နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဆန်တစ်ခါမှ မဝယ်ဖူးဘူးလို့ ပြောခဲ့တဲ့ ဂျပန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး နှုတ်ထွက်

မေလ (၂၁) ရက်။

စိုက်ပျိုးရေးဝန်ကြီးအသစ်အဖြစ် “ကိုအိဇူမီ” ကို အစားထိုးခန့်အပ်

စိုက်ပျိုးရေးဝန်ကြီးအသစ်က “ကိုအိဇူမီ” က ဝယ်လိုအားရှိပါက သိုလှောင်ထားတဲ့ ဆန်ပမာဏ အကန့်အသတ်မရှိ ပံ့ပိုးပေးမယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး တာကူအေတို (Taku Eto) (၆၄) နှစ်သည် “ဆန်တစ်ခါမှ မဝယ်ဖူးဘူး” လို့ ပြောဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ရှီဂေရူ အီရှီဘာ (Shigeru Ishiba) က သဘာဝပတ်ဝန်းကျင် ဝန်ကြီးအဖြစ် အရင်က တာဝန်ယူခဲ့ဖူးတဲ့ “ရှင်ဂျီရို” နဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ အစောပိုင်းမှာ “အေတို” ကို သူ့ရဲ့ရာထူးမှာ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ လူအများရဲ့ ပြစ်တင်ဝေဖန်မှုတွေ ဆက်လက်ဖြစ်ပေါ်နေကာ အဓိက အတိုက်အခံပါတီတွေက ဒီကိစ္စကို အရှိန်မြှင့်လိုက်တဲ့အတွက် အစားထိုးဖို့ မလွဲမသွေ လုပ်ရတော့မယ်လို့ ထင်မြင်လာခဲ့ပါတယ်။

ဒီအကြောင်းကို အစိုးရအကြီးတန်း အရာရှိ အများအပြားက ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

၂၁ ရက်နေ့ မနက်မှာ “အေတို” ဟာ ဝန်ကြီးချုပ်ရုံးကို သွားရောက်ပြီး နုတ်ထွက်စာကို ဝန်ကြီးချုပ်ကို ပေးအပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ အီရှီဘာအုစိုးရ စတင်တာဝန်ယူချိန်ကစပြီး အငြင်းပွားဖွယ်ရာ မှတ်ချက်တွေကြောင့် ကက်ဘိနက်ဝန်ကြီးတစ်ဦး ရာထူးကနေ နုတ်ထွက်ရခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ တိုကျိုမြို့တော်လွှတ်တော် ရွေးကောက်ပွဲနဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် အစိုးရအတွက် ထိခိုက်နစ်နာမည်မှာ သေချာပါတယ်။

၁၈ ရက်နေ့က စာဂါမြို့တွင်မှာကျင်းပတဲ့ စာဂါစီရင်စု LDP ပါတီအတွက် နိုင်ငံရေးရန်ပုံငွေရှာတဲ့ ပါတီမှာ အေတိုက “ကျွန်တော် ဆန်တစ်ခါမှ မဝယ်ဖူးပါဘူး။ ထောက်ခံသူတွေက ဆန်တွေ အများကြီးပေးတဲ့အတွက် အိမ်မှာ ပြန်ရောင်းလို့ရလောက်အောင် အများကြီးရှိပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

အေတိုဟာ ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဖခင် “တာကာရိုရှီ” ရဲ့ အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မီယာဇာကီ ဒုတိယခရိုင်ကနေ ၂၀၀၃ ခုနှစ် အောက်လွှတ်တော်အတွက် ပထမဆုံး ရွေးချယ်ခံခဲ့ရပါတယ်။

သူဟာ ၂၀၁၉ ခုနှစ်မှာ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်း ၀န်ကြီးအဖြစ် ပထမဆုံး အစိုးရအဖွဲ့သို့ ဝင်ရောက်ခဲ့ပါတယ်။ လက်ရှိမှာ သူ့ရဲ့ ရှစ်ကြိမ်မြောက် သက်တမ်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ဆောင်းဦးရာသီ အောက်လွှတ်တော် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ ဒုတိယ အီရှီဘာအစိုးရမှာ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်း၀န်ကြီးအဖြစ် ထပ်မံ ခန့်အပ်ခံခဲ့ရပါတယ်။

စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်း၀န်ကြီးအဖြစ် စတင်တာဝန်ယူမယ့် စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးအသစ် ကိုအီဇူမီက သတင်းစာရှင်းလင်းပွဲမှာ ဆန်ဈေးနှုန်းတွေ မြင့်တက်လာတာကို တားဆီးဖို့အတွက် အစိုးရ သိုလှောင်ထားတဲ့ ဆန်တွေကို ကုန်သည်တွေဆီ ရောင်းချတဲ့အခါ အရင်လို အပြိုင်အဆိုင် ဈေးပေးတဲ့ တင်ဒါခေါ်ယူတာမျိုး မလုပ်တော့ဘဲ အစိုးရက လိုသလို စာချုပ်ချုပ်ဆို ရောင်းချသွားဖို့ ထည့်သွင်းစဉ်းစားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

လက်ရှိမှာ ကုမ္ပဏီတွေက ဈေးနှုန်း အပြိုင်အဆိုင် ဆုံးဖြတ်ပေးတဲ့ လေလံစနစ်အား အသုံးပြုနေပေမဲ့ အခုလနှောင်းပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ လေလံဆွဲမှုကို ဖျက်သိမ်းလိုက်ပြီး ခိုင်မာတဲ့ အစီအမံတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က အစိုးရ သိုလှောင်ထားတဲ့ဆန်တွေကို သက်သာသောစျေးနှုန်းနဲ့ ဈေးကွက်ကို တင်ပို့နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆန်ဈေးကို ထိန်းကျောင်းဖို့ ဖြစ်ပါတယ်။

အဲဒီနေ့မှာ ဒီကိစ္စကို ထည့်သွင်းစဉ်းစားဖို့ ဝန်ကြီးချုပ်က ကိုအူဇူမီကို ညွှန်ကြားခဲ့ပါတယ်။

ထွက်ရှိမယ့် သိုလှောင်ဆန်ပမာဏနဲ့ ပတ်သက်ပြီး ကိုအူဇူမီက “ဝယ်လိုအားရှိရင် အကန့်အသတ်မရှိ ထုတ်ပေးမှာပါ။ အဲဒီအထဲမှာ ကျွန်တော်တို့ အခုအချိန်အထိ လုပ်ခဲ့တာတွေနဲ့ မတူတဲ့ ပမာဏကို ရဲရဲတင်းတင်းတင်း ဆောင်ရွက်သွားမှာပါ” ဟု ခန့်မှန်းထားတဲ့ စုစုပေါင်း တန်ချိန် ၆၁၀,၀၀၀ ထက် တိုးမြှင့်နိုင်ကြောင်း ပြောဆိုသွားပါတယ်။

ဂျပန်မှာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆန်ဈေးနှုန်းတွေ မြင့်တက်လာနေပြီး အခုအချိန်ထိ ဈေးနှုန်းမကျသေးလို့ အစိုးရရဲ့ စီမံဆောင်ရွက်နေတဲ့အပေါ် ဂျပန်ပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ဓာတ်ပုံ။

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး တာကူအေတို (Taku Eto) ၀န်ကြီးချုပ်ရုံးထဲသို့ သတင်းထောက်များ ဝန်းရံပြီး ဝင်လာစဉ်

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဟောင်း ကိုအီဇူမီကို ၀န်ကြီးချုပ်ရုံးထဲတွင် သတင်းထောက်များ ဝန်းရံထားသည်ကို တွေရင်စဉ်။ /Shota Tomonaga

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 93 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 90 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 105 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက