နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကာမလာဟဲရစ်နဲ့ ဟီလာရီကလင်တန်တို့ရဲ့ လုံခြုံရေးအချက်အလက်တွေနဲ့ချိတ်ဆက်ခွင့် ဒေါ်နယ်ထရန့် ရုပ်သိမ်း++++++++++++++++++++++++++++

ကာမလာဲရစ်နဲ့ ဟီလာရီကလင်တန်တို့ရဲ့ လုံခြုံရေးအချက်အလက်တွေနဲ့ချိတ်ဆက်ခွင့် ဒေါ်နယ်ထရန့် ရုပ်သိမ်း
++++++++++++++++++++++++++++
အမေရိကန်ဒုသမ္မတဟောင်းဖြစ်တဲ့ ကာမလာဲရစ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့အတွက် လုံခြုံရေးဆိုင်ရာအချက်အလက်တွေချိတ်ဆက်အသုံးပြုခွင့်ကို  သမ္မတဒေါ်နယ်ထရန့်က ရုပ်သိမ်းလိုက်ပါတယ်။ 
ဒေါ်နယ်ထရန့်ထုတ်ပြန်တဲ့စာမှာ “အဲ့ဒီပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် စီမံပေးထားတဲ့ အရာတွေဟာ အမျိုးသားအကျိုးစီးပွားမဟုတ်တဲ့အတွက် ပြန်ရုပ်သိမ်းဖို့ ကျတော်ဆုံးဖြတ်လိုက်ပါတယ်”လို့ ဖော်ပြထားပါတယ်။ ဝါရှင်တန်မှာ တင်းမာမှုတွေနက်ရှိုင်းလာတာနဲ့အမျှ ဒေါ်နယ်ထရန့်ရဲ့ လုပ်ပုံကိုင်ပုံတွေဟာ အခြားနိုင်ငံရေးအတိုက်အခံတွေနဲ့ ဒီမိုကရက်တစ်တွေကို ပစ်မှတ်ထားလာသလိုဖြစ်နေတယ်လို့ မီဒီယာတွေက သုံးသပ်ဖော်ပြနေကြပါတယ်။ 
လုံခြုံရေးအချက်အလက်တွေနဲ့ ချိတ်ဆက်အသုံးပြုခွင့် ရုပ်သိမ်းတာဟာ ချက်ချင်းကြီး အကျိုးသက်ရောက်မှု မရှိနိုင်ပေမယ့် ဝါရှင်တန်မှာ ကြီးထွားလာတဲ့ နိုင်ငံရေးအကွဲအပြဲတွေကြောင့် ဒေါ်နယ်ထရန့်ဟာ သူ့အတွက် ရန်သူလို့ထင်တဲ့သူတွေကို လက်စားချေနေတာဖြစ်တယ်လို့ ထင်မြင်ယူဆနေသူတွေလည်းရှိနေပါတယ်။ 
လုံခြုံရေးဆိုင်ရာအချက်အလက်တွေချိတ်ဆက် ရုပ်သိမ်းခံရသူစာရင်းမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီဘီလင်ကန်၊ ရီပက်ဘလီကန်ကိုယ်စားလှယ်ဟောင်း လစ်ဇ်ချေနီတို့လည်း ပါဝင်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ သမ္မတဟောင်းဂျိုးဘိုင်ဒန်ကိုလည်း ထောက်လှမ်းရေးအဖွဲ့တွေရဲ့ အချက်အလက်တွေကို ချိတ်ဆက်အသုံးပြုခွင့် ရုပ်သိမ်းထားပါတယ်။ 
အမေရိကန်သမ္မတဟောင်းတွေဟာ ထောက်လှမ်းရေးအစီရင်ခံစာတွေကို လက်ခံရရှိပြီး လက်ရှိသမ္မတကို အကြံပေးခွင့်ရှိကြတာပါ။ ၂၀၂၁ ခုနှစ်က သမ္မတဂျိုးဘိုင်ဒန်ဟာ ဒေါ်နယ်ထရန့်အတွက် ချိတ်ဆက်ပေးထားတဲ့ လုံခြုံရေးအချက်အလက်တွေကို ပြန်ရုပ်သိမ်းခဲ့တာကြောင့် အခုအခါမှာ ထရန့်က ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်နိုင်တယ်လို့လည်း ယူဆမှုတွေ ရှိနေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက