နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဋိပက္ခဖြစ်ပွားတဲ့ ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို MSFC က ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းခဲ့

စက်တင်ဘာလ (၂၃)ရက်။

ပဋိပက္ခဖြစ်ပွားတဲ့ MSDF ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ အတွင်းရေးမှူး နိုင်ကိုသူတို့ကို ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထားတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖြစ်စဉ်ဟာ ဒေါက်တာသီရိမွန်ချမ်းက နိုင်ကိုသူ သိမ်းဆည်းသွားတဲ့ လက်နက်တွေကို ပြန်လည်ရယူဖို့နဲ့ လက်နက်နဲ့ ပြန်လည်ခုခံပါက ပစ်မိန့်ပေးတဲ့အထိ ညွှန်ကြားခဲ့ရာကနေ စတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒါကြောင့် ဒေါက်တာသီရိမွန်ချမ်းကို ကော်မတီက ပေးအပ်ထားတဲ့ တာဝန်တွေအားလုံး ရုပ်သိမ်းထုတ်ပယ်ဖို့နဲ့ နိုင်ကိုသူကို ပစ်မိန့်ပေးတဲ့အပေါ် အရေးယူဖို့ ဇူလိုင်လ (၁၀)ရက်နေ့မှာ MSDF ကော်မတီက MSFC ထံ တိုင်ကြားစာပေးပို့ခဲ့တာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဦးဆောင်ကော်မတီဥက္ကဋ္ဌတာဝန်ကနေ ထုတ်ပယ်တာမှာ ဥက္ကဋ္ဌကို ညှိနှိုင်းတာမရှိဘဲ ထုတ်ပြန်ခဲ့တာက သူမပါဝင်ဘဲ ကော်မတီဝင်တွေဟာ ဆုံးဖြတ်တာလို့ ဒေါက်တာသီရိမွန်ချမ်းက ပြန်လည်ချေပခဲ့ပါတယ်။

ဒါ့ကြောင့် MSFC က ပဋိပက္ခမှာ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ ပြန်လည်သင့်မြတ်ဖို့ကို စုံစမ်းညှိနှိုင်းရေးကော်မတီဖွဲ့ကာ ဇူလိုင်လ (၂၆)ရက်နေ့ကစပြီး MSDF တပ်ထဲ စုံစမ်းစစ်ဆေးတာတွေကို နည်းလမ်း(၃)ခုနဲ့ ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စုံစမ်းစစ်ဆေးခဲ့တာတွေအရ ဒေါက်တာသီရိမွန်ချမ်းဟာ လွဲမှားစွာ ပစ်သတ်မိန့်ပေးခဲ့ပေမယ့် ပစ်သတ်မှုမဖြစ်ပွားခဲ့သလို နိုင်ကိုသူဟာ လက်နက်တွေ သိမ်းဆည်းပြီး တပ်ကိုခွဲထွက်တယ်လို့ စွပ်စွဲထားတာက မဟုတ်မှန်ဘူးလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒေါက်တာသီရိမွန်ချမ်းက ဦးဆောင်ကော်မတီသစ်တခု ထပ်မံဖွဲ့စည်းလိုက်တာကြောင့် ကော်မတီဟာ မူလဖွဲ့စည်းခဲ့တဲ့အတိုင်း မဟုတ်တော့တာကို တွေ့ရှိရတယ်လို့ MSFC က ထုတ်ပြန်ထားပါတယ်။

MSDF ရဲ့ ပြန်လည်ပေါင်းစည်း‌ဖို့ဟာ တပ်ထဲကိစ္စတွေဖြစ်တာကြောင့် MSDF နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီနဲ့သာ သက်ဆိုင်တယ်လို့ ဆိုပါတယ်။

အခုအခါ MSFC မှာ ကောင်စီဝင်အနေနဲ့ ပါဝင်တဲ့ ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ဟာ ကိုယ်စားပြုမှု မသဲကွဲတဲ့အခြေအနေဖြစ်တာကြောင့် ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထားတာလို့လဲ ‌‌ထည့်သွင်းပြောဆိုထားပါတယ်။

MSDF အနေနဲ့ ထိပ်တိုက်ပဋိပက္ခတွေ မဖြစ်ပွားစေဘဲ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ တဦးနဲ့တဦး ရိုးသားစွာ ပြန်လည်အသိအမှတ်ပြုတာအပြင် (၃)လထဲ ပြန်လည်ညှိနှိုင်းကြဖို့ MSFC က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို