နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ရုရှားသည် ဥရောပကို ပေါင်းစပ်တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု ဒတ်ခ်ျထောက်လှမ်းရေးက ပြောသည်။

“ဖြစ်နိုင်ခြေရှိတဲ့ ယူကရိန်းနဲ့ စစ်ပွဲအဆုံးသတ်ပြီးနောက် ဥရောပအပေါ် ရုရှားရဲ့ ခြိမ်းခြောက်မှု တိုးလာနေတာကို ကျွန်တော်တို့ မြင်ပါတယ်” ဟု ဒတ်ခ်ျစစ်ထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာက ပြောကြားခဲ့သည်။

ရုရှားသည် နယ်သာလန်နှင့် ၎င်း၏ဥရောပမဟာမိတ်များကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ၎င်း၏ ပုန်းရှိုးကွယ်ရှိုး တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး ရုရှားဟက်ကာများသည် ဒတ်ခ်ျပြည်သူ့ဝန်ဆောင်မှုများကို ပစ်မှတ်ထားလုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဒတ်ခ်ျစစ်ထောက်လှမ်းရေးအေဂျင်စီ MIVD က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“ယူကရိန်းနဲ့ စစ်ပွဲ ဖြစ်နိုင်ခြေရှိတဲ့ အဆုံးသတ်ပြီးတဲ့နောက် ဥရောပကို ရုရှားအပေါ် ခြိမ်းခြောက်မှု တိုးလာနေတာကို ကျွန်တော်တို့ မြင်ပါတယ်” ဟု MIVD ဒါရိုက်တာပီတာ ရီးဆင့် (Peter Reesink) က အေဂျင်စီ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

“စစ်ပွဲနဲ့ ငြိမ်းချမ်းရေးကြားမှာရှိနေတဲ့ မီးခိုးရောင်ဇုန်က ပဋိပက္ခဟာ လက်တွေ့ဖြစ်လာပါပြီ။ အစိုးရတာဝန်ရှိသူတွေဟာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကို ထိခိုက်ဖို့အတွက် လျှို့ဝှက်တိုက်ခိုက်မှုတွေနဲ့ ပိုပိုပြီးတော့ ပျက်ပြားအောင် ကြိုးစားနေပါတယ်။ အထူးသဖြင့် ရုရှားဟာ ဒီလိုစွန့်စားမှုလုပ်ဖို့ ပိုပြင်ဆင်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

MIVD သည် ယမန်နှစ်တွင် သတ်မှတ်ဖော်ပြထားခြင်း မရှိသော ဒတ်ခ်ျ၏ အများပြည်သူ ဝန်ဆောင်မှု ဒစ်ဂျစ်တယ်အော်ပရေးရှင်းစနစ်အား ရုရှားဟက်ကာများ၏ တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း MIVD မှ ပြောကြားခဲ့သည်။

နယ်သာလန်တွင် အ‌ရေးပါသော အခြေခံအဆောက်အအုံအား ဗုံးခွဲတိုက်ခိုက်ရန် ရုရှား၏ ဆိုက်ဘာပြင်ဆင်မှုကိုလည်း တွေ့ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

ပေါင်းစပ်ထားသောခြိမ်းခြောက်မှုများတွင် အရေးကြီးသော အခြေခံအဆောက်အအုံများကို ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးခြင်းမှသည် မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှုများအထိ အရာအားလုံးကို လွှမ်းခြုံပါဝင်သည်။

MIVD က အဆိုပါ တိုက်ခိုက်မှုများသည် ရိုးရာသူလျှိုလုပ်ရပ်များကို ဆိုက်ဘာတိုက်ခိုက်မှုများနှင့် လူ့အဖွဲ့အစည်းအပေါ် သြဇာသက်ရောက်စေပြီး အားနည်းစေလိုသည့် အခြားကြိုးပမ်းမှုများနှင့် ပေါင်းစပ်ခြင်းတိုက်ခိုက် ဖြစ်သည်။

အေဂျင်စီက မြောက်ပင်လယ်ရှိ အခြေခံအဆောက်အအုံများနှင့် ပတ်သက်၍ ရုရှား အဖွဲ့အစည်းများ၏ မြေပုံထုတ်လုပ်ထားပြီး အင်တာနက်ကေဘယ်ကြိုးများ၊ ရေနှင့် စွမ်းအင်ထောက်ပံ့မှုများကို ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ထပ်ခါတလဲလဲ သတိပေးခဲ့သည်။

ထပ်တလဲလဲ ဆိုက်ဘာတိုက်ခိုက်မှုမှသည် မော်စကိုနှင့်ဆက်စပ်သော မီးရှို့မှုအထိ ဥရောပတွင် ဖောက်ခွဲ ဖျက်ဆီးမှုတွင် “မဆင်မခြင် လှုပ်ရှားမှု” များကို ပြုလုပ်နေသည်ဟု ဗြိတိန်နိုင်ငံခြား သူလျှိုအကြီးအကဲက နိုဝင်ဘာလတွင် စွပ်စွဲခဲ့သည်။

မော်စကိုက ယင်းကဲ့သို့ ဖြစ်ရပ်များအားလုံးအတွက် တာဝန်ရှိကြောင်း ငြင်းဆိုထားပြီး ၎င်းအပေါ် စွပ်စွဲမှုများမှာ အခြေအမြစ်မရှိသလို သက်သေပြခြင်းမရှိဟု ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 55 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 55 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 62 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 60 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား