နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အပျက်အစီးများအောက်တွင် ပိမိနေခဲ့သော ချစ်ရသူတို့၏ ရုပ်အလောင်းများကို မိသားစုများက ပြန်လည်တူးဖော် ရရှိချိန်တွင် ဂါဇာတွင် ဝမ်းနည်းပူဆွေးမှုများ ပြန့်နှံ့လာခဲ့သည်။

ဇန်နဝါရီ (၂၄) ရက်။

တနင်္ဂနွေနေ့က အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ကတည်းက လူ ၁၆၂ ဦး၏ ရုပ်အလောင်းများကို နယ်မြေအသီးသီးတွင် ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း ဂါဇာရှိ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။

ဂါဇာ၏တောင်ပိုင်း ခန်းယူနစ်စ် (Khan Younis) ရှိ နာဆာ (Nasser) ဆေးရုံအပြင်ဘက်တွင် ထုပ်ပိုးထားသော ဖခင်၏အလောင်းကို ငုံ့ကြည့်ရင်း ကလေးမလေးက “ဖေဖေ … ဘာလို့ သမီးတို့ကို ထားခဲ့တာလဲ” ဟု တန်းတငိုကြွေးနေခဲ့သည်။

ကြာသပတေးနေ့တွင် NBC သတင်းအဖွဲ့သားတစ်ဦးမှ ရိုက်ကူးထားသော ဗီဒီယိုဖိုင်တွင် သူမ၏ ပတ်ဝန်းကျင်တွင် ခန္ဓာကိုယ်များကို ထုတ်ပိုးထားသော အိတ်များကိုတန်းစီ၍ မြေပြင်ပေါ်တွင်တင်ထားသည်။ အစ္စရေး၏ နယ်မြေအတွင်း ထိုးစစ်ဆင်နေချိန်အတွင်း ပြိုကျပျက်စီးသွားသော နေအိမ်များနှင့် အဆောက်အအုံများ အပျက်အစီးများထဲတွင် သေဆုံးခဲ့ရသူများ၏ အကြွင်းအကျန်များကို မိသားစုများက စုရုံးကာ ဝမ်းနည်း ပူဆွေးခဲ့ကြသည်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွှတ်ပေးရေး သဘောတူညီချက် စတင်အသက်ဝင်ပြီး ခြောက်ရက်အကြာတွင် ထောင်နှင့်ချီသော အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်းသားများသည် ၎င်းတို့၏ နေရပ်ဟောင်းသို့ ပြန်သွားကြပြီ ဖြစ်သည်။ တော်တော်များများက သူတို့ပတ်ဝန်းကျင်မှာ တစ်ချိန်က တည်ရှိခဲ့တဲ့ ဆောက်အအုံတွေထက် အပျက်အစီးပုံများမှလွဲ၍ အခြား ဘာကိုမှ မတွေ့ခဲ့ကြရပါ။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဟားမတ်စ် ဦးဆောင်သော တိုက်ခိုက်မှုများ အပြီးတွင် အစ္စရေး နယ်မြေအတွင်း အသေအပျောက်များပြားစေသော လူပေါင်း ၁,၂၀၀ သေဆုံးခဲ့ရပြီး လူ၂၅၀ ခန့်ကို ဟားမတ်စ်တို့က ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း အစ္စရေး၏ စာရင်းဇယားများအရသိရပြီး ဆယ်စုနှစ်များစွာအကြာ ပဋိပက္ခအတွင်း ကြီးမားသည့် ပြင်းထန်သည့်တိုက်ခိုက်မှုအဖြစ် အမှတ်အသားတစ်ခုဖြစ်သည်။

ထိုအချိန်မှစ၍ ဂါဇာတွင် လူပေါင်း ၄၇,၀၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အနီးနားရှိ ကျန်းမာရေးအရာရှိများ၏ ပြောကြားချက်အရ သိရသည်။

ပျက်စီးသွားသည့် အဆောက်အအုံ အပျက်အစီးများမှ အရပ်သားများ၏ရုပ်အလောင်းများကို သယ်ယူလာသည့် အိတ်များကို ကြာသပတေးနေ့က ခန်းယူနစ်စ် (Khan Younis) ရှိ နာဆာ (Nasser) ဆေးရုံအပြင်ဘက် မြေပြင်ပေါ်တွင် တန်းစီချထားပါသည်။

သို့သော် ပါလက်စတိုင်းအရာရှိများ၊ ကုလသမဂ္ဂနှင့် အကူအညီပေးရေး အေဂျင်စီများက အပျက်အစီးများအတွင်း ဖုံးကွယ်မြှုပ်နှံနေသော အလောင်းများကို ထည့်သွင်းစဉ်းစားပြီးပါက သေဆုံးသူဦးရေသည် ပိုမိုများပြားဖွယ်ရှိကြောင်း သတိပေးထားပြီး တချို့ကတော့ မည်သို့မျှ သိနိုင်မည့် အခြေအနေရှိနိုင်မည်မဟုတ်ပါ။

တနင်္ဂနွေနေ့က အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ကတည်းက လူပေါင်း ၁၆၂ ဦး၏ ရုပ်အလောင်းများကို နယ်မြေအသီးသီးတွင် တွေ့ရှိထားပြီးဖြစ်ကြောင်း ဂါဇာ၏ အရပ်ဘက် ကာကွယ်ရေးအေဂျင်စီက ကြာသပတေးနေ့တွင် Telegram တွင် ထုတ်ပြန်ထားသည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။

လူထောင်ပေါင်းများစွာ၏ ရုပ်အလောင်းများကို အပျက်အစီးများအောက်တွင် မြှုပ်နှံနေဆဲဖြစ်မည်ကို စိုးရိမ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားပြီး၊ ရှင်းလင်းရေးလုပ်သားများ ရရှိရန် နည်းပါးခြင်းကြောင့် ၎င်းတို့အား ရှာဖွေရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း စက်ယန္တရားများမလုံလောက်မှုနှင့် စက်ယန္တရားများ ချို့တဲ့မှုတို့ကိုလည်း ကြုံတွေ့နေရသည်ဟု ဆိုသည်။

နာဆာဆေးရုံအပြင်ဘက်တွင် အလောင်းအိတ်အချို့တွင် သေဆုံးသူများ၏ အမည်နှင့် အသေးစိတ်အချက်များ ပါရှိသည်ကို တွေ့မြင်နိုင်သော်လည်း မည်သူမည်ဝါမှန်း မသိသူများကို ဗလာအမှတ်အသားဖြင့် ထားရစ်ခဲ့သည်။

ပစ်ခတ်ဗုံးကြဲမှုများကြောင့် မည်သူမျှ ၎င်းတို့နေထိုင်ရာနေရာကို မရောက်ရှိနိုင်ခဲ့ကြောင်း အစ္စမေးလ် ဟူစိန် အဘူရီးဒါ (Ismael Hussein Abou Reeda) က NBC News သို့ ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေး အသက်ဝင်သည်နှင့် အစ္စရေးနယ်စပ်အနီး ခန်းယူနစ် Younis အုပ်ချုပ်ရေးမှူးရုံးရှိ ရွာတစ်ရွာဖြစ်သည့် ခူဇာ (Khuza’a) မှ အဘူရီးဒါက လူများသည် ၎င်းတို့၏ “ချစ်ရသူ” များကို စတင်ရှာဖွေနေပြီဟု ပြောကြားခဲ့သည်။

ရာဖာ၏တောင်ဘက်တွင် ယခုသီတင်းပတ်အစောပိုင်းက NBC News အဖွဲ့သားများက ရိုက်ကူးထားသော ဒရုန်းဗီဒီယိုသည် ဂါဇာတောင်ပိုင်းရှိ မြို့တစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုကို ပြသခဲ့ပြီး မိုင်ပေါင်းများစွာ အပျက်အစီးများ ပြည့်နှက်နေပြီး နေအိမ်များ နည်းပါး သွားသည်ကို ပြသခဲ့သည်။

မြို့တော်ရှိ ၎င်း၏နေအိမ်ကို ရှာဖွေရန် ပြန်လာစဉ် အသက် ၆၁ နှစ်အရွယ် အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဝါလစ်အဘူ လီဒက် (Walid Abu Libdeh) က ဒုတိယ ကမ္ဘာစစ်အပြီးတွင် အမေရိကန်တို့၏ အဏုမြူဗုံးများက “ဟီရိုရှီးမားနှင့် နာဂါဆာကီ” ဂျပန်မြို့ကြီးများကို ပျက်စီးမှုအဆင့်ကြီးမားစွာဖြင့်ဖျ က်ဆီးခဲ့ကြောင်းပြောကြားခဲ့ပြီး

“အိမ်တွေဘယ်မှာလဲ၊ သစ်ပင်တွေဘယ်မှာလဲ၊ တိရစ္ဆာန်တွေဘယ်မှာလဲ၊ ငါတို့ချစ်တဲ့လူတွေက ဘယ်မှာလဲ” သူက ပြောခဲ့ပါသည်။

သတင်းရင်းမြစ်။ NBC သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက