဒကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည်ဟု အစိုးရက ပြောကြားထားသည့် တောင်းဆိုချက်များကို ကျောင်းမှလက်မခံကြောင်း ငြင်းဆိုပြီးနောက် လွန်ခဲ့သည့် ရက်သတ္တပတ်က ထရန့်အစိုးရက ဖက်ဒရယ်ရန်ပုံငွေကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

အစိုးရ၏ တောင်းဆိုချက်များထဲတွင် ကျောင်းသားများ၏ အမြင်များကို စစ်ဆေးခြင်းနှင့် “အမေရိကန်တန်ဖိုးများနှင့် အဖွဲ့အစည်းများအပေါ် ရန်လိုသော နိုင်ငံတကာကျောင်းသားများ” ကို တားမြစ်ခြင်းလည်းပါဝင်သည်။

တနင်္လာနေ့ရုံးချိန်းတွင် တက္ကသိုလ်မှ ရန်ပုံငွေရပ်ဆိုင်းမှုသည် အစိုးရ၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စိုးရိမ်မှုများနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့သည်။

“အစိုးရသည် ဂျူးမုန်းတီးရေး စိုးရိမ်မှုများကြောင့် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ဆေးဘက်ဆိုင်ရာ၊ သိပ္ပံပညာဆိုင်ရာ၊ နည်းပညာနှင့် အခြားသုတေသနများကို ရပ်ဆိုင်းပစ်လိုက်ခြင်းသည် အမေရိကန်တို့၏ အသက်များကို ကယ်တင်ရန် ရည်ရွယ်ချက်၊ အမေရိကန်တို့၏ အောင်မြင်မှုများကို ထိန်းသိမ်းရန်၊ အမေရိကန်တို့၏ လုံခြုံရေး ရရှိစေရန်နှင့် ကမ္ဘာပေါ်တွင် အမေရိကန်၏ ဆန်းသစ်တီထွင်ခြင်းတွင် ရှေ့ဆောင်ထားနိုင်မှု အနေအထားကို ထိန်းသိမ်းထားရန် အကြောင်းအရာများနှင့် ဆက်စပ်ဖော်ပြနိုင်ခြင်း မရှိပါဟု တရားဆွဲထားမှုတွင် ဖော်ပြထားသည်။

“အစိုးရသည် ပြည်ထောင်စု သုတေသနရန်ပုံငွေမှ ဒေါ်လာဘီလီယံပေါင်းများစွာကို အကန့်အသတ်မရှိ ရပ်တန့်လိုက်ခြင်းသည် ဟားဗတ်၏ သုတေသနအစီအစဉ်များ၊ ထိုသုတေသန၏ အကျိုးခံစားခွင့်များနှင့် အမေရိကန် ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုအတွက် အမျိုးသားအကျိုးစီးပွားတွင် သက်ရောက်မှုရှိမည်ကို အစိုးရမှ အသိအမှတ်ပြုထားခြင်းမရှိပါ။

တနင်္လာနေ့တွင် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို အိမ်ဖြူတော်က ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။

ဟားဗတ်က “အစိုးရတောင်းဆိုမှုကို လိုက်နာမှာ မဟုတ်ဘူး” ဟု ပြောကြားပြီးနောက် သမ္မတ ဒေါ်နယ်ထရန့်က “တက္ကသိုလ်ဟာ အခွန်ကင်းလွတ်ခွင့် အဆင့်အတန်းကို ဆုံးရှုံးသင့်တယ်” ဟု မှတ်ချက်ပေးခဲ့ပြီး ထိုအချက်က ကျောင်းအတွက် ပြင်းထန်သည့် ဂယက်ရိုက်ခတ်မှုများ ရှိနိုင်သည့် ရွှေ့ကွက်တစ်ခုဖြစ်ပါသည်။

ဟားဗတ်က အစိုးရသည် တက္ကသိုလ်၏ အဆင့်အတန်းကို ဖျက်သိမ်းရန် တရားဝင် အခြေခံ အကြောင်းတရား မရှိကြောင်း ပြောကြားခဲ့သည်။

ဟားဗတ်တက္ကသိုလ်နှင့် ဖက်ဒရယ်အစိုးရတို့ကြား ပြင်းထန်သောတိုက်ပွဲသည် ကောလိပ် ကျောင်းဝင်းများတွင် ဂျူးကိုးကွယ်မှုဝါဒကို ဆန့်ကျင်မှုအား ကိုင်တွယ်ရန် ပျက်ကွက်သည် ဆိုသည့်အချက်ကိုအလေးပေး ဖော်ပြပြီး အရေးယူရန် အစိုးရအုပ်ချုပ်ရေးအဖွဲ့မှ ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လတွင် ကိုလံဘီယာတက္ကသိုလ်သည် “ဂျူးကျောင်းသားများကို ဆက်တိုက်နှောင့်ယှက်ခံရခြင်းကိုကာကွယ်ရန် ပျက်ကွက်ခြင်း” နှင့်ပတ်သက်ပြီး ရန်ပုံငွေဒေါ်လာ သန်း ၄၀၀ ဖြတ်တောက်မည်ဟု အစိုးရက ပြောကြားပြီးနောက် ထရန့်အစိုးရ၏ တောင်းဆိုချက်များကို ကိုလံဘီယာတက္ကသိုလ်မှ သဘောတူခဲ့ရသည်။

ထရန့်အစိုးရသည် ကော်နယ်လ်တက္ကသိုလ်ကို ရန်ပုံငွေ ဒေါ်လာတစ်ဘီလျံ၊ ဘရောင်းတက္ကသိုလ်ကို ရန်ပုံငွေဒေါ်လာသန်း ၅၁၀ ရပ်ဆိုင်းထားသည်။

ထရန့်အစိုးရသည် ပရင့်စတန်တက္ကသိုလ်သို့ ထောက်ပံ့ငွေ ဒေါ်လာ ၄ သန်းကို ဖြတ်တောက်ပစ်ခဲ့ရာ ယင်းတက္ကသိုလ်တွင် လေထုနှင့် သမုဒ္ဒရာပိုင်းပုံစံများကို ဓာတ်ခွဲခန်းမှတစ်ဆင့် တီထွင်လေ့လာနေသည့် သုတေသနကို ရပ်ဆိုင်းခဲ့ရသည်။ ပရင့်စတန်တက္ကသိုလ် သုတေသန ရန်ပုံငွေဖြတ်တောက်မှုသိ”တရားမ၀င်သော” လုပ်ဆောင်မှုဟု ဆိုခဲ့ပြီး လွန်ခဲ့သည့်အပတ်က ထရန့်အစိုးရကို တရားစွဲမည့်တက္ကသိုလ်များစွာထဲမှတစ်ခု ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက