နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အဖွင့်ဆုတောင်းပွဲအတွင်း ဆရာတော် မာရီယန် ဘတ်ဒီက လူတွေကို သနားကြင်နာဖို့ ထရန့်ကို တိုက်ရိုက်အသနားခံခဲ့

ဇန်နဝါရီလ (၂၃) ရက်။

ဘတ်ဒီသည် ဝါရှင်တန်အမျိုးသားဘုရားကျောင်းတော်ကြီး (Washington National Cathedral) တွင် “အခုအခါ ကြောက်လန့်နေကြတဲ့ ကျွန်မတို့ရဲ့ နိုင်ငံရှိ လူတွေကို သနားကြင်နာပါ” လို့ သူမရဲ့ တရားဟောပြောချက်မှာ သမ္မတကို တိုက်ရိုက်အသနားခံခဲ့ပါတယ်။

ဝါရှင်တန်ရဲ့ ခရစ်ယာန်ဂိုဏ်းအုပ်ဘုန်းတော်ကြီး မာရီယန်ဘတ်ဒီက ရွှေ့ပြောင်းအခြေချသူတွေနဲ့ အခြားသူတွေကိုယ်စား သမ္မတဒေါ်နယ်ထရန့်အား ဗုဒ္ဓဟူးနေ့တွင် သနားကြင်နာမှုပေးရန် ကာကွယ်ပြောကြားပြီး အသနားခံကာ တရားဟောကြားခဲ့ပါတယ်။

“ကျွန်မတို့ ရွှေ့ပြောင်းနေထိုင်သူတွေအကြောင်း စကားစမြည်ပြောတဲ့အခါ အထူးသဖြင့် ကြမ်းတမ်းခက်ခဲတဲ့အခိုက်အတန့်ကို ရောက်နေပါပြီ၊ ဒါကြောင့် ကျွန်မ အခုပြောခဲ့တဲ့လေသံနဲ့ ပြောဆိုခဲ့ရတာဖြစ်ပါတယ်” လို့ ဘတ်ဒီက MSNBC အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က ဝါရှင်တန်ရှိ အမျိုးသားဘုရားရှိခိုးကျောင်းမှာ အဖွင့်ဆုတောင်းပွဲကို ထရန့် တက်ရောက်ခဲ့ပြီး ဘတ်ဒီက လိင်တူချစ်သူများ၊ အမျိုးသမီးလိင်တူချစ်သူ (လက်စဘီယံ) တွေ၊ လိင်တူစုံတွဲတွေနဲ့ ကလေးတွေကို အထူးရည်ညွှန်းပြောဆိုခဲ့ပါတယ်။ သူက “တချို့ဆိုရင် သူတို့ရဲ့ ဘဝအတွက် ကြောက်လန့်နေကြတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

ဘတ်ဒီက “ခြုံငုံပြောဆိုတဲ့ အသုံးအနှုန်းတွေ” ကို အသုံးပြုမယ့်အစား သူမဟာ မဲဆန္ဒရှင်သန်းပေါင်းများစွာက အာဏာအပ်နှင်းခံထားရတဲ့ထရန့် ကို တိုက်ရိုက်အယူခံဝင်ဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်” လို့ ဘတ်ဒီ က သတင်းထုတ်လွှင့်သူ ရေချယ် မက်ဒေါ် (Rachel Maddow) ကို ပြောကြားခဲ့ပါတယ်။

“မင်းကြားတဲ့အတိုင်း အသနားခံပြီး ပြောကြားခဲ့တာက အခု ထိတ်လန့်နေတဲ့ လူတွေရဲ့ စရိုက်လက္ခဏာတွေကို ထရန့်က ချဲ့ထွင်ပြီး‌ ပြောကြားတာကြောင့် သူတို့ဟာ အရာအားလုံး ဆုံးရှုံးနိုင်ခြေ ရှိနေခဲ့တယ် ကျွန်မအနေနဲ့ အဲဒီလို လေးစားသမှုနဲ့ မေတ္တာရပ်ခံတာက ပိုကောင်းမယ်လို့ ထင်ခဲ့ပါတယ် ” လို့ ဘတ်ဒီ က ပြောပါတယ်။

အင်္ဂါနေ့ တရားဒေသနာအတွင်း ဘတ်ဒီက ရွှေ့ပြောင်းအခြေချသူတွေအကြောင်းကိုလည်း ပြောဆိုခဲ့ပြီး အချို့မှာနိုင်ငံသား မဟုတ်နိုင်ပေမယ့် သင့်လျော်တဲ့ စာရွက်စာတမ်း ရှိပြီး “ရွှေ့ပြောင်းနေထိုင်သူအများစုဟာ ရာဇ၀တ်သားတွေ မဟုတ်ဘူး” လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က အင်တာဗျူးမှာ ဘတ်ဒီက သူမရဲ့ တရားဒေသနာ ဟောပြောမှုဟာ “သမ္မတသာမက၊ နားထောင်နေသူတွေအားလုံးကို အသနားခံဖို့ ကျွန်မတို့ရဲ့ ရွှေ့ပြောင်းနေထိုင်သူအိမ်နီးချင်းတွေအကြောင်းကို အမှန်အတိုင်း သိရန်နဲ့ ကျွန်မတို့ အနေနဲ့ သူတို့ရှိနေခြင်းအတွက် ကောင်းမြတ်ခြင်းအဖြစ် မှတ်ယူရန်နဲ့ သူတို့အနေနဲ့ အမေရိကားဆိုတာ ဘာကို ဆိုလိုသလဲ ဆိုတာနားလည် သဘောပေါက်စေရန် ပြောကြား အသနားခံခဲ့ခြင်း ဖြစ်ပါတယ်” လို့ သူမက ရှင်းပြခဲ့ပါတယ်။

ဘတ်ဒီရဲ့ တရားဒေသနာမတိုင်မီတစ်ရက်မှာ ထရန့်က ဖက်ဒရယ်အစိုးရဟာ လိင်နှစ်မျိုး၊ အမျိုးသားနဲ့ အမျိုးသမီးကိုသာ အသိအမှတ်ပြုပြီး သူရဲ့ပထမသက်တမ်းအတွင်း ပြုလုပ်ခဲ့တဲ့ “မက္ကဆီကိုတွင်သာထားရန်” ပေါ်လစီကို ပြန်လည်ထူထောင်မယ်လို့ ပြောတဲ့ သမတအမိန့်ကို ပထမဆုံးနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မက္ကဆီကိုကတဆင့် အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်လိုသူတွေအတွက် ကာကွယ်ရေးဌာနကို စစ်တပ်နဲ့ အမျိုးသားအစောင့်တပ်တွေကို နယ်စပ်မှာ တပ်ဖြန့်ခွင့် ပြုနိုင်မယ့် အလားအလာရှိတဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေကို ထရမ့်က ကြေညာလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ထရန့်ဟာ သူကိုယ်ပိုင် Truth Social ပို့စ်တစ်ခုမှာ တရားဒေသနာဟောပြောမှုကို ဝေဖန်ခဲ့ပြီး ဘတ်ဒီအား “ဆရာတော်လို့ဆိုတဲ့သူ” ဆိုတဲ့အသုံးအနှုန်းနဲ့ “လက်ဝဲအစွန်းရောက် ထရန့် မုန်းတီးသူ” လို့ ခေါ်ဆိုခဲ့ပါတယ်။

အိမ်ဖြူတော်သတင်းထောက် ကာရိုလင်း လီဗစ် (Karoline Leavitt) က ဗုဒ္ဓဟူးနေ့မှာ ဘတ်ဒီကို ရည်ရွယ်ပြီး Fox News ကို အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရာမှာ ဘုန်းတော်ကြီးရဲ့ ပြောကြားချက်ဟာ “တရားဟောပုလ္လင်ကို လက်နက်အဖြစ် အသုံးပြုခဲ့ပြီး မကောင်းတဲ့ဖက်မှာ ထူးကဲနေတယ်” လို့ ဆိုခဲ့ပါတယ်။ အဲ့ဒီလို လိမ်လည်ပြောဆိုမှုတွေအတွက် သမ္မတထရန့် ကို တောင်းပန်သင့်တယ်” လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ဘုန်းတော်ကြီးကို တောင်းပန်ဖို့ ဖိအားပေးထားပါတယ်။

တရားပွဲအပြီးတွင် သူမရရှိခဲ့တဲ့ ငရဲမီးလိုမျိုး ဝေဖန်မှုကို ဘယ်လို တုံ့ပြန်လိုသလဲလို့ ဗုဒ္ဓဟူးနေ့က မေးမြန်းရာမှာ ဘတ်ဒီက “ကွဲပြားတဲ့ စကားပြောဆိုမှုမျိုးကို အားပေးဖို့ ကြိုးစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“ရှင်က ကျွန်မနဲ့ သေချာပေါက် သဘောတူနိုင်ချင်မှ တူနိုင်မယ်။ ကျွန်မ ပြောခဲ့တာတွေ၊ လုပ်ခဲ့တာတွေကို ရှင်အနေနဲ့ သဘောမတူဘဲ နေနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အမေရိကန်တွေနဲ့ ဘုရားသခင်ရဲ့ နောက်လိုက် သားသမီးတွေအနေနဲ့ အချင်းချင်း တယောက်ကို တယောက် လေးလေးစားစား မပြောဆိုနိုင်ဘူးလား။ ရှင့်ကို ကျွန်မက ဒီလိုပဲ ကမ်းလှမ်းမှာပါ” လို့ သူမက ပြောကြားခဲ့ပါတယ်။

သတင်းရင်းမြစ်။ NBC

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 85 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 102 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက