နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နျူကလီးယားစက်ရုံများကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခြင်းအပေါ် နိုင်ငံများနှင့် ဒေသအသီးသီးမှ တုံ့ပြန်ချက်များ

တရုတ်က ပြင်းပြင်းထန်ထန် ရှုတ်ချ

အမေရိကန်စစ်တပ်သည် အီရန်နျူကလီးယားစက်ရုံသုံးရုံကို တိုက်ခိုက်ခဲ့သည်။ အီရန်ကို တိုက်ခိုက်ရာတွင် အမေရိကန်၏ ပါဝင်မှုသည် အရှေ့အလယ်ပိုင်းတွင် မတည်မငြိမ်ဖြစ်စေပြီး စစ်ပွဲကို ချဲ့ထွင်စေနိုင်သည်။

အစ္စရေး၏တိုက်ခိုက်မှုတွင် အမေရိကန်ပါဝင်လာပါက လက်တုံ့ပြန်မည်ဟု အီရန်က သတိပေးထားပြီး အမေရိကန်စစ်သားများ၊ အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများနှင့် ဒေသတွင်းရှိ အခြားအခြေစိုက်စခန်းများကို တိုက်ခိုက်ခံရမည်ကို စိုးရိမ်မှုများရှိနေသည်။

နိုင်ငံနှင့် ဒေသအသီးသီး၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

◎ ဂျပန်ဝန်ကြီးချုပ် အီရှီဘာ ရှီဂေရူ

အရှေ့အလယ်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ သူက “အခြေအနေ အမြန်ဆုံး တည်ငြိမ်ဖို့က အရေးကြီးဆုံးပါ” ဟု ထောက်ပြခဲ့သည်။ “အီရန်ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးကို ဟန့်တားရမှာပါ” ဟု ၎င်းက ဆိုသည်။ အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ထောက်ခံလားလို့ မေးတဲ့အခါမှာတော့ “ကျွန်တော်တို့ အစိုးရအတွင်းမှာ သင့်လျော်တဲ့ ဆွေးနွေးမှုတွေ လုပ်ရအုံးမယ်” လို့ ပြောပါတယ်။

◎ ဗြိတိန်ဝန်ကြီးချုပ် စတားမာ

အီးမေးလ်နဲ့ ဖြန့်ဝေတဲ့ ကြေညာချက်မှာ အီရန်ကို နျူလက်နက် ထုတ်လုပ်ဖို့ ဘယ်သောအခါမှ ခွင့်မပြုရဟု သူက မှတ်ချက်ပေးခဲ့ပြီး အဲ့ဒီ ခြိမ်းခြောက်မှုကို အမေရိကန်က လျော့ပါးစေရန် လုပ်ဆောင်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ အခြေအနေ မတည်မငြိမ် ဖြစ်နေပြီး ဒေသတွင်းတည်ငြိမ်ရေးက ဦးစားပေးဖြစ်ကြောင်းလည်း သူက ထောက်ပြပြောဆိုသွားပါတယ်။ “ဒီအကျပ်အတည်းကို အဆုံးသတ်ဖို့ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို ပြန်သွားပြီး သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့ အီရန်ကို တောင်းဆိုထားပါတယ်။

◎ အိန္ဒိယဝန်ကြီးချုပ် မိုဒီ

တွစ်တာတွင် ပို့စ်တစ်ခုမှာ လတ်တလော အခြေအနေ ယိုယွင်းလာမှုအပေါ် အလွန်စိုးရိမ်ကြောင်း မိုဒီက ဖော်ပြခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှုကတစ်ဆင့် အဖြေရှာဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း အခြေအနေနဲ့ ပတ်သက်ပြီး အီရန်သမ္မတနဲ့ အသေးစိတ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရေးနဲ့သံခင်းတမန်ခင်းအားဖြင့် အရှိန်အဟုန်ကို အမြန်လျော့ချရေးနဲ့ အဖြေရှာဖို့ အရေးကြီးကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဆောလျင်စွာ ပြန်လည်ထူထောင်ဖို့ တောင်းဆိုခဲ့ပါတယ်။

◎ အီရတ်ဝန်ကြီးချုပ်ရုံး

အီရန်၏နျူကလီးယားစက်ရုံတွေ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး လေးလေးနက်နက်စိုးရိမ်မှုနဲ့ ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စစ်ရေးတင်းမာမှုဟာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေပြီး ဒေသတွင်း တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း သတိပေးခဲ့ပါတယ်။ အခြေအနေကို အရှိန်လျော့ဖို့နဲ့ အကျပ်အတည်းကို ရှောင်ရှားဖို့ သံတမန်လမ်းကြောင်းတွေ ချက်ချင်းဖွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

◎ ဆော်ဒီအာရေးဗီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန

အီရန်နျူကလီးယားစက်ရုံတွေကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ အီရန်၏အခြေအနေကို နက်ရှိုင်းစွာ အနီးကပ်စောင့်ကြည့်နေကြောင်း X (အရင် Twitter) မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အချုပ်အခြာအာဏာကို ချိုးဖောက်တာကို ရှုတ်ချကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ရန် တောင်းဆိုကာ အခြေအနေပိုမိုဆိုးရွားလာမှုကို ရှောင်ရှားဖို့အတွက် “အလွန်သိမ်မွေ့တဲ့အခြေအနေ” မှာ နိုင်ငံရေးအရ အဖြေရှာဖို့ တောင်းဆိုခဲ့ပါတယ်။

◎ အိုမန် နိုင်ငံခြားရေး ဝန်ကြီးဌာန

အီရန်နိုင်ငံရှိ ပစ်မှတ်များကို အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ပိုမိုဆိုးရွားလာသော အခြေအနေများကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်းနှင့် ရှုတ်ချကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်၏ တိုက်ခိုက်မှုများသည် တရားမ၀င်ဟု ခေါ်ဆိုကာ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေးခဲ့သည်။ ၎င်းက တင်းမာမှုများ အရှိန်လျှော့ရန် ချက်ချင်း တောင်းဆိုခဲ့ပြီး အီရန်၏ ငြိမ်းချမ်းသော နျူကလီယား လှုပ်ရှားမှုများ လုပ်ဆောင်ခွင့်ကို အလေးပေး ပြောဆိုခဲ့သည်။

◎ဥရောပကော်မရှင်ဥက္ကဋ္ဌ အာစူလာဗွန်ဒါလီယန် (Ursula von der Leyen)

အကျပ်အတည်းအဆုံးသတ်ဖို့ တစ်ခုတည်းသောနေရာဟာ ညှိနှိုင်းရေးစားပွဲဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

◎တူရကီနိုင်ငံခြားရေးဝန်ကြီး

အီရန်အပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုရလဒ်နဲ့ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အီရန်နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ခြင်းဟာ ဒေသတွင်းအန္တရာယ်ကို အဆိုးဆုံးအဆင့်သို့ မြှင့်တင်ခဲ့ပြီး ဒေသတွင်း ပဋိပက္ခကနေ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ အဲ့ဒီနောက် အီရန်ရဲ့ နျူကလီးယား ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ခုတည်းသော အဖြေမှာ စေ့စပ်ညှိနှိုင်းခြင်း ဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။ သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံဖို့ သူက တောင်းဆိုခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 74 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက