နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 21 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

“ဘုံရန်သူကိုမျက်ခြေမပြတ်စေနဲ့”

အခုတလောအားလုံးအာရုံစိုက်လာရတဲ့အဖြစ်အပျက်တခုက ယောနယ်မှာ တော်လှန်ရေး အင်အားစုတခုဖြစ်တဲ့ ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) က တပ်ပြေးနဲ့ ရာဇဝတ်သားတွေ အကျဥ်းထောင်မှူးကိုသတ်ပြီး လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးသွားခဲ့သလို အနယ်နယ်က လာရောက် စစ်သင်တန်းတက်နေသူ ရဲဘော်တချို့ကိုလည်း ဖမ်းဆီးသွားခဲ့မှု ဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ YDF အနေနဲ့ လက်နက်ကိုင်ထားသူများကို ထိန်းသိမ်း ကြပ်မတ်ရတာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ ယောကာကွယ်ရေးအဖွဲ့က ဒီအပြစ်သား တွေကို အကာအကွယ်မပေးဖို့နဲ့တွေ့ရင် ဖမ်းဆီးပေးဖို့ တော်လှန်ရေးအဖွဲ့အသီးသီးကို မေတ္တာ ရပ်ခံခဲ့ပါတယ်။ ဒါပေမဲ့ NUG လက်အောက်ခံ ဂန့်ဂေါခရိုင် PDF တပ်ရင်း (၁၀) တပ်ခွဲ (၇) က ဒီရာဇဝတ်သားတပ်ပြေးတွေကို ခိုလှုံခွင့်ပေးထားခဲ့ပါတယ်။

တော်လှန်ရေးစိတ်ဓါတ်ရှိနေတဲ့သူတွေကို လွင့်မသွားစေချင်တဲ့အတွက် ခိုလှုံခွင့်ပေးတယ် ဆိုရင် ပြဿနာမရှိပေမဲ့ ဒီတပ်ပြေးရာဇဝတ်သားအဖွဲ့နဲ့ တပ်ခွဲ (၇) က ရဲဘော်တွေက ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ GZ Army ရဲ့ ဦးစီးနဲ့ရုံးအဖွဲ့ဝင်တွေ ခရီးထွက်လာတာကို လမ်းမှာဖြတ်ပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ရဲဘော်တဦး စိုးရိမ်အခြေအနေ ရှိပြီး တဦးကို ပေါင်မှာထုတ်ချင်းဖောက် ကျဥ်ထိမှန်ခဲ့ပါတယ်။ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဒီလို မိမိအဖွဲ့ချမှတ်ထားတဲ့ စည်းမျဥ်း စည်းကမ်းတွေကိုဖောက်ဖျက်လို့ ပြစ်ဒဏ်ချထား ခံခဲ့ရသူတွေက လူသတ်ပြီး ထောင်ဖောက် ပြေးခဲ့တာကို လက်ခံထားရုံတင်မက YDF ရဲ့ မဟာမိတ် GZ Army ရဲ့ ဦးစီးနဲ့အဖွဲ့ကို တိုက်ခိုက်တာဟာ NUG ရဲ့ MOD လက်အောက်မှာ မရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို နယ်မြေတွေကနေ ရှင်းပစ်မဲ့ ပထမခြေလှမ်းလားဟု တွေးထင်စရာရှိပါတယ်။ ငါ့အောက်မဝင်ရင် ငါ့ရန်သူဆိုတဲ့အမြင်လား၊ ငါ့အောက်ဝင်ရအောင် ငါတို့က ဘယ်လောက်အထိ အထက်အောက် အမိန့်စီးဆင်းမှုကို ခိုင်မာအောင် တည်ဆောက် ပြီးပြီလားလို့ ပြန်မေးရမှာ ဖြစ်တယ်။

YDF တပ်ဖွဲ့ရဲ့ စည်းမျဥ်း စည်းကမ်းတွေကို ဖောက်ဖျက်သူတွေက PDF တပ်ဖွဲ့ရဲ့စည်းမျဥ်း စည်းကမ်းတွေကိုကော လိုက်နာနိုင်ပါ့မလားဆိုတာကို လက်ခံထားတဲ့အဖွဲ့အစည်းတွေက စဥ်းစားရမှာဖြစ်တယ်။

YDFတပ်ဖွဲ့ခွဲထွက်လာတဲ့အဖွဲ့တွေကို YDFတပ်ဖွဲ့ကို ပြန်တိုက်ဖို့ အသုံးချမယ်ဆိုတဲ့ ရည်ရွယ်ချက် “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ်” ဆိုတဲ့စိတ်နဲ့ဆိုရင်တော့ ဘုံရန်သူကို မျက်ခြေပြတ်သွားတဲ့လုပ်ရပ်လို့ သတ်မှတ်ရတော့မှာပါ။

ဒီလိုအဖြစ်အပျက်မျိုးကို လျစ်လျူရှုထားလို့မရသလို မဖြစ်အောင်တားဆီးရမှာက တော်လှန်ရေးအဖွဲ့ကြီးငယ်မဆိုမှာ တာဝန်ရှိပါတယ် အဓိကဘုံရန်သူမျက်ခြေမပြတ်ဖို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးနဲ့ ညီညွတ်ရေး တည်ဆောက်နိုင်ဖို့ဟာ တော်လှန်ရေး အောင်မြင်ဖို့အတွက် အဓိကသော့ချက်လို့ မြင်မိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော် အာရှ

ဝါးလုံးခေါင်းထဲလသာနေတဲ့ မြန်မာစိတ်ဓာတ်နဲ့ မြန်မာအတွေးအခေါ်

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 148 Views
++++++++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ကျွန်တော်တို့ မြန်မာတွေ အတွေးအခေါ်တွေချို့တဲ့၊ ဗဟုသုတလည်းခေါင်းပါး၊ စိတ်ဓါတ်ရေးရာတွေ အောက်တန်းကျ ကိုယ်မသိတာနဲ့ သိသယောင် တတ်သယောင် ဂဃနဏသိတဲ့သူတွေ
မြန်မာသတင်း အယ်ဒီတာ့အာဘော်

လားရှိုး ပြန်ရတာ ဂုဏ်ယူစရာလား။

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 166 Views
ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် စစ်ကောင်စီက စစ်ရှုံးလာတဲ့အခါ တရုတ်အားကိုးနဲ့ ဖိအားတွေပေးပြီး MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ခိုင်းလို့ ဆုတ်ပေးလိုက်ရတယ်။ မင်းအောင်လှိုင်တပ်တွေက ပြန်တိုက်မယူရဘဲနဲ့
အယ်ဒီတာ့အာဘော်

စစ်ကိုင်းငလျင်သင်္ခန်းစာနဲ့ အနာဂါတ်အတွက် ဘာတွေပြင်သင့်လဲ။

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 187 Views
ခေတ်မျက်လုံးအယ်ဒီတာအာဘော် သဘာဝဘေးရန်ဆိုတာ ဘယ်တော့ဖြစ်လာမယ် ကြိုတင်မသိနိုင်ပေမဲ့ အကြမ်းဖျင်း ကြိုတင်တွက်ဆနိုင်တဲ့နည်းပညာတွေ ရှိပါတယ်။ အရင်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေက သင်္ခန်းစာတွေအရ ပညာရှိတွေက တွေးဆပြီး ကြိုတင်ခန့်မှန်းနိုင်အောင် နည်းလမ်းများ ရှာကြံကြပါတယ်။ သိပ္ပံပညာ ထွန်းကားလာတဲ့အခါ ဂြိုလ်တုတွေ လွှတ်တင်ပြီး မုန်တိုင်း
နိုင်ငံတကာသတင်း အတွေးအမြင်ကဏ္ဍ အမေရိကန် အယ်ဒီတာ့အာဘော် ဥရောပ

အမေရိကန်ကြီး မြတ်လာမှာလား အထီးကျန်ဆန်မှာလား။

  • 2025 ခုနှစ်၊ မတ်လ 2 ရက်
  • 201 Views
အယ်ဒီတာ့အာဘော် ထရန့်နဲ့ ယူကရိန်းသမတဇလန်းစကီးတို့ ဘဲဥပုံရုံးခန်းမှာ စကားအခြေအတင် ဖြစ်ခဲ့ပြီးနောက် ကမ္ဘာကြီးက အံ့အားသင့် တုန်လှုပ်ခဲ့ကြပါတယ်။ ဒီအထဲမှာ ရုရှားရန်လိုမှုကို ကာကွယ်ဖို့ဖွဲစည်းထားတဲ့ ‌မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ နေတိုးအဖွဲ့ဝင် ဟန်‌ဂေရီနဲ့ စလိုဗက်ကီးယားတို့ကလွဲလို့ ကျန်အဖွဲ့ဝင်တွေက ယူကရိန်းနဲ့ သွေးစည်းကြောင်းကို ပြသခဲ့ပါတယ်။
အယ်ဒီတာ့အာဘော် အရှေ့တောင်အာရှ

လီကွမ်းယူ (Lee Kuan Yew) က စင်္ကာပူနိုင်ငံကို ထိပ်တန်းနိုင်ငံဖြစ်အောင် ဘယ်လိုတည်ထောင်ခဲ့သလဲ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 202 Views
အယ်ဒီတာ့အာဘော် စင်္ကာပူဟာ ဘာကြောင့် အချိန်တိုအတွင်း အရှေ့တောင်အာရှမှာ စီးပွားရေးအင်ပါယာကြီးဖြစ်လာသလဲကြည့်ရင် နိုင်ငံခေါင်းဆောင် လီကွမ်းယူရဲ့ တိုင်းပြည်တိုးတက်ကြီးပွားရေးအတွက် အဓိကလိုအပ်ချက်တွေကို ရေရှည်အမြင်နဲ့ ရှေးရိုးသမားတွေကို အံတုပြီး လမ်းသစ်ကို ရဲရဲရင့်ရင့် ဖောက်ထွက်နိုင်ခဲ့တဲ့ စွမ်းအားကြောင့် ဖြစ်တယ်။ လီကွမ်းယူ ဘယ်လောက်
အယ်ဒီတာ့အာဘော်

မအလတပ်သားတွေ အသက်အာမခံ လျော်ကြေးရပါ့မလား။

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 344 Views
***လူဝီဂျီမန်ဂျော်နီအမှုနဲ့ နှိုင်းယှဉ်ကြည့်ခြင်း*** အယ်ဒီတာ့အာဘော် လူဝီဂျီမန်ဂျော်နီ (Luigi Mangione) သည် အမေရိကန်ဘွား အီတာလီမျိုးရိုးမှ ဆင်းသက် လာသည့်အသက် ၂၇ အရွယ် လူရွယ်တဦးဖြစ်ပြီး သူတက္ကသိုလ်ကျောင်းသားဘဝက အလားအလာရှိသည့် တက်ကြွထက်မြက်သည့် ကျောင်းသားခေါင်းဆောင်တဦးလည်း ဖြစ်သည်။ မိဘဖြစ်သူများကလည်း
မြန်မာသတင်း အယ်ဒီတာ့အာဘော်

မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 384 Views
မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် ဒီဇင်ဘာလ (၂၂) ရက်။ မြန်မာ့နွေဦးတော်လှန်ရေး၃နှစ်ကျော် ၄နှစ်အတွင်းဝင်ရောက်လာတဲ့အချိန်မှာ တော်လှန်ရေး အရှိန်အဟုန် အားကောင်းကောင်းနဲ့ မြန်မာပြည်‌မြောက်ပိုင်းမှာ ညီနောင်(၃)ဖော်စလိုက်တဲ့ ဗျူဟာ‌မြောက် ၁၀၂၇ ထိုးစစ်ကြောင့် စစ်အုပ်စု အထိနာခဲ့ရသလို ရမခစစ်ဌာနချုပ်လည်း ကျခဲ့ရပါတယ်။
အယ်ဒီတာ့အာဘော်

ခေတ်မျက်လုံး အယ်ဒီတာ့အာဘော်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 324 Views
ယူကရိန်းနဲ့ မြန်မာ့တော်လှန်ရေးကို ချိန်ထိုးကြည့်ခြင်း။ ယူကရိန်းဟာသူ့ထက်အင်အားလည်းကြီး သူ့ကိုရုရှားနိုင်ငံထဲကိုသွတ်သွင်းထားပြီး ဆိုဗီယက်ပြည်ထောင်စုသမ္မတနိုင်ငံ (The Union of Soviet Socialist Republics- USSR) အဖြစ် ၁၉၂၂ ခုနှစ် မှ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်းများစွာ