နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဆန္ဒအလျောက် ပုလိပ်အဖြစ် တာဝန်ထမ်းဆောင်သူ အိန္ဒိယရဲက မုဒိမ်းကျင့်သတ်ဖြတ်မှု ကျူးလွန်

ဇန်နဝါရီလ (၂၂) ရက်။

အသက် (၃၁) နှစ်အရွယ် အငယ်တန်းဆရာဝန်မလေးကို မုဒိမ်းကျင့်သတ်ဖြတ်မှုတွင် အိန္ဒိယရဲက ကျူးလွန်ခဲ့တဲ့အတွက် လူထုကို အမျက်ဒေါသထွက်စေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားမြို့က ဆေးရုံတစ်ရုံမှာ အငယ်တန်းဆရာဝန်မလေးတစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ရဲတစ်ဦးကို စနေနေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အမျိုးသမီးတွေ ဘေးကင်းလုံခြုံမှု မရှိတဲ့အပေါ် တစ်နိုင်ငံလုံး ဒေါသထွက်စေခဲ့တဲ့ ရာဇ၀တ်မှုတစ်ခုကို အမြန် တရားစီရင်ချမှတ်ခဲ့ပါတယ်။

အစိုးရပိုင် R G Kar ဆေးဘက်ဆိုင်ရာကောလိပ်နဲ့ ဆေးရုံရှိ စာသင်ခန်းတစ်ခုအတွင်းမှာ မနှစ်က သြဂုတ် ၉ ရက်နေ့က ဆရာဝန်မလေး အလောင်းကို တွေ့ရှိခဲ့ပါတယ်။ အခြားဆရာဝန်တွေဟာ သူမအတွက် တရားမျှတမှုနဲ့ အစိုးရဆေးရုံတွေမှာ လုံခြုံရေး ပိုမိုကောင်းလာစေရန် တောင်းဆိုတဲ့အနေဖြင့်ရက်သတ္တပတ်များစွာ အလုပ် ရပ်နားခဲ့ကြပါတယ်။

တရားခံ ဆန်ဂျေးရွိုင်း (Sanjay Roy) က နိုဝင်ဘာလမှာ သသူ့မှာ “လုံးဝအပြစ်မရှိဘူး” လို့ ဆိုကာ အမှုဆင် လုပ်ကြံခံရတာလို့ ငြင်းဆိုခဲ့ပါတယ်။ စနေနေ့က တရားရုံးချိန်းလမှာလည်း သူက “ဒါကို ကျွန်တော် မလုပ်ခဲ့ပါဘူး” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဆန်ဂျေးရွိုင်းရဲ့ရှေ့နေတွေကို စီရင်ချက်အပေါ် မှတ်ချက်ပေးဖို့ ချက်ချင်းဆက်သွယ်လို့ မရခဲ့ပါဘူး။ စုံစမ်းစစ်ဆေးမှုနဲ့ မှုခင်းဆေးစစ် အစီရင်ခံစာတွေမှာ ထင်ထင်ရှားရှား ကွဲလွဲမှုတွေ ရှိတယ်လို့ သူတို့က စောဒကတက်ခဲ့ကြပါတယ်။

ရွိုင်းကို စွဲချက်တင်နိုင်တဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေက သက်သေပြခဲ့ပြီး ဖြစ်တာကြောင့် လာမယ့်တနင်္လာနေ့မှာ ကြေညာမယ့် စီရင်ချက်ဟာ ထောင်ဒဏ် တစ်သက်ကနေ သေဒဏ်အထိ ဖြစ်တယ်လို့ တရားသူကြီး အန်နာဘန်ဒတ်စ် (Anirban Das) က ပြောပါတယ်။

“မင်းမှာအပြစ်ရှိတာကို သက်သေပြလိုက်ပြီ။ မင်းမှာ အပြစ်ရှိတယ်လို့ စီရင်ချက်ချတယ်” လို့ တရားသူကြီးက ပြောပါတယ်။

အိန္ဒိယဥပဒေအရ အမည်မဖော်ပြတဲ့ အသတ်ခံရတဲ့ တရားလိုရဲ့မိဘတွေက အဲ့ဒီရာဇ၀တ်မှုဟာ လူတစ်ဦးတည်းက ကျူးလွန်ခဲ့တာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုအပေါ် မကျေနပ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့သမီးလေးဟာ ယောက်ျားတစ်ယောက်ထဲနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ ကံကြမ္မာကို တွေ့ခဲ့ရတာ မဖြစ်နိုင်ပါဘူး” လို့ သူ့အဖေက ပြောပါတယ်။ “တရားခံအားလုံးကို အပြစ်ပေး မခံရမချင်း ကျွန်တော်တို့ နာကျင်ခံစားနေရမှာပါ” လို့ ဆိုပါတယ်။

ဒီအမှုကို စုံစမ်းစစ်ဆေးတဲ့ အိန္ဒိယနိုင်ငံရဲ့ ဗဟိုရဲတပ်ဖွဲ့က ရှားပါးတဲ့ရာဇ၀တ်မှုတွေထဲမှာ ဒီအမှုဟာ အရှားပါးဆုံးအဖြစ် ဖော်ပြခဲ့ပြီး ရွိုင်းကို သေဒဏ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တရားရုံးအပြင်ဘက်မှာ ကျူးလွန်ခံရတဲ့မိသားစုနဲ့အတူ ဆရာဝန်အများအပြားက ကြွေးကြော်သံတွေ ဆိုခဲ့ကြပါတယ်။ အငယ်တန်းဆရာဝန်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အန်နီကက် မာဟာတို (Aniket Mahato) က တရားမျှတမှု မပြီးမချင်း လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဆက်လက်ရှိနေဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

ရွိုင်းကို ရဲကားနဲ့ တရားရုံးကို ခေါ်ဆောင်လာစဉ် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို တပ်ဖြန့်ချထားခဲ့ရပါတယ်။

အဲ့ဒီ စုံစမ်းစစ်ဆေးမှုမှာ တရားလိုပြ သက်သေ ၁၂၈ ဦးကို ကိုးကားဖော်ပြခဲ့ပြီး သူတို့အထဲက ၅၁ ဦးကို နိုဝင်ဘာ ၁၁ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး လျင်မြန်စွာ ကောက်ချက်ချနိုင်ခဲ့တယ်လို့ တရားရုံးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မှုခင်းဖြစ်ပွားချိန်မှာ နယ်မြေခံရဲစခန်းက ဦးစီးအရာရှိနဲ့ ဆေးရုံအုပ်တို့ကို မှုခင်းအခင်း ဖြစ်ပွားရာနေရာကို ဖျက်ဆီးကာ သက်သေတွေကို ဖောက်ဖျက်မှုဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပါတယ်။

ဆေးရုံအုပ်ဟောင်းကို ဆေးရုံမှာ ငွေကြေးအရှုပ်အရှင်း သီးခြားအမှုနဲ့ ဆက်လက်ချုပ်နှောင်ထားပြီး ဆက်နွယ်နေတဲ့ ရဲအရာရှိကို အာမခံနဲ့ လွှတ်ပေးထားဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ။

တရားရုံးအပြင်ဘက်မှာ ဆရာဝန်အများအပြားက ဆန္ဒထုတ်ဖော်စဉ်

File: Adnan Abidi/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော