နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

ဓနုလူထုအနေနဲ့ စစ်တပ်ရွေးကောက်ပွဲ ထောက်ခံအားပေးတာမလုပ်ကြဖို့ DPLF မေတ္တာရပ်ခံ

အောက်တိုဘာလ (၂၃)ရက်။

ဓနုလူထုတွေအနေနဲ့ စစ်တပ်ရဲ့ ‌ရွေးကောက်ပွဲကို အားပေးထောက်ခံတာ၊ ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ကြဖို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)က ဒီကနေ့မှာ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

DPLF/DPLA အနေနဲ့ အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အဓမ္မလုယူပြီး ပြည်သူတွေအပေါ် ဖမ်းဆီးချုပ်နှောင်တာ၊ အကြမ်းဖက်သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ဖိနှိပ်နေတာလို့ ဆိုပါတယ်။

ဓနုဒေသဟာ အေးချမ်းတဲ့ဒေသဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ဖိနှိပ်တာကြောင့် ဒေသထဲ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ လူငယ်တွေက ဓနုလူမျိုးကိုယ်စားပြုတပ် DPLF/DPLA ကို စုဖွဲ့ကာ လက်နက်ကိုင်တော်လှန်ခဲ့တာ ဒီကနေ့အထိပဲလို့ ဖော်ပြထားပါတယ်။

ဓနုအင်အားစုအနေနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး တည်ဆောက်တာမှာ အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

နောက်ပြီး နိုင်ငံရေးကိုယ်စားပြုမှုအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာမှာ ဓနုလူမျိုးတွေကိုယ်စားပြုအနေနဲ့ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအင်အားစုတွေနဲ့လဲ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီအတွက် စစ်အုပ်စု အကျိုးစီးပွားနဲ့ အာဏာတည်မြဲဖို့ကို အဆိပ်ပင်ရေလောင်းတာ မပြုလုပ်ကြဖို့နဲ့ ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်တာကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းတစ်လွှားတွင် “စိုးရိမ်ဖွယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေဟု UNHCR ဆို

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 29 Views
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများအပေါ် အီရန်၏ ကျယ်ပြန့်သော လက်တုံ့ပြန်မှုများကြောင့် ဒေသတွင်း၌ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး၊ အရှေ့အလယ်ပိုင်းဒေသသည် ပျက်စီးယိုယွင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ဘေရွတ်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးက တဟီရန်မြို့ပေါ်သို့ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အစ္စရေးက တဟီရန်မြို့တွင် “ အကြီးစား တိုက်ခိုက်မှု လှိုင်း” စတင်လိုက်ပြီဟု ပြောကြားပြီးနောက် မြို့တော်၏ ကောင်းကင်ယံတွင် ပေါက်ကွဲမှု
နိုင်ငံတကာသတင်း အမေရိကန်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းလုံခြုံရေးဝန်ကြီး နုံးမ်၏ အငြင်းပွားဖွယ်ရာ သက်တမ်း ကုန်ဆုံးပြီးနောက် ထရမ့်က သူမကို ရာထူးမှ ဖယ်ရှား

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 30 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ်အကြံပေးများအားလုံးသည် အချိန်တန်လျှင် ရေးသားမထားသော စည်းမျဉ်းတစ်ခုကို သိရှိလာကြရစမြဲဖြစ်သည် – ၎င်းမှာ “ မည်သူမျှ အထက်လူကြီး (သမ္မတ)
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲ၏ ‘နောက်တစ်ဆင့်’ သို့ ကူးပြောင်းတော့မည်ဟု ဆို

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် အမေရိကန်ပြည်ထောင်စုတွင် သမ္မတ၏ အီရန်စစ်ပွဲ ဆင်နွှဲမှုကို ကန့်သတ်ထိန်းချုပ်မည့် လုပ်ငန်းစဉ်မှာ အောက်လွှတ်တော်တွင် အတည်ပြုရန် ပျက်ပြားသွားခဲ့သည်။ တစ်ဆက်တည်းမှာပင် ထရမ့်က အီရန်၏ နောက်ထပ်ခေါင်းဆောင်သစ်ကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး အဆုံးသတ်ရန် စောင့်ဆိုင်းနေသည့် စစ်ပွဲကို ဟစ်ဇဘိုလာက ပြန်လည်စတင်လိုက်ပြီ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် တနင်္လာနေ့ နံနက်အာရုဏ်မတက်မီ အချိန်တွင် ဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုသို့ “ဒုံးကျည်များနှင့် ဒရုန်းအုပ်စုများ” ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အီရန်အပေါ် ဆင်နွှဲနေသည့် အမေရိကန်-အစ္စရေး
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန် အထက်လွှတ်တော်က အီရန်အရေး စစ်အာဏာသုံးစွဲမှု ကန့်သတ်ချက်ကို ပယ်ချ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 39 Views
၂၀၂၆ ခုနှစ် မတ်လ ၅ ရက် ၂၀၂၆ ခုနှစ် မတ်လ ၄ ရက် (ဗုဒ္ဓဟူးနေ့) က အမေရိကန် အထက်လွှတ်တော်မှာ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်ရာမှာ ကွန်ဂရက်
တရုတ် နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

နှစ်လအတွင်း တရုတ်နှင့် ရင်းနှီးသည့် ခေါင်းဆောင်နှစ်ဦးကို အမေရိကန်က ရှင်းထုတ်လိုက်ပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ပေကျင်းက ဘာမှမလုပ်ဘဲ ငြိမ်နေသနည်း။

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 48 Views
 CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် ဟောင်ကောင်/ပေကျင်း။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် အီရန်အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ