နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တရုတ်နဲ့ စစ်ဖြစ်နိုင်ခြေရှိတဲ့ အမေရိကန်စစ်ရေး အစီအစဉ်တွေအကြောင်း မပြခဲ့ဘူးလို့ ထရမ့်ပြော

မတ်လ (၂၂) ရက်။

သောကြာနေ့က ပင်တဂွန်စစ်ဌာနချုပ်မှာ ရောက်ရှိနေစဉ် DOGE အကြီးအကဲ အီလွန်မာ့ခ်ကို တရုတ်နဲ့ စစ်ဖြစ်နိုင်ခြေရှိတဲ့ အမေရိကန်စစ်ရေး အစီအစဉ်တွေအကြောင်း ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းပေးပို့ချက်နဲ့ပတ်သက်လို့ အခုလို အစီအစဉ်တွေကို ပြမှာမဟုတ်ဘူး ဘယ်သူ့ကိုမှ ပြမှာမဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရန့်က ငြင်းဆိုလိုက်ပါတယ်။

“ ဘယ်သူ့ကိုမှ ဒါတွေကို ကျုပ်မပြချင်ပါဘူး။ တရုတ်နဲ့ စစ်ပွဲဖြစ်နိုင်ခြေအကြောင်း ပြောနေတယ်ဆိုတာ ခင်ဗျား သိပါတယ်” လို့ ထရန့်က ဘဲဥပုံရုံးခန်းမှာ မှတ်ချက်ပေးရာတွင် ပြောကြားခဲ့ပါတယ်။ “ တရုတ်နဲ့ စစ်ပွဲ ဖြစ်တာကို ကျုပ်တို့ မလိုချင်ပါဘူး၊ ဒါပေမယ့် ဖြစ်လာမယ်ဆိုရင် ကျုပ်တို့က ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောနိုင်ပါတယ်။”

ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်နဲ့ အီလွန်မတ်စ်တို့ ပင်တဂွန်စစ်ဌာနချုပ်မှာ တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။ မတ်စ်က ပင်တဂွန်မှာ ဘာကြောင့် ရောက်ရှိနေရတာလဲဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာနေချိန်မှာ ထရမ့်ရဲ့မှတ်ချက် ထွက်လာခြင်း ဖြစ်ပါတယ်။

မတ်စ်ကို တရုတ်နိုင်ငံနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပဋိပက္ခတွေအတွက် အမေရိကန်စစ်တပ်ရဲ့ စစ်ရေးအစီအစဉ်အကြောင်း အကျဉ်းချုံး ရှင်းပြခဲ့တယ်လို့ နယူးယောက်တိုင်း သတင်းစာက ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။ ကြာသပတေးနေ့က သတင်းဖော်ပြမှုကို ဆိုရှယ်မီဒီယာပေါ်မှာ ပင်တဂွန်အရာရှိတွေက ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ မတ်စ်ရဲ့ ကိုယ်ပိုင်စီးပွားရေး အကျိုးစီးပွားတွေ ရှိနေတာကြောင့် တကယ်လို့ သူ့ကို တရုတ်နိုင်ငံနဲ့ အလားအလာရှိတဲ့ စစ်ရေးအစီအစဥ်အကြောင်း အကျဉ်းချုံးတင်ပြခဲ့တယ်ဆိုရင် အကျိုးစီးပွား ပဋိပက္ခဖြစ်စေနိုင်ကြောင်း ထရန့်က သိရှိထားတယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

“ ဒါကို ဘယ်သူ့ကိုမှ ချမပြချင်ပါဘူး၊ ဒါကြောင့် ကျုပ်တို့ကို အများကြီး ကူညီပေးနေတဲ့ စီးပွားရေးသမားကို ကျုပ်က ပြမှာမဟုတ်ဘူး” လို့ သမ္မတက ပြောကြားခဲ့ပါတယ်။ “ ခင်ဗျား သိပါတယ်၊ အီလွန် ဟာ တရုတ်နိုင်ငံမှာ သူ့စီးပွားရေးတွေ ရှိနေတော့ အဲ့ဒီအတွက် သူ့ကို သံသယဖြစ်ခံရနိုင်ခြေ ရှိလိမ့်မယ်၊ ဒါပေမယ့် ဒါဟာ အတုအယောင်ဇာတ်လမ်းပါပဲ” လို့ ထရန့်က ပြောခဲ့ပါတယ်။

ထရန့်လက်အောက်ရှိ အထူးအစိုးရ၀န်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့မတ်စ်ဟာ ထိပ်တန်းလျှို့ဝှက်လုံခြုံရေး ကင်းရှင်းမှု ရှိတယ်လို့ CNN က ဖော်ပြခဲ့ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်က ထရန့်အစိုးရက အစိုးရအရွယ်အစားကို ကျုံ့ရန် ကြိုးပမ်းနေစဉ်အတွင်း ပင်တဂွန်က စစ်တပ်ထိပ်ပိုင်းကို သိသာထင်ရှားစွာ ဖြတ်တောက် လျော့ချဖို့ ချိန်ဆနေချိန်လည်း ဖြစ်ပါတယ်။

ကာကွယ်ရေးဌာနက ဌာနအတွင်း လိမ်လည်မှုနဲ့ မလိုလားအပ်တဲ့ အပိုခန့်ထားမှုတွေကို ရှာဖွေဖို့ မတ်စ်ရဲ့ DOGE နဲ့ လက်တွဲလုပ်ဆောင်မှာဖြစ်ကြောင်း ဟက်ဆက်က ပြောကြားခဲ့ပါတယ်။

မတ်စ်ဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အကျိုးအမြတ်များတဲ့ ကန်ထရိုက်လုပ်ငန်းတွေကို ရယူထားပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလက အမေရိကန်အာကာသတပ်ဖွဲ့ (US Space Force) ဟာ မတ်စ် ရဲ့ SpaceX ကို ဂြိုဟ်တုလွှတ်တင်ရေးစာချုပ်မှာ ဒေါ်လာ ၇၃၃ သန်း ပေးအပ်ခဲ့ပါတယ်။

မတ်စ်ဟာ ဟက်ဆက်နဲ့ အခြားပင်တဂွန်ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့အတွက် မနက် ၉ နာရီမထိုးမီ ပင်တဂွန်ကို ရောက်ရှိခဲ့ပါတယ်။ ရောက်တာအိမ်း သူဟာ အပေါ်ထပ်က ဟက်ဆက်ရဲ့ ရုံးခန်းကို တက်သွားခဲ့ပြီး ရုံးခန်းထဲမှာ တစ်နာရီနှင့် မိနစ် ၂၀ ခန့် ကြာပြီးနောက် ထွက်လာခဲ့ပါတယ်။ ပင်တဂွန်က မျှဝေတဲ့ အစည်းအဝေးဓာတ်ပုံတွေမှာ ဟက်ဆက်ရဲ့ ဝန်ထမ်းအကြီးအကဲ ဂျိုးကက်စပါ (Joe Kasper) အပါအဝင် အခြားလူခြောက်ဦးနဲ့အတူ မတ်စ်နဲ့ ဟက်ဆက်တို့ စားပွဲတစ်ခုမှာ ထိုင်နေတာကို ပြသခဲ့ပါတယ်။

မတ်စ်နဲ့ ဟက်ဆက်တို့နှစ်ဦး ဟက်ဆက်ရဲ့ရုံးခန်းကနေ ထွက်ခွာသွားတဲ့အခါ CNN က မေးမြန်းရာမှာ မတ်စ်က တုံ့ပြန်ခဲ့ပါတယ်။

“ ဒါဟာ အမြဲတမ်း ကောင်းမွန်တဲ့ တွေ့ဆုံမှုပါ။”

“ အရင်ကလည်း ကျွန်တော် ဒီကိုရောက်ဖူးတာ ခင်ဗျားသိလား” လို့ မတ်စ်က သူနဲ့ ဟက်ဆက်တို့ ရယ်မောကာ လှေကားမှဆင်းလာခဲ့စဥ် ပြောလိုက်ပါတယ်။ ဟက်ဆက်ရော မတ်စ်ရော သူတို့ တွေ့ဆုံမှုမှာ တရုတ်အကြောင်းကို ဆွေးနွေးမှာလား ဒါမှမဟုတ် သီးသန့် ရှင်းလင်းတင်ပြချက်ဖြစ်လားဆိုတဲ့ မေးခွန်းတွေကို မဖြေခဲ့ပါဘူး။

မတ်စ် ထွက်ခွာသွားပြီးနောက် New York Times က သူတို့နှစ်ဦး ဘာတွေ ဆွေးနွေးခဲ့လဲလို့ မေးမြန်းရာမှာ ဟက်ဆက်က “ မင်းကို ဘာလို့ ပြောပြရမှာလဲ” လို့ တုံ့ပြန်ခဲ့ပါတယ်။

အိမ်ဖြူတော်မှာ တိုက်လေယာဉ်အသစ်တစ်ခု ကြေညာခြင်းအတွက် ဟက်ဆက် အိမ်ဖြူတော်မှာ ရှိနေစဉ် မတ်စ်နဲ့ လုပ်ခဲ့တဲ့ အစည်းအဝေးကို ဟက်ဆက်က “ သိပ်ကောင်းပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

“အီလွန်မတ်စ်ဟာ မျိုးချစ်အမေရိကန်တစ်ယောက်ဖြစ်ပြီး သူ့ကို ကျွန်တော်လေးစားပါတယ်” လို့ ဟက်ဆက်က သူတို့နှစ်ဦး ဆွေးနွေးခဲ့တာကို အသေးစိတ်မဖော်ပြဘဲ ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဒီဓာတ်ပုံမှာ ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်က ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့ ဗာဂျီးနီးယားပြည်နယ် အာလင်တန် ရှိ ပင်တာဂွန်ကို ရောက်ရှိခဲ့တဲ့ အီလွန်မတ်စ်ကို ကြိုဆိုနေပုံကို ပြသထားပါတယ်။ (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 7 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 59 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 52 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 80 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 58 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။