နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းစွမ်းအင်ကွန်ရက်ကို ရုရှားက ဒုံးကျည်နှင့် ဒရုန်းများဖြင့် “ အကြီးအကျယ်” တိုက်ခိုက်ခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝှမ်းတွင် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း စွမ်းအင်လုပ်ငန်းအဖွဲ့က ပြောကြားခဲ့သည်။

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက်

ယူကရိန်း၏ “ ဒေသအချို့” တွင် “ အရေးပေါ် မီးဖြတ်တောက်မှုများ” ပြုလုပ်နေရကြောင်း Ukrenergo အဖွဲ့က ဆိုသည်။

မြို့တော် ကိယဗ် (Kyiv) အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး၊ ကိယဗ်မြို့တွင် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သည်။

ယူကရိန်းအနောက်ပိုင်း ခမယ်လ်နစ်စကီး (Khmelnytskyy) ဒေသတွင် လူတစ်ဦး သေဆုံးခဲ့ သလို၊ အလယ်ပိုင်း ဇီတိုမြား (Zhytomyr) ဒေသတွင်လည်း အသက် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ရသည်။

အိမ်နီးချင်းနိုင်ငံအပေါ် တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ပိုလန်နိုင်ငံကလည်း ကြိုတင်ကာကွယ် သည့် အနေဖြင့် ၎င်း၏ တိုက်လေယာဉ်များကို ပျံတက်စေခဲ့ပြီး၊ ၎င်းမှာ ပုံမှန်လုပ်ဆောင် လေ့ရှိသည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံတစ်ခုဖြစ်သည်။

တနင်္လာနေ့တွင် သမ္မတ ဇလန်းစကီးက “ အထူးသဖြင့် ဒီဇင်ဘာလ ၂၃၊ ၂၄ နှင့် ၂၅ ရက်နေ့ တွေမှာ ကျရောက်မယ့် ငါတို့ရဲ့ ခရစ္စမတ်ကာလအတွင်း ရုရှားဟာ အကြီးအကျယ် တိုက်ခိုက်မှုတွေ လုပ်ဆောင်တတ်တာဟာ သူတို့ရဲ့ သဘာဝပဲ” ဟု သတိပေးပြောကြား ခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရုရှားရဲ့ အကြီးအကျယ် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နောက်ဆုံးရရှိထားတဲ့ သတင်းအချက်အလက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

တိုက်ခိုက်မှုအခြေအနေ

လက်နက်အမျိုးအစားနှင့် အရေအတွက်။ ရုရှားဟာ ညတွင်းချင်းကနေ ဒီနေ့အထိ ဒရုန်း ၆၅၀ ကျော် နဲ့ ဒုံးကျည် အစင်း ၃၀ ကျော် ကို အသုံးပြုပြီး ယူကရိန်းနိုင်ငံတစ်ဝှမ်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှု။ ဒီတိုက်ခိုက်မှုဟာ ယူကရိန်းနိုင်ငံရဲ့ ဒေသ ၁၃ ခုက လူနေအိမ်တွေနဲ့ လျှပ်စစ်စွမ်းအင်ကွန်ရက်တွေကို ထိမှန်ခဲ့ပါတယ်။ အေးခဲနေတဲ့ ဆောင်းရာသီကာလမှာ နေရာအတော်များများ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ရပါတယ်။

သေဆုံးမှု။ အခုချိန်ထိ အတည်ပြုချက်အရ ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

ယူကရိန်း၏ တုံ့ပြန်မှုနှင့် သမ္မတ ဇလန်းစကီး၏ ပြောကြားချက်

သမ္မတ ဇလန်းစကီးက Telegram မှတစ်ဆင့် အခုလို တုံ့ပြန်ပြောဆိုထားပါတယ်။

“ ဒီတိုက်ခိုက်မှုဟာ ရုရှားရဲ့ ဦးစားပေးချက်တွေကို ရှင်းရှင်းလင်းလင်း ပြလိုက်တာပါပဲ။ လူတွေက သူတို့ရဲ့ မိသားစုတွေနဲ့အတူ အိမ်မှာ ဘေးကင်းလုံခြုံစွာ ရှိနေချင်တဲ့ ‘ခရစ္စမတ်’ မတိုင်ခင်မှာ ခုလို တိုက်ခိုက်တာပါ။”

စစ်ပွဲရပ်တန့်ရေး ဆွေးနွေးမှုများ။ အခုတိုက်ခိုက်မှုဟာ စစ်ပွဲအဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ ကြားကနေ ဖြစ်ပွားခဲ့တာပါ။ ရုရှားသမ္မတ ပူတင်အနေနဲ့ “ လူသတ်တာကို ရပ်တန့်ဖို့ လက်မခံနိုင်သေးတာ” ကို ပြသနေတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ရုရှားအပေါ် ဖိအားပေးမှု လုံလောက်ခြင်းမရှိသေးဘူးလို့ ဇလန်းစကီးက ဆိုပါတယ်။

အမေရိကန်၏ အခန်းကဏ္ဍ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အထူးကိုယ်စားလှယ် Steve Witkoff က ယူကရိန်းနဲ့ ဥရောပ ကိုယ်စားလှယ်တွေနဲ့ ဖလော်ရီဒါမှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် “ အပြုသဘောဆောင်တဲ့” ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပေမယ့် လက်တွေ့မှာတော့ ရုရှားရဲ့ တိုက်ခိုက်မှုတွေက ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

စစ်မြေပြင်မှ ထူးခြားဖြစ်စဉ်

ယူကရိန်းဘက်က ထုတ်ပြန်တဲ့ ဗီဒီယိုတစ်ခုမှာတော့ စိတ်ဝင်စားစရာ အချက်တစ်ခု ပါဝင်နေပါတယ်။

မြင်းစီးပြီး တိုက်ခိုက်ခြင်း။ ရုရှားတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ စစ်လက်နက်ကိရိယာတွေ ပြတ်လပ်လာတာကြောင့် မြင်းတွေကို အသုံးပြုပြီး ယူကရိန်းရှေ့တန်းစစ်မျက်နှာတွေကို ချဉ်းကပ်ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ ဒါကို ယူကရိန်း ဒရုန်းတွေက ခြေရာခံပြီး တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေ ထွက်ပေါ်လာပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 55 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 44 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 63 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 58 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို