နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမြို့တော်သည် ပြန့်ပွားနိုင်ဖွယ်ရှိသည့် ‘လူဖန်တီးသော’ အငတ်ဘေးကို ခံစားနေရသည်ဟု ကုလသမဂ္ဂ ကျောထောက် နောက်ခံပြုထားသည့် ပဏာမအစီအစဥ်တခုက ပြောကြားခဲ့သည်။

CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၂ရက်

ဂါဇာကမ်းမြောင်ဒေသ၏ အစိတ်အပိုင်းများသည် “လူဖန်တီးသော” အငတ်ဘေးကို တရားဝင် ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ပဏာမ အစီအစဉ်တစ်ခု၏ သောကြာနေ့ အစီရင်ခံစာအရ၊ လပေါင်းများစွာ မပြီးဆုံးနိုင်သော ပဋိပက္ခများအကြားတွင် အခြေအနေ ပိုမိုဆိုးရွားလာမည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အစားအစာ လုံခြုံရေးအဆင့်ခွဲခြားမှုဆောင်ရွက်ရေးအဖွဲ့ (Integrated Food Security Phase Classification (IPC)) သည် အစ္စရေး၏ ထိုးစစ်အသစ်၏ အဓိကနေရာဖြစ်သည့် ဂါဇာမြို့နှင့် ဂါဇာအုပ်ချုပ်ရေးမှူးရုံးအပါအဝင်နေရာတွင် အငတ်ဘေးကျရောက်နေသည်ကို အတည်ပြု ထားကြောင်း တွေ့ရှိရပါသည်။

“ဤငတ်မွတ်ခေါင်းပါးမှုသည် လုံးလုံးလျားလျား လူကဖန်တီးထားသောကြောင့် ရပ်တန့်နိုင်ပြီး ပြန်လည်ပြောင်းလဲမှုလုပ်နိုင်သည်” ဟု အစီရင်ခံစာက ဆိုသည်။ “အငြင်းအခုန်နဲ့ တုံ့ဆိုင်း ပိတ်ပင်မှုတွေ လွန်လွန်ကဲကဲရှိနေပြီး၊ ငတ်မွတ်ခေါင်းပါးမှုက လျင်မြန်စွာ ပြန့်နှံ့နေခဲ့သည်။ အတိုင်းအတာတစ်ခုအထိ ချက်ချင်းတုံ့ပြန်ဖို့ လိုအပ်တယ်ဆိုတာကို လူတိုင်းရဲ့စိတ်ထဲမှာ သံသယမရှိသင့်ပါဘူး။”

လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဂါဇာကမ်းမြှောင်ရှိလူတိုင်းထံရောက်ရှိရန် ချက်ချင်းအပစ်အခတ်ရပ်စဲရန် IPC က တောင်းဆိုခဲ့ပြီး အပစ်ရပ်စဲမှုမရှိဘဲ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ဂါဇာရှိလူတိုင်းကိုပေးရန်ကြိုးစားခြင်းသည် ရှောင်လွှဲလို့ရနိုင်တဲ့ သေဆုံးမှုတွေ အဆမတန်တိုးလာမယ်”ဟုဆိုခဲ့သည်။ ဂါဇာတွင် နှစ်နှစ်နီးပါးကြာ စစ်ပွဲများအတွင်း အစ္စရေးသည် ဖျက်ဆီးခံခဲ့ရသော နယ်မြေများသို့ အကူအညီများ ဝင်ရောက်ခွင့်ကို တစ်ခါတစ်ရံ ကန့်သတ် သို့မဟုတ် ဖြတ်တောက်ထား ခဲ့သည်။

အချို့သောလူများသည် ငတ်မွတ်ခေါင်းပါးပြီး သေဆုံးခဲ့ရသော်လည်း ကာလရှည်ကြာစွာ ထောက်ပံ့နေခဲ့သော ကုလသမဂ္ဂစနစ်အား အစားထိုးရန် အစ္စရေးက ဝေဖန်ခံနေရသော အငြင်းပွားဖွယ် အမေရိကန်နှင့်အစ္စရေးကြောထောက်နောက်ခံပြုထားသည့်ဂါဇာ လူသားချင်း စာနာမှုဖောင်ဒေးရှင်း( Gaza Humanitarian Foundation) (GHF) မှ ဖြန့်ဖြူးသည့် နေရာများ တွင် အကူအညီရယူရန် ကြိုးပမ်းရင်း လူအများ အပြားအသတ်ခံခဲ့ရသည်။

ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ဖြန့်ဝေပေးရန် တာဝန်ပေးထားသည့် အစ္စရေး အေဂျင်စီ (COGAT) က IPC အစီရင်ခံစာကို ပယ်ချခဲ့ပြီး ၎င်းသည် ဟားမတ်စ်ထံမှ တစ်စိတ်တစ်ပိုင်း၊ ဘက်လိုက်သော ဒေတာနှင့် အပေါ်ယံအချက်အလက်များအပေါ်တွင်သာ မှီခိုနေရသည်ဟု ဆိုသည်။

IPC ၏ “တစ်ဖက်သတ်ချဉ်းကပ်မှုသည် ဂါဇာတွင်လုပ်ဆောင်ခဲ့သော ကျယ်ပြန့်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများကို လုံးဝဂရုမစိုက်ကြောင်း” နှင့်ထိုအစီရင်ခံစာသည် အစ္စရေးမှ ၎င်း၏စာရေးဆရာများထံ ပေးအပ်သည့် အချက်အလက်များကို လျစ်လျူရှုထားကြောင်း COGAT က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ထောက်ပံ့ကူညီမှုများသည် “ယေဘုယျလမ်းကြောင်းပြောင်း သွားသည်” ဟုဆိုသော်လည်း ဟားမတ်စ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို ဆက်လက်အခွင့်ရေးရယူသုံးချနေကြောင်းလည်း ၎င်းကဆိုသည်။

အကူအညီပေးရေးအဖွဲ့များ၊ ကုလသမဂ္ဂနှင့် ဂါဇာကမ်းမြောင်မှ ထွက်ပေါ်လာသော ဆိုးရွားသော သက်သေခံချက်များနှင့် ရုပ်ပုံများသည် ကွဲပြားသော အခြေအနေကို ပြသထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဂါဇာတွင် အမှန်တကယ် ငတ်မွတ်ခေါင်းပါးမှု ရှိကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့ပြီး နယ်မြေအတွင်း မည်သူမျှ ငတ်မွတ်နေခြင်းမရှိဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ ပြောကြားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

‘နောက်ထပ်ဆင်ခြေတွေပေးမနေနဲ့တော့’

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဂါဇာတွင် အစီရင်ခံသည့် အငတ်ဘေးသည် “လူဖန်တီးသောဘေးဒုက္ခ၊ ကိုယ်ကျင့်တရားဆိုင်ရာ စွဲချက်နှင့် လူသားဆန်မှု ပျက်ကွက်မှု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“သိမ်းပိုက်ထားတဲ့ အာဏာအနေနဲ့ အစ္စရေးမှာ လူဦးရေရဲ့ အစားအသောက်နဲ့ ဆေးဘက် ဆိုင်ရာ ထောက်ပံ့ရေးတာဝန်တွေ အပါအဝင် နိုင်ငံတကာဥပဒေအရ ပြတ်သားတဲ့ တာဝန်တွေ ရှိပါတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။ “ဒီအခြေအနေတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ဆက်ပြီး ခွင့်မပြုနိုင်ဘူး။ ဆင်ခြေတွေ ထပ်မပေးနဲ့တော့။”

ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး တွမ်ဖလက်ချာ (Tom Fletcher) က IPC အစီရင်ခံစာကို “မျက်နှာဖုံးကိုထပ် ဖုံးအုပ်ထားမှု” ကိုဖတ်ရှုကြရန် ကမ္ဘာကို တိုက်တွန်း ခဲ့သည်။

“စကားလုံးတွေ၊ နံပါတ်တွေလိုမဟုတ်ဘဲ နာမည်နဲ့ အသက်တွေလို ဝမ်းနည်းပူဆွေးပြီး ဒေါသနဲ့ဖတ်ပါ။ ဒီသက်သေက ငြင်းလို့မရတဲ့ အငတ်ဘေး၊ ဂါဇာကမ်းမြောင်ဒေသမှာ အငတ်ဘေးပါပဲ။ ခွင့်ပြုရင် ကျွန်တော်တို့ ကတားဆီးနိုင်တဲ့ အငတ်ဘေးပါပဲ။ အစ္စရေးရဲ့ စနစ်တကျ အတားအဆီးတွေကြောင့် နယ်စပ်တွေမှာ အစားအစာတွေပို့မရဘဲ စုပုံနေပါတယ်” ဟု ဖလက်ချာ က သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

CNN သည် အခြားမီဒီယာများနှင့်အတူ ဂါဇာတွင် ငတ်မွတ်ခေါင်းပါးမှုအကြောင်း ကိုကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်။

ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် အာဟာရချို့တဲ့မှုကြောင့် သေဆုံးခဲ့ရသည့် အသက် ၄ နှစ်အရွယ် ရာဇန် အဘူ ဇာဟာ(Razan Abu Zaher) သည် ပြီးခဲ့သည့်လက CNN သတင်းဌာနတွင် ဖော်ပြခဲ့သည်။ သူမ၏ အရိုးစုကို ကျောက်တုံးပေါ်တွင် တင်ထားသည်။

ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ငတ်မွတ်မှုကြောင့် သေဆုံးမှု နှစ်ခုကို မှတ်တမ်းတင်ခဲ့ပြီး ကလေး ၁၁၂ ဦး အပါအဝင် စုစုပေါင်း အာဟာရ ချို့တဲ့သေဆုံးသူ ၂၇၁ ဦးအထိ ရှိလာသည်။

သောကြာနေ့၏ IPC အစီရင်ခံစာတွင် “အာဟာရချို့တဲ့မှုသည်ဇွန်လမှ ၂၀၂၆ ခုနှစ်အထိ ငါးနှစ်အောက်ကလေးငယ် ၁၃၂,၀၀၀ ၏ အသက်ကို ခြိမ်းခြောက်လျက်ရှိပြီး ပြင်းထန်သော ရောဂါဖြစ်ပွားမှု ၄၁,၀၀၀ အပါအဝင်မေလ၏ အရေအတွက်ကို နှစ်ဆတိုးစေသည်။”

တရားဝင်အစာခေါင်းပါးမှု ဆုံးဖြတ်ချက်များသည် ရှားပါးသည်။ IPC သည် ၂၀၁၁ ခုနှစ်တွင် ဆိုမာလီယာ၊ ၂၀၁၇ နှင့် ၂၀၂၀ ခုနှစ်များတွင် တောင်ဆူဒန်နှင့် ဆူဒန်အနောက်ပိုင်း ဒါဖာ ဒေသ၏ အစိတ်အပိုင်းများကို ယခင်က ဆုံးဖြတ်ခဲ့သည်။

IPC သည် ယခုအကြိမ်တွင် အရှေ့အလယ်ပိုင်းတွင် အငတ်ဘေးကို ပထမဆုံးအကြိမ်အဖြစ် အတည်ပြုခဲ့ခြင်းဖြစ်သည်။

IPC စနစ်အောက်တွင် – အစားအစာမလုံခြုံမှု၏ ပြင်းထန်မှုကို တိုင်းတာရန် အသုံးပြုသော အဆင့်ငါးဆင့်စကေး – ဒေတာအချို့သတ်မှတ်ချက်များနှင့် ပြည့်မီပါကအစာခေါင်းပါးမှုကို ကြေငြာနိုင်သည်။

ထိုအခြေအနေများမှာ-အိမ်ထောင်စုအားလုံး၏ အနည်းဆုံး ၂၀% သည် အလွန်အမင်း စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ကလေး ၃၀% သို့မဟုတ် ထိုထက်ပိုသော ကလေးများသည် အာဟာရချို့တဲ့ရပါမည် သို့မဟုတ် ခန္ဓာကိုယ်တိုင်းတာမှုများ အပေါ် အခြေခံ၍ အာဟာရချို့တဲ့သောကလေးများ၏ ၁၅% နှင့် လူ ၁၀,၀၀၀ လျှင် အနည်းဆုံး ၂ ယောက်သည် နေ့စဉ် ငတ်မွတ်ခေါင်းပါးခြင်း သို့မဟုတ် ရောဂါနှင့် အာဟာရဓာတ်များ အပြန်အလှန်သက်ရောက်မှုကြောင့် နေ့စဉ်သေဆုံးနေကြသည်။

ဂါဇာအတွက်သာ အငတ်ဘေးအတွက် ကမ္ဘာလုံးဆိုင်ရာစံနှုန်းကို လျှော့ချခဲ့သည်ဟု အစ္စရေးက စွပ်စွဲခဲ့ပြီး၊ အဖွဲ့အစည်းက စွပ်စွဲချက်မှာ “လုံးဝမှားယွင်းသည်” ဟုဆိုကာ တူညီသောစံနှုန်းကို၂၀၁၉ ခုနှစ်ကတည်းက အသုံးပြုခဲ့သည်ဟု ထောက်ပြထားသည်။

‘ဟုတ်ပါတယ်အစာခေါင်းပါးမှု ရှိနေတယ်’

ဂါဇာမြို့တော်တွင် နေထိုင်သူ အများစုမှာ ကျွန်းဆွယ်၏ အခြားထောင့် နေရပ်များမှ ရွှေ့ပြောင်းလာခဲ့ကြသည့် ပါလက်စတိုင်းများဖြစ်ပြီး အငတ်ဘေးဒဏ်ကို လပေါင်းများစွာ ခံနိုင်ရည်ရှိစွာကြံ့ကြံ့ခံနေကြခဲ့ကြပြီး မြို့ကို အငတ်ဘေးကျရောက်နေသည့်အဖြစ် သတ်မှတ်ရမည့် အချိန်ရောက်ပြီဟု ပြောဆိုကြသည်။

ဂါဇာကမ်းမြှောင်မှာ ကြေကွဲစရာနဲ့ ကပ်ဆိုးကြီးရဲ့ ပြင်းအားကို ကမ္ဘာကို ပြသဖို့ ဒီအမျိုးအစားက အချိန်တန်လာပါပြီ” ဟု ဂါဇာစီးတီးတွင် နေထိုင်သည့် ပါလက်စတိုင်း သတင်းထောက်နှင့် လေ့လာသုံးသပ်သူ အဟက်ဖာဝါနာ (Ahed Ferwana) က CNN သို့ ပြောကြားခဲ့သည်။ “အစ္စရေးတွေရဲ့ ရန်လိုမှုနဲ့ နယ်စပ်ဖြတ်ကျော်မှုတွေ ပိတ်သိမ်းမှုတွေ ကြောင့် ဒီကမ်းမြှောင်ဒေသဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို လနဲ့ချီပြီး ခံစားနေရပါတယ်။”

ဂါဇာမြို့မှ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးတစ်ဦးဖြစ်သူ ဘီဆန်ဂါဇယ်(Bisan Gazal) က “အစာခေါင်းပါး တာတော့ အမှန်ပါပဲ” လို့ ပြောပြီး သူမနဲ့ သူ့မိသားစုဟာ တစ်ခါတရံ တစ်နေ့ကို ထမင်းတစ်နပ်စားရပြီး ကျန်တဲ့ရက်တွေမှာ လုံးဝမစားသောက်ကြရဘူးလို့ ဆိုပါသည်။

“တခါတရံမှာ စားစရာဘာမှမရှာတတ်ဘူး၊ အရမ်းခက်ခဲပါတယ်” လို့ CNN ကို သောကြာနေ့မှာ ပြောပြခဲ့သည်။ “ကျွန်မတို့ ကလေးတွေ မျက်ရည်တွေနဲ့ အိပ်ပျော်သွားကြတယ်”။

ဂါဇာစီးတီးအနောက်ပိုင်းတွင်နေထိုင်သည့် အခြားရွှေ့ပြောင်းနေထိုင်သူ တောဖိ့အဘူရာဂျတ် (Tawfeeq Abu Rajad) က အစားအသောက်ဈေးနှုန်းများ တဟုန်ထိုးတက်နေပြီး ပရိုတင်း ရရှိနိုင်မှု အနည်းငယ်သာ ရှိကြောင်း ပြောကြားခဲ့သည်။

အငတ်ဘေးတွင်းထဲသို့ ဂါဇာကျရောက်နေကြောင်း IPC က သတ်မှတ်ခြင်းသည် “တိကျသည်” ဟု ၎င်းက ဆိုသည်။

“အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံး ဒီငတ်မွတ်ခေါင်းပါးမှုကို တတ်နိုင်သမျှ အမြန်ဆုံးအဆုံးသတ်ဖို့ မျှော်လင့်ပါတယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက