နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

စွမ်းဆောင်ရည်အစီရင်ခံချက်များအတွက် အီးမေးလ်ကို မတုံ့ပြန်ပါက ဖက်ဒရယ်ဝန်ထမ်းများ အလုပ်မှ နုတ်ထွက်မည်ဟု ယူဆမည်ဖြစ်ကြောင်း မတ်စ်ပြော

ဖေဖော်ဝါရီလ (၂၃) ရက်။

ဖေဖော်ဝါရီလ (၂၂) ရက်နောက်ပိုင်း ဖက်ဒရယ်အစိုးရဝန်ထမ်းများသည် ၎င်းတို့၏ အလုပ်စွမ်းဆောင်ရည်ကို အစီရင်ခံရန် အမိန့်ပေးသည့် အီးမေးလ်များကို လက်ခံရရှိခဲ့သည်။ ထရမ့်အစိုးရ၏အစိုးရ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ကို ဦးစီးသော စွန့်ဦးတီထွင်သူ အီလွန်မတ်စ်က X (ယခင် Twitter) တွင် “တုံ့ပြန်မှုမရပါက အလုပ်မှနုတ်ထွက်မည်” ဟု မှတ်ယူမည် ဖြစ်ကြောင်း ရေးသားခဲ့သည်။

လက်မှတ်မထိုးထားသော အီးမေးလ်ကို ဝန်ထမ်းအများအပြားထံသို့ ပေးပို့ထားပြီးဖြစ်သည်။ ၎င်းအီးမေးလ်ကို CNN မှ ရရှိထားပြီးဖြစ်သည်။ ညွှန်ကြားချက်မှာ တစ်ဦးစီ၏ ယခင်အပတ်က စွမ်းဆောင်ရည်နှင့် ပတ်သက်သည့် အချက်ငါးချက်ကို ရေးမှတ်ပြီး ၎င်းတို့၏ကြီးကြပ်ရေးမှူး အပါအဝင် ယခုပို့ထားသည့် အီးမေးလ်ကို အကြောင်းပြန်ရန် ဖြစ်သည်။

X ၏ ပို့စ်တစ်ခု၌ မတ်စ်က “သမ္မတထရမ့်၏လမ်းညွှန်ချက်အရ၊ ဖက်ဒရယ် ဝန်ထမ်းများအားလုံးထံသို့ အီးမေးလ်တစ်စောင် မကြာမီပေးပို့လိမ့်မည်” ဟု ကြိုတင်သတိပေးခဲ့ပြီး တုံ့ပြန်ရန်ပျက်ကွက်ပါက အလုပ်မှ နုတ်ထွက်ရမည်ဟု မှတ်ယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အီးမေးလ်တွင် ဝန်ထမ်းအား အီးမေးလ်ပြန်ပို့ရမည့် နောက်ဆုံးရက်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ အမေရိကန်အရှေ့ပိုင်းအချိန် ဖြစ်ကြောင်း ဖော်ပြထားသည်။

မတ်စ်က ပို့စ်တင်ပြီးနောက် ထရမ့်က ကွန်ဆာဗေးတစ်လူထုစုဝေးပွဲတစ်ခုတွင် မတ်စ်ကို “မျိုးချစ်စိတ်ရှိသူ” ဟု ခေါ်ခဲ့ပြီး “အလုပ်ကောင်းကောင်း လုပ်နေတယ်” ဟု ချီးကျူးခဲ့ပါသည်။

ထိုနေ့နံနက်အစောပိုင်းတွင် ထရမ့်က မတ်စ်ကို “ပိုပြီး ကြမ်းကြမ်းကိုင်တွယ်တာကို မြင်ချင်တယ်” ဟု သူမျှော်လင့်ကြောင်း လူမှုမီဒီယာပေါ်တွင်တင်ခဲ့ပြီး မတ်စ်က “ကျွန်တော်လုပ်ပါ့မယ်” ဟု တုံ့ပြန်ခဲ့သည်။

အမေရိကန်အစိုးရဝန်ထမ်းများအဖွဲ့ချုပ် (AFGE) ဥက္ကဌ ကယ်လီက CNN သို့ ပို့ပေးသည့် ကြေညာချက်တစ်ခုတွင် အီးမေးလ်တွင် “ဖက်ဒရယ် ဝန်ထမ်းများနှင့် ၎င်းတို့လုပ်ဆောင်ရမည့် အရေးကြီးသောအလုပ်များကို အထင်သေးကြောင်းကို ပြသသည်” ဟု ပြောကြားခဲ့သည်။ မတ်စ်သည် ရွေးကောက်ခံရသော အရာရှိတစ်ဦး မဟုတ်ကြောင်းနှင့် ယခင်က ပြည်သူ့ဝန်ဆောင်မှု အတွေ့အကြုံ မရှိသည့်အတွက်လည်း ဝေဖန်ခဲ့သည်။ တရားမဝင် ထုတ်ပယ်ခြင်းများကို တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ၎င်းတို့က ထောက်ပြထားသည်။

ဓာတ်ပုံ။

အီလွန်မတ်စ်/Andrew Harnik/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 48 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက