နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒီတစ်နှစ်အတွင်း အမေရိကန်မှာ သဌေးတွေ ပိုပြီး ချမ်းသာသွားပြီ။ ထက်ဝက်ကျော် အီလွန်မတ်အက်စ်ဆီ ရောက်သွား

++++++++++++++++++++++++

မေလ (၂၂) ရက်။

အမေရိကန်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးသည် ပြီးခဲ့သောနှစ်တွင် ၎င်းတို့၏ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၅၃ ထရီလီယံ တိုးလာခဲ့ပြီး ထက်ဝက်ကျော်သည် အီလွန်မတ်စ်ဆီသို့ ရောက်သွားခဲ့သည်။

ရေတိုဈေးကွက် ကမောက်ကမ ဖြစ်နေသော်လည်း၊ အမေရိကန်၏ အချမ်းသာဆုံး ၁၀ ဦးသည် ပြီးခဲ့သောနှစ်တွင် ၎င်းတို့၏ အသားတင် ပိုင်ဆိုင်မှုသို့ ဒေါ်လာ ၃၆၅ ဘီလီယံ ပိုပြီး တိုးပွားလာခဲ့ကြောင်း နိုင်ငံတကာ အကျိုးအမြတ်မယူသော အဖွဲ့အစည်း Oxfam ၏ ဆန်းစစ်ချက်အသစ်အရ သိရသည်။ ယင်းတွက်ချက်မှုအရ သဌေးကြီးများ တစ်နေ့ကို ဒေါ်လာ ၁ ဘီလီယံခန့် တိုးလာခြင်းဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့်၊ ပျမ်းမျှအမေရိကန်အလုပ်သမားသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၅၀၀၀၀ ကျော်သာရရှိမည်ဖြစ်သည်။ Oxfam သည် အဆိုပါအလုပ်သမားများအနက်မှ ၁၀ ဦးသည် တူညီသောပမာဏရရှိရန် နှစ်ပေါင်း ၇ သိန်းကျော် (၇၂၆,၀၀၀) အချိန် ယူရမည်ဟု ခန့်မှန်းထားသည်။

အမေရိကန်ပြည်ထောင်စုတွင် ချမ်းသာကြွယ်ဝမှု မညီမျှမှုကို မီးမောင်းထိုးပြပြီး ရီပတ်ဘလစ်ကန်များက ချမ်းသာသူများကို ပိုချမ်းသာစေမည့် အဓိကဘေးကင်းရေး ပရိုဂရမ်များမှ ဒေါ်လာ ၁ ထရီလီယံနီးပါး ဖြတ်တောက်မည့် ဥပဒေများကို အခြေအတင် ဆွေးနွေးနေကြစဉ် ဤတွေ့ရှိချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အီလွန်မတ်စ်တစ်ယောက်တည်းက ဒေါ်လာ ၁၈၆ ဘီလီယံ တိုးပွားလာ

++++++++++++++++++++++++++++++

Forbes မဂ္ဂဇင်း၏ ၂၀၂၄ ဧပြီလကုန်မှ ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ အချိန်နှင့်တပြေးညီ ဘီလျံနာများစာရင်းတွင် ဖော်ပြခဲ့သည့် ထိပ်တန်းပုဂ္ဂိုလ် ၁၀ ဦး၏ ပိုင်ဆိုင်မှုပြောင်းလဲမှုများကို Oxfam မှ ခန့်မှန်းတွက်ချက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နှင့် တက်ဆလာ (Tesla) အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်၏ အသားတင်ပိုင်ဆိုင်မှုသည် အလားတူကာလအတွင်း ဒေါ်လာ ၁၈၆.၁ ဘီလီယံ တိုးလာပြီး စုစုပေါင်းတိုးလာမှု၏ ထက်ဝက်ကျော်ရှိသည်။ ပြီးခဲ့သည့် ဆောင်းဦးရာသီတွင် ထုတ်ပြန်ခဲ့သည့် ခွဲခြမ်းစိတ်ဖြာမှုတစ်ခုအရ သူသည် ပိုင်ဆိုင်မှုဒေါ်လာ ၁ ထရီလီယံကျော်ဖြင့် ကမ္ဘာ့ပထမဆုံးသော “ထရီလီယံနာ (trioneer)” ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

Meta Meta စီအီးအို မာ့ခ်ဇူကာဘတ် (Mark Zuckerberg) နှင့် Walmart တည်ထောင်သူ၏ အကြီးဆုံးသားဖြစ်သူ ရော့ဘ် ဝေါလ်တန် (Rob Walton) တို့ အသီးသီးသည် ၎င်းတို့၏ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၃၈.၇ ဘီလီယံအထိ တိုးပွားလာခဲ့သည်။ နာမည်ကြီး ရင်းနှီးမြှုပ်နှံသူ ဝါရင်းဘတ်ဖက် (Warren Buffett) က ဒေါ်လာ ၃၄.၈ ဘီလီယံနှင့် Walmart တည်ထောင်သူ၏ တတိယသား Jim Walton က ဒေါ်လာ ၃၆.၅ ဘီလီယံ ရခဲ့ပါတယ်။

တစ်ချိန်တည်းတွင်၊ Google ပူးတွဲတည်ထောင်သူ လာရီပေ့ချ် (Larry Page) နှင့် ဆာဂေဘရင် (Sergey Brin) ကဲ့သို့သော ဘီလျံနာအချို့သည် တစ်ချိန်တည်းတွင် ၎င်းတို့၏ ပိုင်ဆိုင်မှု အသားတင်တန်ဖိုး ကျဆင်းသွားသည်ကို မြင်တွေ့ခဲ့ရသည်။

လက်ယာရစ်- ဝါရင်ဘတ်ဖတ်၊ မာ့ခ် ဇူကာဘတ်ဂ်၊ အီလွန်မာ့ခ်စ်၊ လယ်ရီ အီလီဆန်၊ ဂျက်ဖ် ဘီဇို့စ်၊ ဂျင်မ်ဝေါလ်တန်၊ ‌ရော့ဘ် ဝေါလ်တန်၊ စတိ့ဗ်ဘောလ်မာ၊ ဆာဂေးဘရင်၊ လယ်ရီပေ့ချ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက