နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်ဖြင့် ရပ်တန့်နေချိန်တွင် ရုရှား-ယူကရိန်း ပဋိပက္ခအပေါ် ထရန့် ၏ သဘောထားပြောင်းလဲလာခဲ့သည်။

CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၂ရက်

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်ဖြင့် ရပ်တန့်နေချိန်တွင် ရုရှားကို ဆန့်ကျင် တိုက်ခိုက်ရန်အတွက် ယူကရိန်းကို ကျိုးကြောင်းဆီလျော်မှုရှိသော ကူညီပေးမှုကို ပေးအပ်မည်ဟု သမ္မတ ဒေါ်နယ်ထရန့် က ကြာသပတေးနေ့တွင် ကမ်းလှမ်းခဲ့သည်။

“ ကျူးကျော်ဝင်ရောက်လာတဲ့ နိုင်ငံကို ပြန်မတိုက်ခိုက်ဘဲ စစ်ပွဲကို အနိုင်ရဖို့က အရမ်းခက်ခဲ ပါတယ်။ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခွင့်မရှိတဲ့ ခံစစ်အားကောင်းတဲ့ အားကစား အဖွဲ့တစ်ဖွဲ့ လိုပါပဲ၊ ဒီလိုအခြေအနေက အနိုင်ရဖို့ အခွင့်အလမ်း မရှိပါဘူး။ ယူကရိန်းနဲ့ ရုရှားတို့မှာလည်း ဒီလိုပါပဲ” ဟု ထရန့်က Truth Social ပို့စ်တွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီးထရန့်က “ကောက်ကျစ်ပြီး အရည်အချင်းမရှိသူ ဂျိုးဘိုင်ဒန်က ယူကရိန်းကို ပြန်မတိုက်ရဘူး၊ ခုခံကာကွယ်ရုံပဲ လုပ်ရမယ်၊ အဲဒါက ဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲ၊ အဲဒီအချိန်က ငါသာ သမ္မတဖြစ်ခဲ့ရင် ဘယ်တော့မှ ဖြစ်လာမယ့် စစ်ပွဲမဟုတ်ဘူး စစ်ဖြစ်ဖို့ သုညဘဲ ။ စိတ်ဝင်စားစရာ ကောင်းတဲ့အချိန်တွေလာတော့မယ်!!!”ဟုဆိုသည်။

ထရန့် ၏ နှုတ်ထွက်စကားသည် မော်စကိုကို စိတ်အနှောက်အယှက်ဖြစ်စေနိုင်သည် ၎င်း၏မြေပေါ်သို့ ယူကရိန်းတိုက်ခိုက်မှုကို ထောက်ခံအားပေးသည့်မည်သည့်လုပ်ရပ်မဆို အနီရောင်မျဉ်းအဖြစ် မော်စကိုကသတ်မှတ်သည်။ ဘိုင်ဒင် အစိုးရလက်ထက်တွင် ယူကရိန်းသည် ရုရှားနိုင်ငံအတွင်းသို့ တာဝေးပစ် အမေရိကန်လုပ် ဒုံးကျည်များကို ပစ်လွှတ်ခြင်း မပြုရန် ကာလကြာ မူဝါဒချမှတ်ခဲ့သည်။ ၂၀၂၄ ခုနှစ်နို၀င်ဘာလတွင် ထိုမူဝါဒ ပြောင်းလဲသွားပြီးနောက် အမေရိကန်မဟာမိတ်များကဖိအားပေးလာခဲ့ပြီးနောက် ရုရှားသည် ၎င်း၏နျူကလီးယားအယူဝါဒကို မွမ်းမံပြင်ဆင်ကာ နျူကလီးယားအင်အားကြီးနိုင်ငံမှ ပံ့ပိုး ပေးသည့် မည်သည့်တိုက်ခိုက်မှုကို မဆို ပူးတွဲတိုက်ခိုက်မှုအဖြစ် ထည့်သွင်း စဉ်းစားမည် ဟု အတည်ပြုထုတ်ပြန်ခဲ့သည်။

ရက်အနည်းငယ်အကြာတွင် ရုရှားသည် ၎င်း၏ တာလတ်ပစ် တိုက်ချင်းပစ်ဒုံးကျည်သစ် အိုရက်ရှ်နစ် (Oreshnik) ကို ယူကရိန်းအလယ်ပိုင်း ဒီနင်ပရို(Dnipro) မြို့၌ ပစ်ခတ်ခဲ့သည်။ ရုရှားသည် ယူကရိန်းက သူတို့၏ စွမ်းအင်နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တာဝေးပစ် ဒရုန်းများကို ပုံမှန်တိုက်ခိုက်လေ့ရှိခြင်းကြောင့် ယူကရိန်းအစိုးရကို “အကြမ်းဖက် အစိုးရဖြစ်သည်” ဟု စွပ်စွဲပြောဆိုလေ့ရှိသည်။

ထရန့်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် TIME မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဘိုင်ဒင် ၏ ရုရှားနိုင်ငံတွင်းကို ပစ်ခတ်ရန် ယူကရိန်းအားခွင့်ပြုခဲ့သည့် ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီးနောက် ယခုအခါသူက ထိုဆုံးဖြတ်ချက်နောက်သို့သူက လိုက်ပါဆုံးဖြတ်လာခြင်းကြောင့် သူ၏သဘောထား သိသိသာသာ ပြောင်းလဲသွားခြင်းကို တွေ့ရသည်။

“ ရုရှားနိုင်ငံထဲကို မိုင်ရာနဲ့ချီတဲ့ ဒုံးကျည်တွေ ပစ်လွှတ်တာကို ကျွန်တော် ပြင်းပြင်းထန်ထန် သဘောမတူပါဘူး။ ဘာကြောင့် ဒီလိုလုပ်တာလဲ” ဟု ထရန့်သည် ရာထူးပြန်ရပြီး မကြာမီ အတွင်း က ပြောကြားခဲ့သည်။ “ ကျွန်တော်တို့က ဒီစစ်ပွဲကို အရှိန်မြှင့်ပြီး ပိုဆိုးအောင် လုပ်နေပါတယ်။ အဲဒါကို ခွင့်မပြုသင့်ပါဘူး။ အခု သူတို့က ဒုံးကျည်တွေတင်မကဘဲ တခြား လက်နက်အမျိုး အစားတွေနဲ့ပါ လုပ်နေတယ်။ အဲဒါက အရမ်းကြီးမားတဲ့ အမှားကြီး၊ အမှားကြီးတစ်ခုလို့ ကျွန်တော်ထင်ပါတယ်” သူသမတပြန်ဖြစ်စကပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးတို့ကြားတွင် နှစ်နိုင်ငံတွေ့ဆုံမှုပြုလုပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ အိမ်ဖြူတော်မှကြိုးစားနေချိန်တွင် ကရင်မလင်နန်းတော်မှ ခေါင်းဆောင်အဆင့်ချင်း တွေ့ဆုံမှုသည် ဖြစ်နိုင်ရန်ဝေး ကွာစွာ ရှိနေကြောင်း နှင့်ပူတင်ကသဘောတူထားခြင်းမရှိသေးကြောင်း သတင်းထွက်လာချိန်တွင် ထရန့်၏ မှတ်ချက်များ ကြာသပတေးနေ့တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့အပြင် ရုရှားသည် ယူကရိန်းနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သော အမေရိကန်ပိုင် ကုန်ထုတ်ကုမ္ပဏီကို တိုက်ခိုက်ခြင်း အပါအဝင် ယူကရိန်းနိုင်ငံကို ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ဖြစ်ပြီးအချိန်တိုအတွင်း ထရန့်သည် Truth Socialတွင် ပို့စ်တင်ခဲ့ပြီး ထိုပို့စ်တွင် ၁၉၅၉ ခုနှစ် ဆိုဗီယက်ခေတ် ရုရှားဖိအားပေးမှုကို အမေရိကန်က ဆန့်ကျင်ရပ်တည်သည့် သင်္ကေတတစ်ခု ဖြစ်လာခဲ့သည့် ဆိုဗီယက်ဝန်ကြီးချုပ် နစ်ကီတာခရူးရှော့ဗ် (Nikita Khrushchev) နှင့် ထိုစဉ်က ဒုသမ္မတ ရစ်ချတ်နင်ကဆင်တို့ ထိပ်တိုက်တွေ့နေသည့် ရိုက်ကူးခဲ့သော ပုံနေရာတွင် ထရန့်နှင့် ပူတင် တွေ့ဆုံနေသည့် ပုံကိုတင်ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ဝင်တစ်ဦးသည် ယူကရိန်းနိုင်ငံ ဇာဖိုးရီးဇား(Zaporizhzhia) ဒေသရှိ ရှေ့တန်းစစ်မျက်နှာတစ်ခုအနီးတွင် ရုရှားတပ်ဖွဲ့များဆီသို့ မောင်းသူမဲ့ ဟောဝစ်ဇာအမြောက်နှင့်ပစ်ခတ်ခဲ့သည်။ Maksym Kishka/Reuters (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 4 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 5 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 5 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော