နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမြို့ကို အစ္စရေးက စတင်ထိုးစစ်ဆင်နေချိန်မှာ အင်အားကုန်ခန်းနေသည့် အစ္စရေးစစ်တပ်သည် လူအင်အားပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါသည်။

CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၁ရက်

ဂါဇာမြို့တော်ကို အကြီးအကျယ် ချေမှုန်းရေး၏အစောဆုံးအဆင့်များ အကောင်အထည် ဖော်နေချိန်တွင် အစ္စရေးက လာမည့်စစ်ရေးစစ်ဆင်ရေးတွင် ပါဝင်ရန် အရန်တပ်သား ထောင်ပေါင်းများစွာကို ခေါ်ယူနေခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟုက ဂါဇာမြောက်ပိုင်းတွင် အကြီးဆုံးမြို့ကို သိမ်းပိုက်မှုသည် နောက်ဆုံးဟားမတ်စ်တို့၏ အမာခံနယ်မြေတစ်ခုဖြစ်ပြီး စစ်တပ်သည် နောက်ထပ် အရန်တပ်သား ၆၀,၀၀၀ ကို ခေါ်ယူကာ နောက်ထပ် ၂၀,၀၀၀ကို တိုးချဲ့ရန် လိုအပ်မည်ဖြစ်သည်။

အဆိုပါ အစီအစဉ်များသည် ဂါဇာကမ်းမြောင်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်း ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်မှုများကြောင့် နိုင်ငံတကာ နှင့် ပြည်တွင်း၌ ပြစ်တင်ရှုတ်ချမှုများ ကြီးထွားလာစေခဲ့ပြီး ကျန်ရှိသော ဓားစာခံများ၏ အသက်ကိုလည်း စစ်ရေးတိုးချဲ့ လုပ်ဆောင်သွားမှုကြောင့် အသက်အန္တရာယ်ကျရောက် စေလိမ့်မည် ဖြစ်သည်။

အစ္စရေးစစ်တပ်သည် ဂါဇာမြို့အစွန်တွင် ရှိနေပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး အက်ဖီ ဒီဖရင်(Effie Defrin) ကဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီးထိုလုပ်ဆောင်မှုသည် ကြီးမားသော စစ်ဆင်ရေး၏ ပထမခြေလှမ်းအဖြစ် ထုတ်ဖော်ပြောကြားခဲ့သည်။

လုံခြုံရေးဝန်ကြီးအဖွဲ့က ဂါဇာမြို့တော်ကို သိမ်းယူရန် ပထမဆုံး အတည်ပြုလိုက်သောအခါ အစ္စရေးအရာရှိများက အဆိုပါ အစီအစဉ်သည် ငါးလ သို့မဟုတ် ထို့ထက်ပို၍ ကြာနိုင်သည် ဟု ခန့်မှန်းခဲ့သည်။ သို့သော် ဗုဒ္ဓဟူးနေ့တွင် နေတန်ယာဟုက အချိန်ဇယားကို အတိုချုံ့ရန် စစ်တပ်ကို ညွှန်ကြားခဲ့သည်။

နှစ်နှစ်နီးပါးကြာ စစ်ပွဲအတွင်း ပြီးဆုံးမည်အခြေအနေကို မမြင်ရသည့်နောက်တွင် နောက်လာမည့် စစ်ဆင်ရေးကြီးများကြားတွင် အဆုံးမသတ်နိုင်ဘဲ တပ်ဖွဲ့ဝင်များအပေါ် ထပ်လောင်းဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း အစ္စရေးစစ်တပ်အကြီးအကဲက သတိပေးခဲ့ပြီး အများစုမှာ ဂါဇာတွင် တိုက်ခိုက်ရန် အကြိမ်များစွာ ဆင့်ခေါ်ခြင်းခံခဲ့ရ၍ အင်အားယုတ်လျော့နေပြီး ကုန်ခမ်းနေကြပြီဖြစ်ကြောင်း IDF စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အီရယ်ဇမ်မီယာ (Eyal Zamir) သည် ယခုလအစောပိုင်းက လုံခြုံရေး ဝန်ကြီးအဖွဲ့သို့ အသိပေးပြောကြားခဲ့သော်လည်း နေတန်ယာဟုနှင့် ၎င်း၏မဟာမိတ် စစ်ဝန်ကြီးအဖွဲ့များသည် စစ်ပွဲအစီအစဉ်သစ်ကို ဆက်လက်လုပ်ဆောင် နေပြီး ၎င်း၏ စိုးရိမ်မှုများကို ပယ်ချခဲ့သည်။

ဂျေရုဆလင်မြို့ရှိ ဟေဗြဲတက္ကသိုလ်ရှိ Agam Labs မှ စစ်တမ်းအသစ်တစ်ခုအရ စစ်သားများ၏ ၄၀% ခန့်သည် တာဝန်ထမ်းဆောင်ရန် လှုံ့ဆော်မှုအနည်းငယ် သို့မဟုတ် စစ်တိုက်ရန် သိသာထင်ရှားစွာ နည်းပါးကြပြီး ၁၃% ထက် အနည်းငယ်ပိုသောသူများကသာ စိတ်အားထက်သန်ကြသည်ဟု အကြံပြုထားသည်။ အထူးသဖြင့် စစ်တမ်းများတွင် နိုင်ငံအများစုမှ စစ်ပွဲအဆုံးသတ်ရေးကို ထောက်ခံအားပေးနေသည့် စစ်တမ်းများ အကြိမ်ကြိမ် ပြသထားသောကြောင့် အစ္စရေးစစ်တပ်သည် ၎င်း၏လူအင်အား ကန့်သတ်ချက် များနှင့် ရင်ဆိုင်ရနိုင်သည့် ပြတ်သားသော အခြေအနေမှန်ကို ထုတ်ဖော်ပြသထားသည်။

စစ်ဘက်ခေါင်းဆောင်များသည် လက်အောက်ခံတပ်များကို အင်အားဖြည့်တင်းရန်အတွက် အစွန်းရောက်သြသိုဒေါက်အမျိုးသားများအား စစ်မှုထမ်းရန် အစိုးရအား တောင်းဆိုခဲ့သည်။ သို့သော် အစွန်းရောက်သြသိုဒေါက်စ်ဘာသာရေးအသိုင်းအဝိုင်းအများစုသည် အမှုထမ်းရန် ငြင်းဆိုခဲ့ကြပြီး ၎င်းတို့၏တောင်းဆိုချက်အရ အစိုးရက မဖြစ်မနေ စစ်မှုထမ်းဆောင်မှုကို ကျယ်ပြန့်သော ကင်းလွတ်ခွင့်ကိုပေးရန် တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်။ စစ်ပွဲများဖြစ်နေသည့်အကြားတွင် ဤနိုင်ငံရေးအခြေအတင် ငြင်းခုန်နေခြင်းကြောင့် စစ်မှုထမ်းဆောင်သူအများအပြား၏ ဒေါသကို လှုံ့ဆော်ပေးခဲ့ သည်။

လုံခြုံရေးဝန်ကြီးအဖွဲ့မှ စစ်ဆင်ရေးအသစ်ကို အတည်ပြုပြီးနောက်၊ အစ္စရေးရှိ အရန်တပ်ဖွဲ့ စစ်အမှုထမ်းအဖွဲ့ငယ်တစ်ခုသည် အရန်တပ်ဖွဲ့များအား စစ်မှုထမ်းရန် အမိန့်များကို ငြင်းပယ် ရန် ထပ်မံတောင်းဆိုခဲ့သည်။ “မင်းတို့ကလေးတွေက သူတို့ဘာသာ သူတို့ ဘယ်လို ငြင်းရမှန်းမသိဘူးဘာကြောင့်လဲဆိုတော့ သူတို့အတွက် ခက်ခဲတဲ့အတွက် ဖြစ်တယ်။ စစ်မှုထမ်းဖို့က မဖြစ်နိုင်သလောက်ပါပဲ” ဟု ဓားစာခံများအတွက်စစ်သားများအဖွဲ့ (Soldiers for Hostages) က ယခုလအစောပိုင်းက ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

အခြားသော အရန်တပ်ဖွဲ့ အဖွဲ့အစည်းများသည် ပွင့်လင်းစွာ ငြင်းဆိုမှုအတွက် လူသိရှင်ကြား ထောက်ခံ အားပေးခြင်း မပြုဘဲ၊ ၎င်းတို့အနေနှင့် စစ်မှုမထမ်းရန် ကိုယ်ဖာသာသီးသန့် ဆုံးဖြတ်ချက်ချ နိုင်ခြေဖြစ်ဖို့ ပိုများပါသည်။

IDFသည်အရန်စစ်သား မည်မျှရောက်ရှိ မလာကြောင်း၏ အရေအတွက်ရာခိုင်နှုံးကို ထုတ်ပြန် ခြင်းမရှိပါ။

“ဓားစာခံတွေအတွက် သေဒဏ်”

အက်ဖ်ရှလွန် ဇိုဟာဆဲလ် (Avshalom Zohar Sal) သည် မတူညီသော တပ်ဖြန့်မှုလေးခုတွင် ဂါဇာတွင် ရက်ပေါင်း ၃၀၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏နောက်ဆုံးတပ်ဖြန့်မှုမှာ လွန်ခဲ့သည့်တစ်လကသာ ပြီးဆုံးခဲ့ပြီး အထူးသဖြင့် ဂါဇာစီးတီးသို့ စစ်ဆင်ရေးတစ်ခုတွင် ရှေ့တန်းသို့ ပြန်သွားရန် ဆန္ဒမရှိတော့ပေ။

“ဟိုးအရင်ကထဲက ပြီးဆုံးသွားရမယ့် ဒီစစ်ပွဲအကြောင်းကို ပြောနေရတုန်းဆို‌တော့ ကျွန်တော် နည်းနည်းတော့ တုန်လှုပ်မိပါတယ်” ဟု ဇိုဟာဆဲလ်က CNN သို့ ပြောကြားခဲ့သည်။

လွန်ခဲ့သည့်တစ်နှစ်က စတင်ပေါက်ဖွားလာသော သံသယများသည်ယခုအခါ ပိုမိုအားကောင်း လာကာ ၎င်း၏ယူနစ်မှ အခြားအဖွဲ့ဝင်များမှာလည်း သူကဲ့သို့ပင် စိုးရိမ်ပူပန်နေကြသည်ဟု ၎င်းက ဆိုသည်။

“ဒီဆုံးဖြတ်ချက်ဟာ ဓားစာခံတွေကို သေဒဏ်ပေးတယ်လို့ ကျွန်တော် ထင်ပါတယ်ဟု ဆိုသည်။ “ အစိုးရက ဒီစစ်ပွဲအတွက် မစ်ရှင်နှစ်ခုအကြောင်း ပြောနေတာ တစ်ချိန်လုံး ပြောနေတာက ဓားစာခံတွေကို ရဖို့နဲ့ ဟားမတ်စ်တွေကို အနိုင်ယူဖို့၊ အခု ငါတို့ကို ပြောနေပြန်တာက ပန်းတိုင်က တစ်ခုပဲ ရှိတော့တယ်။ ဒါကတော့ ဖြစ်နိုင်မယ်လို့ ငါမထင်ဘူး ဟားမတ်စ်တွေကို ဖျက်ဆီးပစ်ဖို့တဲ့ ဒါကလည်း ဟားမတ်စ်ကို မဖျက်ဆီးနိုင်ဘူး။”

အစ္စရေးစစ်တပ်တွင် တာဝန်အရ စစ်မှုထမ်းနေသော စစ်တပ်သည် နှိုင်းယှဥ်ပါက သေးငယ်ပြီး အများစုသည် စစ်မှုထမ်းဥပဒေအရဆင့်ခေါ်ခံရသူများ ဖြစ်သည်။ နိုင်ငံ၏ အရှည်ကြာဆုံး စစ်ပွဲဖြစ်လာသည့် စစ်ပွဲကို ဆက်လက်တိုက်ခိုက်ရန်အတွက် အစ္စရေးသည် အရန်တပ်များကို အားကိုးရမည် ဖြစ်သည်။

သို့သော် စစ်ဆင်ရေးသည် စစ်သားများနှင့် ဓားစာခံများကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု စစ်ဦးစီးချုပ်က သတိပေးပြီးနောက် ဂါဇာဒေသအတွင်း တာဝန်ထမ်းဆောင်ရန် ခေါ်ဆိုမှုအသစ်ကို မည်ကဲ့သို့ ဖြေကြားမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဒက်ဖရင် (Defrin) သည် ဓားစာခံများ၏ အသက်ကို ကာကွယ် ရန် IDF သည် “ထောက်လှမ်းရေးနှင့် အခြားစွမ်းရည်များစွာ” ကို အသုံးပြုကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ သို့ရာတွင် သူပြောနိုင်သည် က “ ဓားစာခံတွေကို မထိခိုက်စေဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါ့မယ်” သာဖြစ်သည်။

အရန်တပ်ဖွဲ့များကိုဖုန်းခေါ်ဆိုမှု သတိပေးချက်များသည် လူများစွာ အတွက် မဖြစ်မနေ လိုအပ်သော်လည်း ဂါဇာကမ်းမြောင်ဒေသသို့ အရန်တပ်ဖွဲ့ဝင် အများအပြားကို အကြိမ်များစွာ ပေးပို့ပြီးနောက်၊ ငြင်းဆိုသူများကို အပြစ်ပေးခြင်း သို့မဟုတ် တရားစွဲဆိုခြင်း သို့မဟုတ် ခေါ်ဆိုမှုကို ရှောင်ရှားရန် စစ်တပ်က လိုလားမှုအနည်းငယ်ကိုသာ ပြသခဲ့သည်။

၂၀၀၆ ခုနှစ် လက်ဘနွန်စစ်ပွဲအတွင်း စစ်တပ်ကို ဦးဆောင်ခဲ့သည့် IDF စစ်ဦးစီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဒန်ဟာလ်လု့စ်ဇ် (Dan Halutz) က အရန်တပ်သားအားလုံး တာဝန် ထမ်းဆောင်ရန် လာမည်မဟုတ်ကြောင်း ခန့်မှန်းခဲ့သည်။

“သူတို့ထဲက တချို့က အိမ်မှာပဲနေမယ်လို့ ယုံကြည်ပါတယ်” ဟု လေတပ်အရန်တပ်ဖွဲ့၏ ယခုလအစောပိုင်းက ဆန္ဒပြပွဲ၌ ၎င်းက CNN သို့ ပြောကြားခဲ့သည်။ “စစ်ပွဲက တနှစ်ကျော် လောက်ထဲက ပြီးသွားပြီ” ဟု ဒန်ဟာလ်လု့စ်ဇ်က ပြောခဲ့ပြီး လက်ရှိအစီအစဉ်သည် “ယုတ္တိမရှိ” ဟုဆိုသည်။

အငြိမ်းစားဗိုလ်ချုပ်ကြီးသည် အစ္စရေးတို့အား အမှုထမ်းဆောင်ခြင်းကို ငြင်းဆိုရန် မပြောမိဖို့ သတိထားခဲ့သော်လည်း ၎င်းက အရန်တပ်များကို “ မိမိ၏စိတ်အသိတရားဖြင့်၊ မိမိယုံကြည် သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ကြရန်” တိုက်တွန်းခဲ့သည်။

နေတန်ယာဟုက လွန်ခဲ့သည့်တစ်နှစ်ကျော်က အဆိုးရွားဆုံးတိုက်ပွဲများ အခု ပြီးဆုံးတော့ မည်ဟု ကတိပြုခဲ့သည်။ ဂါဇာတောင်ပိုင်းရှိ ရာဖာကို အစ္စရေးက ကျူးကျော်သိမ်းပိုက်ပြီး သည်နှင့် ပြီးခဲ့သောနှစ် ဖေဖော်ဝါရီလက CBS အင်တာဗျူးတစ်ခုတွင် ၎င်းက “တိုက်ပွဲ၏ ပြင်းထန်သောအဆင့်သည် ပြီးဆုံးရန် လပေါင်းများစွာမဟုတ် ရက်သတ္တပတ်များအတွင်း ပြီးဆုံးတော့မည် ဟုဆိုခဲ့သည်။

ယခု ၁၈ လအကြာတွင် နေတန်ယာဟုက စစ်ဆင်ရေးအသစ်သည် အစ္စရေး၏ အရှည် ကြာဆုံး စစ်ပွဲကို အဆုံးသတ်ရန် အလျင်မြန်ဆုံးနည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့ပြန်သည်။

ဒါပေမယ့် ဒီစစ်ဆင်ရေးက လူတစ်သန်းကျော်နေထိုင်တဲ့ မြို့တစ်မြို့ကိုလည်း ပစ်မှတ်ထားပြီး အများစုဟာ ဂါဇာကမ်းမြောင်ဒေသက အခြား အရပ်သို့ စွန့်ခွာထွက်ပြေးသွားခဲ့ကြပြီ ဖြစ်သည်။

ဟားမတ်စ်ဦးဆောင်သော ၂၀၂၃ ခုနှစ် အောက်တိုဘာလ၇ ရက် တိုက်ခိုက်မှုနောက်ပိုင်း ၂၂ လကျော်ကြာ ဂါဇာရှိ လူပေါင်း ၂ သန်းကျော်သည် အစ္စရေး၏ ဝိုင်းရံထားမှုအတွင်း ပြင်းထန်သော ငတ်မွတ်မှု၊ ရောဂါဘယများနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများဖြင့် ရုန်းကန်နေရဆဲဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသတွင် “ခြောက်လအောက်” ကာလအတွင်း ကလေးသူငယ် အာဟာရချို့တဲ့မှု သုံးဆတိုးလာခဲ့သည်ဟု ကုလသမဂ္ဂမှဆိုသည်။ ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများက အစ္စရေးအား ဝိုင်းရံထားသည့် ဧရိယာအတွင်းသို့ ဝင်ရောက်သည့် အကူအညီများအပေါ် ပြင်းထန်စွာ ကန့်သတ်ချက်များနှင့် ပိတ်ပင်ထားမှုကို ရုတ်သိမ်းရန် တိုက်တွန်းခဲ့ကြသည်။

ဂါဇာစီးတီးတွင် ကလေး ၃ ဦးလျှင် ၁ ဦးနီးပါးသည် အာဟာရချို့တဲ့နေကြောင်း ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNRWA) အကြီးအကဲ ဖိလစ်ပီ လာဇာရီနီ (Philippe Lazzarini) က “ကာကွယ်နိုင်တဲ့ လူကြောင့်ဖြစ်ရတဲ့ အစာငတ်မွတ်မှု” ဟု ခေါ်တွင်ကြောင်း ပြောကြားခဲ့သည်။

နေတန်ယာဟု၏ အစိုးရသည် နယ်မြေအတွင်း ငတ်မွတ်ခေါင်းပါးမှု များပြားသည်ဟု အကြိမ်ကြိမ် ငြင်းဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို