နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဆန်တစ်ခါမှ မဝယ်ဖူးဘူးလို့ ပြောခဲ့တဲ့ ဂျပန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး နှုတ်ထွက်

မေလ (၂၁) ရက်။

စိုက်ပျိုးရေးဝန်ကြီးအသစ်အဖြစ် “ ကိုအိဇူမီ” ကို အစားထိုးခန့်အပ်

စိုက်ပျိုးရေးဝန်ကြီးအသစ်က “ ကိုအိဇူမီ” က ဝယ်လိုအားရှိပါက သိုလှောင်ထားတဲ့ ဆန်ပမာဏ အကန့်အသတ်မရှိ ပံ့ပိုးပေးမယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး တာကူအေတို (Taku Eto) (၆၄) နှစ်သည် “ ဆန်တစ်ခါမှ မဝယ်ဖူးဘူး” လို့ ပြောဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ရှီဂေရူ အီရှီဘာ (Shigeru Ishiba) က သဘာဝပတ်ဝန်းကျင် ဝန်ကြီးအဖြစ် အရင်က တာဝန်ယူခဲ့ဖူးတဲ့ “ ရှင်ဂျီရို” နဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ အစောပိုင်းမှာ “ အေတို” ကို သူ့ရဲ့ရာထူးမှာ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ လူအများရဲ့ ပြစ်တင်ဝေဖန်မှုတွေ ဆက်လက်ဖြစ်ပေါ်နေကာ အဓိက အတိုက်အခံပါတီတွေက ဒီကိစ္စကို အရှိန်မြှင့်လိုက်တဲ့အတွက် အစားထိုးဖို့ မလွဲမသွေ လုပ်ရတော့မယ်လို့ ထင်မြင်လာခဲ့ပါတယ်။

ဒီအကြောင်းကို အစိုးရအကြီးတန်း အရာရှိ အများအပြားက ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

၂၁ ရက်နေ့ မနက်မှာ “ အေတို” ဟာ ဝန်ကြီးချုပ်ရုံးကို သွားရောက်ပြီး နုတ်ထွက်စာကို ဝန်ကြီးချုပ်ကို ပေးအပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ အီရှီဘာအုစိုးရ စတင်တာဝန်ယူချိန်ကစပြီး အငြင်းပွားဖွယ်ရာ မှတ်ချက်တွေကြောင့် ကက်ဘိနက်ဝန်ကြီးတစ်ဦး ရာထူးကနေ နုတ်ထွက်ရခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ တိုကျိုမြို့တော်လွှတ်တော် ရွေးကောက်ပွဲနဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် အစိုးရအတွက် ထိခိုက်နစ်နာမည်မှာ သေချာပါတယ်။

၁၈ ရက်နေ့က စာဂါမြို့တွင်မှာကျင်းပတဲ့ စာဂါစီရင်စု LDP ပါတီအတွက် နိုင်ငံရေးရန်ပုံငွေရှာတဲ့ ပါတီမှာ အေတိုက “ ကျွန်တော် ဆန်တစ်ခါမှ မဝယ်ဖူးပါဘူး။ ထောက်ခံသူတွေက ဆန်တွေ အများကြီးပေးတဲ့အတွက် အိမ်မှာ ပြန်ရောင်းလို့ရလောက်အောင် အများကြီးရှိပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

အေတိုဟာ ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဖခင် “ တာကာရိုရှီ” ရဲ့ အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မီယာဇာကီ ဒုတိယခရိုင်ကနေ ၂၀၀၃ ခုနှစ် အောက်လွှတ်တော်အတွက် ပထမဆုံး ရွေးချယ်ခံခဲ့ရပါတယ်။

သူဟာ ၂၀၁၉ ခုနှစ်မှာ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်း ၀န်ကြီးအဖြစ် ပထမဆုံး အစိုးရအဖွဲ့သို့ ဝင်ရောက်ခဲ့ပါတယ်။ လက်ရှိမှာ သူ့ရဲ့ ရှစ်ကြိမ်မြောက် သက်တမ်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ဆောင်းဦးရာသီ အောက်လွှတ်တော် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ ဒုတိယ အီရှီဘာအစိုးရမှာ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်း၀န်ကြီးအဖြစ် ထပ်မံ ခန့်အပ်ခံခဲ့ရပါတယ်။

စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်း၀န်ကြီးအဖြစ် စတင်တာဝန်ယူမယ့် စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးအသစ် ကိုအီဇူမီက သတင်းစာရှင်းလင်းပွဲမှာ ဆန်ဈေးနှုန်းတွေ မြင့်တက်လာတာကို တားဆီးဖို့အတွက် အစိုးရ သိုလှောင်ထားတဲ့ ဆန်တွေကို ကုန်သည်တွေဆီ ရောင်းချတဲ့အခါ အရင်လို အပြိုင်အဆိုင် ဈေးပေးတဲ့ တင်ဒါခေါ်ယူတာမျိုး မလုပ်တော့ဘဲ အစိုးရက လိုသလို စာချုပ်ချုပ်ဆို ရောင်းချသွားဖို့ ထည့်သွင်းစဉ်းစားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

လက်ရှိမှာ ကုမ္ပဏီတွေက ဈေးနှုန်း အပြိုင်အဆိုင် ဆုံးဖြတ်ပေးတဲ့ လေလံစနစ်အား အသုံးပြုနေပေမဲ့ အခုလနှောင်းပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ လေလံဆွဲမှုကို ဖျက်သိမ်းလိုက်ပြီး ခိုင်မာတဲ့ အစီအမံတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က အစိုးရ သိုလှောင်ထားတဲ့ဆန်တွေကို သက်သာသောစျေးနှုန်းနဲ့ ဈေးကွက်ကို တင်ပို့နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆန်ဈေးကို ထိန်းကျောင်းဖို့ ဖြစ်ပါတယ်။

အဲဒီနေ့မှာ ဒီကိစ္စကို ထည့်သွင်းစဉ်းစားဖို့ ဝန်ကြီးချုပ်က ကိုအူဇူမီကို ညွှန်ကြားခဲ့ပါတယ်။

ထွက်ရှိမယ့် သိုလှောင်ဆန်ပမာဏနဲ့ ပတ်သက်ပြီး ကိုအူဇူမီက “ ဝယ်လိုအားရှိရင် အကန့်အသတ်မရှိ ထုတ်ပေးမှာပါ။ အဲဒီအထဲမှာ ကျွန်တော်တို့ အခုအချိန်အထိ လုပ်ခဲ့တာတွေနဲ့ မတူတဲ့ ပမာဏကို ရဲရဲတင်းတင်းတင်း ဆောင်ရွက်သွားမှာပါ” ဟု ခန့်မှန်းထားတဲ့ စုစုပေါင်း တန်ချိန် ၆၁၀,၀၀၀ ထက် တိုးမြှင့်နိုင်ကြောင်း ပြောဆိုသွားပါတယ်။

ဂျပန်မှာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆန်ဈေးနှုန်းတွေ မြင့်တက်လာနေပြီး အခုအချိန်ထိ ဈေးနှုန်းမကျသေးလို့ အစိုးရရဲ့ စီမံဆောင်ရွက်နေတဲ့အပေါ် ဂျပန်ပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ဓာတ်ပုံ။

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး တာကူအေတို (Taku Eto) ၀န်ကြီးချုပ်ရုံးထဲသို့ သတင်းထောက်များ ဝန်းရံပြီး ဝင်လာစဉ်

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဟောင်း ကိုအီဇူမီကို ၀န်ကြီးချုပ်ရုံးထဲတွင် သတင်းထောက်များ ဝန်းရံထားသည်ကို တွေရင်စဉ်။ /Shota Tomonaga

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ