နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ကာကွယ်ရေးဝန်ကြီး ယီမင်စစ်ဆင်ရေးနှင့်ပတ်သက်သည့်အချက်အလက်များကို Signal မှတစ်ဆင့် ဇနီးနှင့် ညီအစ်ကိုများကိုပင် မျှဝေဟုဆို

ဧပြီလ (၂၁) ရက်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဟက်ဆက်သည် ယီမင်ရှိ ဟူသီသူပုန်အဖွဲ့အား တိုက်ခိုက်သည့် စစ်ဆင်ရေးအသေးစိတ်အချက်အလက်များကို ၎င်း၏ဇနီး၊ ရှေ့နေနှင့် ၎င်း၏ညီအစ်ကိုတို့ပါ၀င်သည့် Signal Group ချပ်တစ်ခုမှ မျှဝေခဲ့ကြောင်း သိရှိရသည်။ ယင်း Group ချတ်အကြောင်း သိရှိသည့် သတင်းရင်းမြစ်သုံးခုက CNN သို့ ပြောကြားခဲ့သည်။

ဟက်ဆက်နှင့်နီးစပ်သူများသည်ပင် သူ၏လုပ်ဆောင်ပုံနှင့်ပတ်သက်၍ စတင် သတိပေးဖော်ပြလာကြသည်။ ယင်းကဲ့သို့ ဖော်ပြလာသူများမှာ ဟက်ဆက်၏ ယခင်သတင်းထောက် ဂျွန်အူလီရော့ (John Ullyot) နှင့် အကြံပေး ဒန်ကော့ဝယ်လ် (Dan Caldwell) နှင့် ဒုညွှန်ကြားရေးမှူးချုပ် ဒါရင်ဆဲလ်နစ် (Darin Selnick) တို့ အပါအဝင် ဟက်ဆက်က မကြာသေးမီက ရာထူးမှဆိုင်းငံ့ထားသော အကြီးတန်းအရာရှိ သုံးဦးတို့ ပါဝင်ပါသည်။

“ပြီးခဲ့တဲ့လက ကာကွယ်ရေးဌာနဟာ လုံးဝပရမ်းပတာ ဖြစ်နေပါတယ်” ဟု အူလီရော့က CNN မှ ရရှိသော ကြေညာချက်တွင် ပြောကြားခဲ့သည်။ “အထူးလျှို့ဝှက်စစ်ဆင်ရေးအစီအစဉ်များ ပေါက်ကြားခြင်းမှသည် အစုလိုက်အပြုံလိုက် ရာထူးမှ ရပ်စဲခြင်းအထိ ဖြစ်ခဲ့ပြီး လုပ်ငန်းတွေ လုပ်လို့မရအောင် ဖြစ်ခဲ့ကာ ဤချို့ယွင်းမှုသည် ယခုအခါ သမ္မတအတွက် အဓိကအတားအဆီးတစ်ခု ဖြစ်လာခဲ့သည်” ဟု ဖော်ပြခဲ့သည်။

ဟက်ဆက်သည် ယခုဖော်ပြသည့် Signal Group ချတ်အပြင် ပြီးခဲ့သည့်လက အစိုးရအဖွဲ့ ဝန်ကြီးများနှင့်လည်း Signal တွင် စစ်ရေးဆိုင်ရာ စစ်ဆင်ရေးများအကြောင်း မျှဝေခြင်းအတွက် လက်ရှိတွင် ကာကွယ်ရေးဌာနမှ စုံစမ်းစစ်ဆေးခံနေရသည်။ ယင်း Signal Group ချတ်တွင် အမျိုးသားလုံခြုံရေးအကြံပေး ဝေ့ါဇ်က မှားယွင်းထည့်သွင်းခဲ့သည့် အမေရိကန် မဂ္ဂဇင်း The Atlantic မှ အယ်ဒီတာချုပ်က ဤ Signal Group ချတ်ကြောင်းအရာများကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

သတင်းရင်းမြစ်များ၏အဆိုအရ ဟက်ဆက်သည် သူအား ကာကွယ်ရေးဝန်ကြီး ခန့်အပ်ရန် အတည်ပြုချက် ရရှိပြီးနောက်တွင်လည်း သူ၏ကိုယ်ပိုင်ဆဲလ်ဖုန်းမှ Signal ကို အသုံးပြုပြီး ဆက်လက်ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။ ဒုတိယဖော်ပြသည့် Signal Group ချတ်တွင်လည်း ဟူသီသူပုန်များကို တိုက်ခိုက်သည့် အချက်အလက်များကိုလည်း မျှဝေခဲ့ကြောင်း သိရသည်။

ဟက်ဆက်၏ညီအစ်ကိုနှင့် ရှေ့နေသည်လည်း ကာကွယ်ရေးဌာနတွင် အလုပ်လုပ်နေသည်ဟု သိရှိရသည်။ ဇနီးဖြစ်သူ ဂျနီဖာသည် ဟက်ဆက် ကာကွယ်ရေးဝန်ကြီး စတင်တာဝန်ယူခဲ့စဉ်ကာလတွင် နိုင်ငံခြားခေါင်းဆောင်များနှင့် အစည်းအဝေးများ၌ ပုံမှန်တက်ရောက်ခဲ့သော်လည်း ပင်တဂွန်အတွက် အလုပ်လုပ်ကိုင်နေခြင်း မရှိပေ။ ၎င်းတို့အားလုံးတွင် လုံခြုံရေးအချက်အလက်များ (နိုင်ငံအလိုက် ခွဲခြားသတ်မှတ်ထားသော အချက်အလက်များကို ရယူရန် အခွင့်အာဏာ) ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက