နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်တို့ ဗီဒီယိုကွန်ဖရင့်ပြုလုပ်

ဇန်နဝါရီလ (၂၃) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီပိုင်းအကြာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဗီဒီယိုကွန်ဖရင့်မှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်က တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ရဲ့ ဆက်ဆံရေးကို အခုနှစ်မှာ အဆင့်သစ်တစ်ခုဆီကို တိုးမြှင့်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတတယ်။

ခေါင်းဆောင်နှစ်ဦးက နှစ်စဉ်ပြုလုပ်နေကြ အစဥ်အလာအတိုင်း နှစ်သစ်မှာ စကား‌ပြောခဲ့ပါတယ်။ သူတို့နိုင်ငံတွေကြား မိတ်ဖက်ဆက်ဆံရေးကို ခိုင်မြဲအောင်ကူညီပေးတဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှုရဲ့ အင်္ဂါရပ်တစ်ခုအဖြစ် မှတ်ယူနိုင်ပြီး ပူတင်က ယူကရိန်းကို စစ်တိုက်နေချိန်မှာ ဒီအင်္ဂါရပ်က ကြီးထွားလာခဲ့ပါတယ်။

ရှီက တရုတ်-ရုရှား ဆက်ဆံရေးကို အဆင့်သစ်ကို ပို့ဆောင်ရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး “တရုတ်-ရုရှား ဆက်ဆံရေး တည်ငြိမ်မှုနှင့် တည်တံ့ခိုင်မြဲရေး” နဲ့ “ပြည်ပက မသိရှိနိုင်တဲ့ ပြဿနာများ” ကို တုံ့ပြန်ရန် အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံဟာ “ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု” နဲ့ “ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု” ကို နက်ရှိုင်းအောင် လုပ်ဆောင်သင့်ပြီး အချင်းချင်း ခိုင်မာစွာ ပံ့ပိုးကူညီသင့်တယ်လို့ ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ရုရှားသမ္မတကို ချိတ်ဆက်ခေါ်ဆို‌ပြောကြားမှုအား ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးမှာ ပြသခဲ့သည်။

မနှစ်က တရုတ်ဒေတာတွေမှာ ပြသခဲ့တဲ့ စံချိန်တင်မြင့်တက်လာတဲ့ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြင့်လာမှုကို ပူတင်က ချီးကျူးခဲ့ပြီး အမေရိကန်က ကမ္ဘာကို လွှမ်းမိုးထားတာကို မမျှတဘူးလို့ မြင်ကြပြီး ကမ္ဘာလုံးဆိုင်ရာ အာဏာတည်ငြိမ်မှုကို ပြန်လည်ပုံဖော်ဖို့ သူတို့ရဲ့ ရည်မှန်းချက်တွေကို ရည်ညွှန်းပြောဆိုခဲ့ကြပါတယ်။

“ ကျွန်တော်တို့ဟာ ပိုမိုမျှတတဲ့ ဘက်စုံကမ္ဘာ့တည်ငြိမ်ရေးစည်းမျဥ်းအတွက် တနိုင်ငံတည်းက စိုးမိုးထားတာ မဟုတ်ဘဲ နိုင်ငံအများက မျှတညီညွတ်စွာ ရပ်တည်နိုင်ရေးကို အားပေးပြီး ခွဲခြားလို့ မရနိုင်တဲ့ ဥရောပ၊ အာရှနဲ့ အာကာသ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို သေချာစေဖို့ အတူတကွရပ်တည်ကြမယ်” လို့ ရုရှားသမ္မတပူတင်က ရှီအား‌ ပြောကြားခဲ့ကြောင်း ကရင်မလင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မော်စကိုနဲ့ ဘေဂျင်းရဲ့ ပူးပေါင်းကြိုးပမ်းမှုတွေဟာ နိုင်ငံတကာရေးရာမှာ အဓိကကျတဲ့ တည်ငြိမ်ရေး အခန်းကဏ္ဍမှာ ရည်ရွယ်ချက်ရှိရှိ ပါဝင်နေကြတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ထရမ့် အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာမှုကို အနီးကပ်စောင့်ကြည့်နေစဉ် အာဏာရှင် နှစ်ဦးကြား အခုလို တဦးနဲ့ တဦး‌ပြောဆိုခဲ့ကြကြောင်း သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ အစိုးရသစ်လက်ထက်မှာ အမေရိကန်နဲ့ မချောမွေ့တဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ မျှော်လင့်ချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ ကြပါတယ်။ ထရန့်ဟာ သူ့သမ္မတ သက်တမ်း အစောပိုင်းမှာ ခေါင်းဆောင်နှစ်ဦးစလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ဒါမှမဟုတ် တွေ့ဆုံဖို့ စိတ်ဝင်စားကြောင်း အချက်ပြခဲ့ပြီး ဖြစ်ပေမယ့် အမေရိကန်အစိုးရအသစ်ဟာ သူရဲ့ပြိုင်ဘက်နှစ်ဦးအပေါ် ပြေငြိမ်းလိုတာလား ဒါမှမဟုတ် သဘောထားတင်းမာလာမှာလားကိုမူ မသိရသေးပါဘူး။

ရှီနဲ့ ထရန့်တို့ဟာ ယူကရိန်းစစ်ပွဲ အပါအဝင် ခေါင်းစဉ်အမျိုးမျိုးနဲ့ အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ ရက်ပိုင်းအလိုမှာ ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က ခေါင်းဆောင်နှစ်ဦးရဲ့ တနာရီခွဲကျော်ကြာ စကားပြောဆိုမှုအတွင်း ထရန့်နဲ့ ဖုန်းပြောခဲ့တာနဲ့ပတ်သက်ပြီး ရှီက ပူတင်အား ပြောကြားခဲ့ကြောင်း ကရင်မလင်လက်ထောက် ယူရေ ဥရှကော့ဗ် (Yury Ushakov) က ပြန်ပြောပြရာတွင် ထရမ့်ကျမ်းသစ္စာကျိန်ဆိုချိန်နဲ့ မသက်ဆိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

“သူတို့နှစ်နိုင်ငံနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးဆိုင်ရာ ပြဿနာတွေကိုလည်း အလေးထား ဆွေး‌နွေးခဲ့ကြတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။ “ဒီအခြေအနေမှာ ခေါင်းဆောင်တွေဟာ အမေရိကန် အုပ်ချုပ်ရေးနဲ့ အလားအလာရှိတဲ့ အဆက်အသွယ်တွေ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကဏ္ဍတချို့ကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ဥရှကော့ဗ်ကပြောခဲ့ကြောင်း ရုရှားနိုင်ငံပိုင် သတင်း အေဂျင်စီ TASS ရေးသားချက်အရ သိရပါတယ်။

သုံးပွင့်ဆိုင် သံတမန်ရေးလား?။

ထရန့်ဟာ အာဏာရှင်နှစ်ဦးစလုံးကို ပုဂ္ဂိုလ်ရေးအရ ချီးကျူးစကား ပြောကြားခဲ့ပေမယ့် အမေရိကန်နဲ့ တရုတ်ကြား စီးပွားရေးကစားကွင်းမှာ လိုက်လျောမှု ရရှိဖို့ မျှော်လင့်ရှာဖွေနေပြီး ညနေပိုင်းမှာ တစ်ဦးစီထံမှ လိုက်လျောမှုတွေ ရယူပြီး ယူကရိန်းအပေါ် ပူတင်ရဲ့ ချေမှုန်းမှုကို အဆုံးသတ်ရန် မျှော်လင့်ထားပါတယ်။

ပူတင်က စစ်ပွဲအဆုံးသတ်ဖို့ စေ့စပ်ညှိနှိုင်းရေးစားပွဲကို မလာရောက်နိုင်ခဲ့ပါက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ဖို့ စဉ်းစားမည်ဖြစ်ကြောင်း အင်္ဂါနေ့မှာ ထရန့်က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ (ယူကရိန်းသမ္မတ ဗလာဒီမာ) ဇလန်းစကီးနဲ့ စကားပြောနေပါတယ်။ ကျွန်တော်တို့ သမ္မတ ပူတင်နဲ့ မကြာခင် စကားပြောရတော့မှာ ဖြစ်ပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ တွေ့ရမှာပါ” လို့ ထရန့် က ပြောကြားခဲ့ပါတယ်။

ထရန့်က ရှီအနေနဲ့ အဲ့ဒီပဋိပက္ခကို အဆုံးသတ်ဖို့အတွက် သူရဲ့သြဇာအာဏာကို အသုံးပြုပြီး “ပြေလည်အောင်” ကြားမှ ဖြန်ဖြေပေးဖို့ အကြံပြုခဲ့တယ်လို့ သူ့အနေနဲ့ မကြာသေးမီက တရုတ်ခေါင်းဆောင်ကို ဖုံးခေါ်ဆိုမှုအတွင်း ဖြန်ဖြေပေးဖို့ မျှော်လင့်ကြောင်း ထရန့်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းငြိမ်းချမ်းရေးစည်းမျဥ်းတွေကို လက်ခံဖို့ ရှီက ပူတင်ကို လက်ခံလာစေရန် စည်းရုံးဖျောင်းဖျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ ဥရောပခေါင်းဆောင်တွေက ကာလရှည်ကြာ မျှော်လင့်ထားပေမယ့် ထရန့်ရဲ့ အိမ်ဖြူတော်ကို ရောက်လာမှုနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ သူ့ရဲ့ တွန်းအားပေးမှုဟာ တရုတ်အတွက် အလားအလာသစ်အနေနဲ့ ပါဝင်ကစားနိုင်ခွင့်ကို တိုးလာစေပါတယ်။

အဲ့ဒီအချက်က ပေကျင်းအတွက် သိမ်မွေ့ဟန်ချက်ညီတဲ့ လုပ်ရပ်ကို ချမှတ်လာနိုင်ပါတယ်။ ရှီက တရုတ်ကို ပဋိပက္ခအတွင်း အလားအလာရှိတဲ့ ငြိမ်းချမ်းရေးပွဲစားတစ်ဦးအဖြစ် ပုံဖော်ဖို့ ကြိုးပမ်းနေပေမယ့် အမေရိကန်နဲ့ သူ့မဟာမိတ်တွေက ရုရှားစစ်ပွဲအတွက် တရုတ်က စစ်ဖက် အရပ်ဖက် နှစ်မျိုးသုံးနိုင်တဲ့ ကုန်ပစ္စည်းတွေကို ရုရှားက ပံ့ပိုးပေးလို့ စစ်ကို အားပေးနေတယ်လို့ စွပ်စွဲထားပေမဲ့ ပေကျင်းက ငြင်းဆိုထားပါတယ်။

ရှီက တရုတ်နိုင်ငံမှာ စီးပွားရေးကျနေချိန်မှာ အခွန်အကောက်တွေရဲ့ ထိခိုက်မှုတွေကို ရှောင်ရှားဖို့ ထရန့် နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ စိတ်အားထက်သန်နေတာကိုလည်း တွေ့မြင်ရပါတယ်။

ဒါပေမယ့် တရုတ်ခေါင်းဆောင်ဟာ သူနဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ရုရှားနဲ့ ဆက်ဆံရေးကို မထိခိုက်စေဖို့ သတိထားပါတယ်။ ရှီနဲ့ပူတင်တို့ဟာ ပူတင်က ယူကရိန်းကို မကျူးကျော်ခင် အပတ်များစွာက တယောက်နဲ့ တယောက် လုပ်ဖော်ကိုင်ဖက်များအဖြစ် ပေါင်းဖက်ထားခဲ့ကြပါတယ်။ ရှီက သူရဲ့ အပြိုင်ဖြစ်သူ ရုရှားကို အနောက်အုပ်စုနဲ့ ပွတ်တိုက်မှုတွေမှာ သူရဲ့အရေးကြီးတဲ့ ပါတနာအဖြစ် တွေ့မြင်ထားပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့ ရှီတို့ကြား အင်္ဂါနေ့က ခေါ်ဆိုမှုအတွင်း ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေးခဲ့တာရှိမရှိကို ကရင်မလင်နန်းတော်နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၊မှာ ဖော်ပြထားခြင်းမရှိပါဘူး။

အဲ့ဒီအစား ဒုတိယကမ္ဘာစစ်တွင် ဘေဂျင်းနဲ့ မော်စကိုတို့ မျှဝေခဲ့တဲ့ မဟာမိတ်အောင်ပွဲ နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ကို နှစ်ဖက်လုံးက ရည်ညွှန်းထုတ်ပြန်ခဲ့ပါတယ်။ ရှီနဲ့ ပူတင်တို့ဟာ အခုနှစ် ရုရှားနိုင်ငံမှာ မေလနဲ့ တရုတ်မှာ စက်တင်ဘာလမှာ အဲ့ဒီအောင်ပွဲ အထိမ်းအမှတ်ပွဲ ကျင်းပဖို့ အချင်းချင်း ဖိတ်ကြားခဲ့ကြတယ်လို့ ကရင်မလင်နန်းတော်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော