နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တရုတ်နဲ့ စစ်ဖြစ်နိုင်ခြေရှိတဲ့ အမေရိကန်စစ်ရေး အစီအစဉ်တွေအကြောင်း မပြခဲ့ဘူးလို့ ထရမ့်ပြော

မတ်လ (၂၂) ရက်။

သောကြာနေ့က ပင်တဂွန်စစ်ဌာနချုပ်မှာ ရောက်ရှိနေစဉ် DOGE အကြီးအကဲ အီလွန်မာ့ခ်ကို တရုတ်နဲ့ စစ်ဖြစ်နိုင်ခြေရှိတဲ့ အမေရိကန်စစ်ရေး အစီအစဉ်တွေအကြောင်း ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းပေးပို့ချက်နဲ့ပတ်သက်လို့ အခုလို အစီအစဉ်တွေကို ပြမှာမဟုတ်ဘူး ဘယ်သူ့ကိုမှ ပြမှာမဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရန့်က ငြင်းဆိုလိုက်ပါတယ်။

“ဘယ်သူ့ကိုမှ ဒါတွေကို ကျုပ်မပြချင်ပါဘူး။ တရုတ်နဲ့ စစ်ပွဲဖြစ်နိုင်ခြေအကြောင်း ပြောနေတယ်ဆိုတာ ခင်ဗျား သိပါတယ်” လို့ ထရန့်က ဘဲဥပုံရုံးခန်းမှာ မှတ်ချက်ပေးရာတွင် ပြောကြားခဲ့ပါတယ်။ “တရုတ်နဲ့ စစ်ပွဲ ဖြစ်တာကို ကျုပ်တို့ မလိုချင်ပါဘူး၊ ဒါပေမယ့် ဖြစ်လာမယ်ဆိုရင် ကျုပ်တို့က ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောနိုင်ပါတယ်။”

ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်နဲ့ အီလွန်မတ်စ်တို့ ပင်တဂွန်စစ်ဌာနချုပ်မှာ တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။ မတ်စ်က ပင်တဂွန်မှာ ဘာကြောင့် ရောက်ရှိနေရတာလဲဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာနေချိန်မှာ ထရမ့်ရဲ့မှတ်ချက် ထွက်လာခြင်း ဖြစ်ပါတယ်။

မတ်စ်ကို တရုတ်နိုင်ငံနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပဋိပက္ခတွေအတွက် အမေရိကန်စစ်တပ်ရဲ့ စစ်ရေးအစီအစဉ်အကြောင်း အကျဉ်းချုံး ရှင်းပြခဲ့တယ်လို့ နယူးယောက်တိုင်း သတင်းစာက ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။ ကြာသပတေးနေ့က သတင်းဖော်ပြမှုကို ဆိုရှယ်မီဒီယာပေါ်မှာ ပင်တဂွန်အရာရှိတွေက ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ မတ်စ်ရဲ့ ကိုယ်ပိုင်စီးပွားရေး အကျိုးစီးပွားတွေ ရှိနေတာကြောင့် တကယ်လို့ သူ့ကို တရုတ်နိုင်ငံနဲ့ အလားအလာရှိတဲ့ စစ်ရေးအစီအစဥ်အကြောင်း အကျဉ်းချုံးတင်ပြခဲ့တယ်ဆိုရင် အကျိုးစီးပွား ပဋိပက္ခဖြစ်စေနိုင်ကြောင်း ထရန့်က သိရှိထားတယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

“ဒါကို ဘယ်သူ့ကိုမှ ချမပြချင်ပါဘူး၊ ဒါကြောင့် ကျုပ်တို့ကို အများကြီး ကူညီပေးနေတဲ့ စီးပွားရေးသမားကို ကျုပ်က ပြမှာမဟုတ်ဘူး” လို့ သမ္မတက ပြောကြားခဲ့ပါတယ်။ “ခင်ဗျား သိပါတယ်၊ အီလွန် ဟာ တရုတ်နိုင်ငံမှာ သူ့စီးပွားရေးတွေ ရှိနေတော့ အဲ့ဒီအတွက် သူ့ကို သံသယဖြစ်ခံရနိုင်ခြေ ရှိလိမ့်မယ်၊ ဒါပေမယ့် ဒါဟာ အတုအယောင်ဇာတ်လမ်းပါပဲ” လို့ ထရန့်က ပြောခဲ့ပါတယ်။

ထရန့်လက်အောက်ရှိ အထူးအစိုးရ၀န်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့မတ်စ်ဟာ ထိပ်တန်းလျှို့ဝှက်လုံခြုံရေး ကင်းရှင်းမှု ရှိတယ်လို့ CNN က ဖော်ပြခဲ့ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်က ထရန့်အစိုးရက အစိုးရအရွယ်အစားကို ကျုံ့ရန် ကြိုးပမ်းနေစဉ်အတွင်း ပင်တဂွန်က စစ်တပ်ထိပ်ပိုင်းကို သိသာထင်ရှားစွာ ဖြတ်တောက် လျော့ချဖို့ ချိန်ဆနေချိန်လည်း ဖြစ်ပါတယ်။

ကာကွယ်ရေးဌာနက ဌာနအတွင်း လိမ်လည်မှုနဲ့ မလိုလားအပ်တဲ့ အပိုခန့်ထားမှုတွေကို ရှာဖွေဖို့ မတ်စ်ရဲ့ DOGE နဲ့ လက်တွဲလုပ်ဆောင်မှာဖြစ်ကြောင်း ဟက်ဆက်က ပြောကြားခဲ့ပါတယ်။

မတ်စ်ဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အကျိုးအမြတ်များတဲ့ ကန်ထရိုက်လုပ်ငန်းတွေကို ရယူထားပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလက အမေရိကန်အာကာသတပ်ဖွဲ့ (US Space Force) ဟာ မတ်စ် ရဲ့ SpaceX ကို ဂြိုဟ်တုလွှတ်တင်ရေးစာချုပ်မှာ ဒေါ်လာ ၇၃၃ သန်း ပေးအပ်ခဲ့ပါတယ်။

မတ်စ်ဟာ ဟက်ဆက်နဲ့ အခြားပင်တဂွန်ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့အတွက် မနက် ၉ နာရီမထိုးမီ ပင်တဂွန်ကို ရောက်ရှိခဲ့ပါတယ်။ ရောက်တာအိမ်း သူဟာ အပေါ်ထပ်က ဟက်ဆက်ရဲ့ ရုံးခန်းကို တက်သွားခဲ့ပြီး ရုံးခန်းထဲမှာ တစ်နာရီနှင့် မိနစ် ၂၀ ခန့် ကြာပြီးနောက် ထွက်လာခဲ့ပါတယ်။ ပင်တဂွန်က မျှဝေတဲ့ အစည်းအဝေးဓာတ်ပုံတွေမှာ ဟက်ဆက်ရဲ့ ဝန်ထမ်းအကြီးအကဲ ဂျိုးကက်စပါ (Joe Kasper) အပါအဝင် အခြားလူခြောက်ဦးနဲ့အတူ မတ်စ်နဲ့ ဟက်ဆက်တို့ စားပွဲတစ်ခုမှာ ထိုင်နေတာကို ပြသခဲ့ပါတယ်။

မတ်စ်နဲ့ ဟက်ဆက်တို့နှစ်ဦး ဟက်ဆက်ရဲ့ရုံးခန်းကနေ ထွက်ခွာသွားတဲ့အခါ CNN က မေးမြန်းရာမှာ မတ်စ်က တုံ့ပြန်ခဲ့ပါတယ်။

“ဒါဟာ အမြဲတမ်း ကောင်းမွန်တဲ့ တွေ့ဆုံမှုပါ။”

“အရင်ကလည်း ကျွန်တော် ဒီကိုရောက်ဖူးတာ ခင်ဗျားသိလား” လို့ မတ်စ်က သူနဲ့ ဟက်ဆက်တို့ ရယ်မောကာ လှေကားမှဆင်းလာခဲ့စဥ် ပြောလိုက်ပါတယ်။ ဟက်ဆက်ရော မတ်စ်ရော သူတို့ တွေ့ဆုံမှုမှာ တရုတ်အကြောင်းကို ဆွေးနွေးမှာလား ဒါမှမဟုတ် သီးသန့် ရှင်းလင်းတင်ပြချက်ဖြစ်လားဆိုတဲ့ မေးခွန်းတွေကို မဖြေခဲ့ပါဘူး။

မတ်စ် ထွက်ခွာသွားပြီးနောက် New York Times က သူတို့နှစ်ဦး ဘာတွေ ဆွေးနွေးခဲ့လဲလို့ မေးမြန်းရာမှာ ဟက်ဆက်က “မင်းကို ဘာလို့ ပြောပြရမှာလဲ” လို့ တုံ့ပြန်ခဲ့ပါတယ်။

အိမ်ဖြူတော်မှာ တိုက်လေယာဉ်အသစ်တစ်ခု ကြေညာခြင်းအတွက် ဟက်ဆက် အိမ်ဖြူတော်မှာ ရှိနေစဉ် မတ်စ်နဲ့ လုပ်ခဲ့တဲ့ အစည်းအဝေးကို ဟက်ဆက်က “သိပ်ကောင်းပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

“အီလွန်မတ်စ်ဟာ မျိုးချစ်အမေရိကန်တစ်ယောက်ဖြစ်ပြီး သူ့ကို ကျွန်တော်လေးစားပါတယ်” လို့ ဟက်ဆက်က သူတို့နှစ်ဦး ဆွေးနွေးခဲ့တာကို အသေးစိတ်မဖော်ပြဘဲ ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဒီဓာတ်ပုံမှာ ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်က ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့ ဗာဂျီးနီးယားပြည်နယ် အာလင်တန် ရှိ ပင်တာဂွန်ကို ရောက်ရှိခဲ့တဲ့ အီလွန်မတ်စ်ကို ကြိုဆိုနေပုံကို ပြသထားပါတယ်။ (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက