နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

Iran

Iran နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

၂၀၂၅ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် အီရန်ကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး အမေရိကန်သမတထရန့်၏ အိမ်ဖြူတော်မှ တိုင်းပြည်သို့ ပြောသည့် မိန့်ခွန်းအပြည့်အစုံ

ဇွန်လ (၂၂) ရက်။

အမေရိကန်သမတထရန့်က ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် အိမ်ဖြူတော်ကနေ တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်-

“မကြာသေးမီကပင် အမေရိကန်စစ်တပ်က အီရန်အစိုးရရဲ့ အဓိကနျူကလီးယားစက်ရုံသုံးရုံဖြစ်သည့် ဖော်ဒို (Fordow)၊ နာတန့် (ဇ) Natanz နဲ့ အက်စ်ဖာဟန် (Esfahan) တို့ကို တိကျစွာ ကြီးမားတဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ လူတိုင်းအနေနဲ့ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ အဖျက်လုပ်ငန်းကြီးကို တည်ဆောက်နေကြတဲ့ နေရာတွေရဲ့ အမည်တွေကို ကြားသိဖူးကြပါတယ်။

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့နံပါတ်တစ် အကြမ်းဖက်လုပ်ငန်းတွေကို ကမကထပြုလုပ်နေသူက ချမှတ်ထားတဲ့ အီရန်ရဲ့ နျူကလီးယား သန့်စင်မှု စွမ်းရည်ကို ဖျက်ဆီးပစ်ဖို့နဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို ရပ်တန့်ဖို့ ဖြစ်ပါတယ်။ ဒီနေ့ညမှာ ပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုတွေဟာ အံ့မခန်း စစ်ရေးအောင်မြင်မှုဖြစ်ကြောင်း ကမ္ဘာကြီးကို ကျွန်တော်က တင်ပြနိုင်ပါတယ်။

အီရန်ရဲ့အဓိကနျူကလီးယား သန့်စင်ရေး စက်ရုံတွေကို လုံးဝ လုံးလုံးလျားလျား ချေမှုန်းပစ်နိုင်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဗိုလ်ကျနေတဲ့အီရန်ဟာ အခုအခါ ငြိမ်းချမ်းရေးကို လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ဘူးဆိုရင် အနာဂတ် တိုက်ခိုက်မှုတွေဟာ ပိုမိုကြီးမားလာပြီး ပိုမိုလွယ်ကူမှာလည်း ဖြစ်ပါတယ်။ အနှစ် ၄၀ ကြာ အီရန်ဟာ အမေရိကကို သေစေရမယ်၊ အစ္စရေးကို သေစေရမယ်လို့ ပြောနေခဲ့တယ်။

လမ်းဘေးဗုံးတွေကို ဖောက်ခွဲပြီး ကျွန်တော်တို့ပြည်သူတွေရဲ့လက်တွေ၊ ခြေထောက်တွေကို ဖြတ်တောက်ပစ် သတ်ဖြတ်ပစ်ခဲ့တယ်။ အဲဒါက သူတို့ရဲ့ အထူးလုပ်ဆောင်ချက်တွေပဲ။ ကျွန်တော်တို့ဟာ လူပေါင်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရပြီး အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာတစ်ဝှမ်းရှိ ထောင်ပေါင်းများစွာတို့ဟာ သူတို့ မုန်းတီးမှုရဲ့ တိုက်ရိုက်ရလဒ်ကြောင့် သေဆုံးခဲ့ကြရတယ်။ အထူးသဖြင့် ဗိုလ်ချုပ်ကြီး ကက်ဆမ်ဆိုလိုမာနီကြောင့် အများအပြား သေဆုံးခဲ့ရတယ်။

ဒီလိုမဖြစ်ရအောင် အချိန်အတော်အကြာကြီးထဲက ကျုပ်က ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ ဆက်ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဝန်ကြီးချုပ် BB နေတန်ယာဟုကို ကျေးဇူးတင် ဂုဏ်ပြုချင်ပါတယ်။ ကျွန်တော်တို့ အရင်က ဘယ်အဖွဲ့ကမျှ လုပ်ဆောင်ခဲ့ဖူးခြင်း မရှိတဲ့ အဖွဲ့တစ်ခုအနေနဲ့ လုပ်ဆောင်ခဲ့ပြီး အစ္စရေးနိုင်ငံအတွက် ဒီဆိုးရွားလှတဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်ဖို့ ရှည်လျားတဲ့လမ်းကိုလျှောက်ခဲ့ကြရပါတယ်။ သူတို့လုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်အလုပ်တွေအတွက် အစ္စရေးစစ်တပ်ကို ကျေးဇူးတင်ချင်ပါတယ်။

နောက်အရေးကြီးဆုံးကတော့ ဒီနေ့ညမှာ ဒီလိုကြီးကျယ်ခမ်းနားတဲ့ စက်ယန္တရားတွေနဲ့ ပျံသန်းခဲ့ကြတဲ့ အမေရိကန်မျိုးချစ်ကြီးတွေနဲ့ ကမ္ဘာမှာ ဆယ်စုနှစ်များစွာ မတွေ့ဖူးသေးတဲ့ ဒီစစ်ဆင်ရေးအော်ပ‌ရေးရှင်းမှာပါတဲ့ အမေရိကန်စစ်သားတွေဂုဏ်ပြုချင်ပါတယ်။

ဒီလိုအင်အားကြီးစွာ တိုက်ခိုက်တဲ့ဝန်ဆောင်ပေးမှုမျိုး ထပ်ပေးဖို့ မလိုအပ်တော့ဘူးလို့ မျှော်လင့်ပါတယ်၊ အဲဒီလိုဖြစ်မယ်လို့ ကျုပ်အနေနဲ့ မျှော်လင့်ပါတယ်။

ကျွန်တော်အနေနဲ့ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌ၊ အံ့မခန်းစစ်ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး ဂျွန်ဒန်နီရယ်ရာဇင်ကိန်း (ဒန်ကိန်း) (John Daniel Razin Caine) နဲ့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ တပ်မတော်သားအားလုံးကိုလည်း ချီးကျူးဂုဏ်ပြုလိုပါတယ်။ အားလုံးက ပြောနေတာက ဒီအတိုင်း ဆက်သွားနေလို့မရဘူး ငြိမ်းချမ်းရေယူမလား ဒါမှမဟုတ်ရင် အီရန်အတွက် ကြေကွဲစရာ ဖြစ်လိမ့်မယ်။ ပြီးခဲ့တဲ့ ရှစ်ရက်အတွင်း ကျွန်တော်တို့မျက်မြင်တွေ့ခဲ့ရတာတွေထက် အများကြီး ပိုကြီးကျယ်တယ်။ ပစ်မှတ်များစွာ ကျန်ရှိနေသေးတယ်ဆိုတာကို သတိရပါ။

ဒီနေ့ညဟာ သူတို့အားလုံးမှာ အခက်ခဲဆုံးဖြစ်ပြီး သေစေလောက်အောင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးဟာ မြန်မြန်ဆန်ဆန် မရောက်လာသေးပါ၊ ကျွန်တော်တို့အနေနဲ့ ဒီပစ်မှတ်များရှိရာကိုသွားပြီး တိကျမှု၊ အရှိန်နဲ့ ကျွမ်းကျင်မှုတို့နဲ့ တိုက်ခိုက်သွားမယ်။ အများစုကို မိနစ်ပိုင်းအတွင်း ချေဖျက်လိုက်နိုင်ပါတယ်။

ဒီနေ့ည ကျွန်တော်တို့လုပ်ခဲ့တာမျိုးကို လုပ်နိုင်တဲ့စစ်တပ် ကမ္ဘာပေါ်မှာ မရှိပါဘူး။ ဘယ်လိုမှ မနီးစပ်နိုင်ဘူး။ မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ အရာမျိုးကို တတ်စွမ်းလုပ်ဆောင် နိုင်တဲ့စစ်တပ်မျိုး မရှိခဲ့ဖူးပါဘူး။ မနက်ဖြန်မှာ ဗိုလ်ချုပ်ကြီး ကိန်းနဲ့ ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်တို့က ပင်တဂွန်စစ်ဌာနချုပ်မှာ ည ၈ နာရီမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြမှာဖြစ်တယ်။

ပြီးတော့ လူတိုင်းကို အထူးပဲ ကျေးဇူးတင်တယ်။ အထူးသဖြင့် ဘုရားသခင်ကိုပါ။ ကျွန်တော်တို့က ဘုရားသခင်ကို ချစ်တယ်လို့ပဲ ပြောချင်တယ်။ ကျွန်တော်တို့ရဲ့ ခန့်ငြားတဲ့စစ်တပ်ကို ချစ်တယ်။ သူတို့ကို ကာကွယ်ပေးပါ ဘုရားသခင်။ အရှေ့အလယ်ပိုင်းကို ဘုရားသခင် ကောင်းချီးပေးပါ။ အစ္စရေးကို ဘုရားသခင်ကောင်းချီးပေးပါ။ အမေရိကကို ဘုရားသခင် ကောင်းချီးပေးပါစေ။ ကျေးဇူးအများကြီးတင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက