နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမြို့ပေါ်က လူငယ်(၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီ အဓမ္မဖမ်းဆီးခေါ်ဆောင်

ဇန်နဝါရီလ (၂၂)ရက်။

မနေ့က နေ့လယ် (၁)နာရီခန့်က ကန့်ဘလူမြို့ပေါ်က လူငယ် (၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

“ဖမ်းတာတွေက အခုမှမဟုတ်ဘူး အရင်ကထဲက ညဘက်တွေဝင်ဆွဲတာ။ အခုက နေ့ခင်းကြီးလဲ ပေါ်တင်ဝင်ဆွဲတာ။ မြို့ပေါ်လဲ လူငယ်တွေ မကျန်တော့ဘူး အကုန်ပြေးနေကြရတယ်။ မဲမနှိုက်ဘဲ ဆွဲခံရသူတွေလဲ အများကြီးပဲ”လို့ ဆိုပါတယ်။

မြို့ပေါ်ရှိ ရင်ကွက်တွေမှာ စစ်ကောင်စီလက်အောက်ခံ ဝါသဝပြည်သူ့စစ်အဖွဲ့က စစ်မှုထမ်းဖို့ (၈၀)ဦးအထိ တောင်းယူနေတယ်လို့ သိရကာ မနေ့က အမှတ်(၂)ရက်ကွက်မှာ ဘိလိယက်ထိုးနေတဲ့ လူငယ် (၇)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။

“မနေ့က နေ့လယ်(၂)နာရီလောက် အမှတ်(၁)ရပ်ကွက်ဘက် မဲနှိုက်ရတယ်လို့ကြားတယ်။ အသက်က (၃၅)ကနေ (၅၀)အတွင်းထိပါတယ်လို့ပြောတယ်။ အခုက ပိုက်ဆံပေးနိုင်ရင် ရတယ်။ မပေးနိုင်တဲ့ အခြေခံလူတန်းစားတွေပဲ ဒိုင်ခံ လိုက်နေရတာ”လို့ မြိုခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ (၁၅)ရက်နေ့ကလဲ ကန့်ဘလူမြို့ ကန်စွန်းအင်းရွာနဲ့ ကန်သာလှရွာက လူငယ် (၃၀)ကျော်ကို မြို့နယ်ထွေအုပ်ရုံးဘေးရှိ One Stop Service ရုံးကို ဖမ်းဆီးခေါ်ဆောင်ကာ ကန့်ဘလူ(၆၀၀၆)ကနေ Mi17 နဲ့ (၂)ကြိမ် သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

“မနေ့က ဘိလိယက်ခုံကို ဝင်ဖမ်းတော့လဲ ထွက်ပြေးရင် အကုန်ပစ်သတ်ဆိုပြီးပြောတယ်။ ရွာတွေဘက်မှာလဲ အိမ်ထောင်စုစာရင်းတွေတောင်းလို့ ရွာသူကြီးကိုပေးရတယ်။ အဲ့လိုပေးပြီး‌‌ ညပိုင်း ဝင်ဆွဲတာ။ မနေ့က ကလေးတွေကို အမှတ်(၂)ဥက္ကဋ္ဌ မိုးကျော်ကိုယ်တိုင် ဦးဆောင်ပြီး ဝင်ဆွဲတာ။ ထွက်ပြေးဖို့လဲ မလွယ်ဘူး၊ ရပ်ကွက်တွေမှာ ညတိုင်း ပေါ်တာဆွဲနေတာ”လို့ ဆက်ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဝါသဝဟာ ကန့်ဘလူခရိုင်ထဲ ပျုစောထီးနဲ့ စစ်မှုထမ်းအင်အား ဘယ်လောက်ရှိတယ်ဆိုတာကို အမြဲလိုလို ကြွားလုံးထုတ် ဝါဒဖြန့်နေပေမယ့် လက်တွေ့မှာတော့ ထိခိုက်သေဆုံးတာတွေ များနေတာပါ။

အခုလို ပျုစောထီးအင်အား မလျော့သွားစေဖို့အတွက်ဆိုပြီး သူတို့စိုးမိုးထားတဲ့ မြို့ပေါ်နဲ့ အနီးကျေးရွာက လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းပို့ဆောင်တာနဲ့ ပျူစောထီးသင်တန်းပေးတာတွေကို အင်အားသုံး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို