နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က သူ့အစိုးရကို တရားစွဲမှုများ ပြုလုပ်သည့်ရှေ့နေများကို ‘သိမ်ဖျင်းသော’ ရှေ့နေများဟု ခေါ်ဆို၍ ပစ်မှတ်ထားတိုက်ခိုက်

++++++++++++++++++++++

ဝေဖန်သူများက အဆိုပါလုပ်ဆောင်မှုကို “သက်ဦးဆံပိုင်” “အာဏာရှင်” နှင့် “ကြောင်သူတော်” လုပ်ရပ်ဟု ခေါ်ဆိုခဲ့သည်။ ထရန့်၏ရှေ့နေများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ထရန့်အနိုင်ရခဲ့သည်ဆိုသည့်အချက် အပါအဝင် မှားယွင်းသော တရားဥပဒေကြောင်းအရ ငြင်းခုံမှု အ‌မြောက်အများကို ပြောဆိုပြုလုပ်ခဲ့ကြသည်။

သမတထရန့်၏မှတ်စုအသစ်တွင် ရှေ့နေချုပ်နှင့် အမိမြေလုံခြုံရေးအတွင်းဝန်တို့ကို အစိုးရအပေါ် “သိမ်ဖျင်းသော” တရားစွဲဆိုမှု ပြုခဲ့သည့် ဥပဒေအကျိုးဆောင်ကုမ္ပဏီများအား ပိတ်ဆို့အရေးယူရန် ခွင့်ပြုထားခဲ့သည်။ ထိုဆောင်ရွက်ချက်သည် ဥပဒေအကျိုးဆောင်ကုမ္ပဏီများအား တိုက်ခိုက်မှုကို အရှိန်မြင့်ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း ဥပဒေကျွမ်းကျင်သူများနှင့် တရားရေးဌာနအရာရှိဟောင်းများက NBC News သို့ ပြောကြားခဲ့သည်။

သမတ၏ စာချွန်လွှာ “တရားရေးစနစ်နှင့် ဖက်ဒရယ်တရားရုံး၏ အလွဲသုံးစားမှုများကို ကာကွယ်တားဆီးခြင်း” တွင် ရှေ့နေချုပ် ပမ်ဘွန်ဒီက အစိုးရအဖွဲ့အား တရားစွဲဆိုမှုများသည် “ယုတ္တိမရှိ” သို့မဟုတ်”ဒေါ်သထွက်စရာ” ဟု ယူဆပါက ရှေ့နေချုပ်အနေနှင့် ထိုရှေ့နေများ၏ လုံခြုံရေးရှင်းလင်းချက်များကို ရုပ်သိမ်းရန် သို့မဟုတ် ဖက်ဒရယ်အစိုးရအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေကုမ္ပဏီများနှင့် ချုပ်ဆိုထားသော စာချုပ်များကို ရပ်ဆိုင်းရန် အကြံပြုထားသည်။

စနေနေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ မှတ်စုတွင် အစိုးရအုပ်ချုပ်ရေးဌာနမှ ဥပဒေ အကျိုးဆောင် ကုမ္ပဏီ ၃ ခုကို အရေးယူဆောင်ရွက်ထားသည်။ Covington & Burling ကုမ္ပဏီသည် ထရမ့်ကို စွဲချက်တင်ထားသည့် အထူးအကြံပေးဟောင်းဂျက်စမစ် (Jack Smith) အား လိုအပ်သော ဥပဒေရေးရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးအပ်ကူညီခဲ့သည်။ Perkins Coie ကုမ္ပဏီသည် ဟီလာရီကလင်တန်၏ ၂၀၁၆ မဲဆွယ်စည်းရုံးမှုတွင် ကိုယ်စားပြုခဲ့ပြီး ထရန့်ကို ဆန့်ကျင်ထိခိုက်စေသည့် ယုံကြည်နိုင်မှု မရှိသည့် စာရွက်စာတမ်းအထောက်အထားများကိုစုဆောင်းပေးခဲ့သည်။ ပေါ်လ် ဝိ့ဇ် (Paul Weiss) ကုမ္ပဏီမှ ယခင် လုပ်ဖော်ကိုင်ဖက်ဟောင်း မာ့ခ် ပိုမာရန့်ဇ် (Mark Pomerantz) နှင့် ပေါ်လ်ဝိ့ဇ်တို့သည် လွန်ခဲ့သည့် နှစ်ပေါင်း များစွာက မက်ဟန်တန် (Manhattan) ခရိုင်ရှေ့နေရုံးတွင်အလုပ်လုပ်နေစဉ် ထရန့်ကို တရားစွဲဆိုရန်ကြိုးစားခဲ့သည်။

သမတအမိန့်များသည် ထိုဥပဒေအကျိုးဆောင် ကုမ္ပဏီဝန်ထမ်းများအပေါ် လုံခြုံရေးအရ ကင်းရှင်းကြောင်းခွင့်ပြုမှုကို ဆိုင်းငံ့လိုက်ခြင်းကြောင့် အချို့သော ဗဟိုအစိုးရ အဆောက်အအုံများသို့ ဝင်ရောက်မှုကို တားဆီးခံရသဖြင့် ၎င်းတို့၏ အမှုသည်များကို ကိုယ်စားပြုရန်ကိစ္စကို ခက်ခဲစေမည်ဖြစ်သည်။

အရေးကြီးဆုံးက ဥပဒေအကျိုးဆောင်ကုမ္ပဏီများ၏ဖောက်သည်များနှင့် ဖက်ဒရယ်စာချုပ်များကို ပြန်လည်သုံးသပ်သင့်သည်ဟု အမိန့်ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်အပတ်က ထရန့်နှင့် သဘောတူညီချက်ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်ခြင်းခံရသော ပေါလ် ဝီ့ဇ် (Paul Weiss) ကုမ္ပဏီ ဥက္ကဋ္ဌ ဘရတ်ကရပ် (Brad Karp) သည် သူ ဝန်ထမ်းများထံသို့ ခြိမ်းခြောက်စာပေးပို့ပြီးနောက် မကြာမီ ပေါက်ကြားသွားခဲ့သည်။

“အုပ်ချုပ်ရေးအမိန့်က ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို အလွယ်တကူ ဖျက်ဆီးနိုင်ပါတယ်” ဟု “ကရပ်” က ရေးသားခဲ့သည်။ “အထူးသဖြင့်၊ ကုမ္ပဏီကို ၎င်းတို့၏ ရှေ့နေများအဖြစ် ဆက်လက်အသုံးပြုပါက အစိုးရ၏ စာချုပ်စာတမ်းများကြည့်ရှုခွင့်ကို ဆုံးရှုံးခြင်း၊ အစိုးရထံ ဝင်ရောက်ခွင့် ဆုံးရှုံးခြင်းတို့ကို ခြိမ်းခြောက်လျက်ရှိပါသည်။”

ထရန့်၏ရည်မှန်းချက်သည် ရန်သူများဟု အစိုးရက ထင်မြင်နေသော ကုမ္ပဏီများကို ဒေဝါလီခံရန် ဖြစ်သည်ဟု ထရန့်၏မဟာမိတ် စတီ့ဗ် ဘန်နွန် (Steve Bannon) က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

“သူက အဲဒီဥပဒေကုမ္ပဏီတွေကို လုပ်ငန်းကနေ ထုတ်ပစ်မယ်” “ငါတို့ကြိုးစားနေတာက မင်းကို စီးပွားရေးကနေ ဖယ်ထုတ်ပြီး မင်းကို ဒေဝါလီခံစေရမယ်။” ဟု ဘန်နွန်က ဆိုသည်။

NAACP နှင့် American Civil Liberties Union အပါအဝင် အရပ်သား အခွင့်အရေး အဖွဲ့အစည်း ၂၂ ဖွဲ့က အဆိုပါစာချွန်လွှာအသစ်ကို ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “သဘောထားကွဲလွဲမှုကိုရပ်တန့်စေရန်၊ တာဝန်ခံမှုကို ရှောင်ရှားရန်နှင့် အစိုးရ၏ဥပဒေမဲ့လုပ်ရပ်များကို ဆန့်ကျင်သည့်သူများကို တိုက်ခိုက်ရန်အတွက် လက်နက်အဖြစ်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်” ဟု ဝေဖန်ပြောဆိုထားသည်။

အိမ်ဖြူတော်တာဝန်ရှိသူများက အဆိုပါလုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့သည်။

“သမ္မတထရန့်က တရားစီရင်ရေးမဏ္ဍိုင်က အမေရိကန်ပြည်သူတွေအပေါ် လက်နက်သဖွယ် ဆန်ကျင်တိုက်ခိုက်တော့မှာမဟုတ်ကြောင်း သေချာစေဖို့ သူ့ရဲ့ကတိအတိုင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သမ္မတထရန့် ရဲ့ တစ်ခုတည်းသော လက်တုံ့ပြန်မှုကတော့ အမေရိကန်ပြည်သူတွေအတွက် အောင်မြင်မှုနဲ့ သမိုင်းဝင်အောင်မြင်မှုတွေပဲ” ဟု အိမ်ဖြူတော် လက်ထောက်သတင်းထောက် တေလာရော်ဂျာ (Taylor Rogers) က သတင်းအဖွဲ့အစည်းများကို ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် အုပ်ချုပ်ရေးပိုင်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တရားရေးဌာန၏ တန်ပြန်ထောက်လှမ်းရေးဌာန၏ အကြီးအကဲဟောင်း ဒေးဗစ် လုဖ့်မန် (David Laufman) က ဥပဒေအကျိုးဆောင်ကုမ္ပဏီများနှင့် ရှေ့နေများကို ခြိမ်းခြောက်ရန် အုပ်ချုပ်ရေးအဖွဲ့အာဏာကို အသုံးပြုခြင်းမှာ ယခင်က မကြုံဖူးသောကိစ္စ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဘယ်သူမဆို အရင်က အိမ်ဖြူတော်မှာ တရားဥပဒေဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှုကို နှုတ်ပိတ်တိတ်ဆိတ်စေပြီး အပြစ်ပေးမယ့် အာဏာရှင်ဆန်တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် ရှေ့နေချုပ်နဲ့ အိမ်ဖြူတော်အတိုင်ပင်ခံတို့က တိတ်တဆိတ် ဝင်ရောက်စွက်ဖက်ပြီး အစီအစဥ်ကို လျင်မြန်စွာ ဆိုင်းငံ့ထားဆီးမှာဖြစ်ပါတယ်” ဟု ၎င်းက မက်ဆေ့ချ်ဖြင့် ပြောကြားခဲ့သည်။

တရားရေးဌာနနှင့် အမိမြေလုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူများက မှတ်ချက်ပေးရန် တောင်းဆိုချက်များကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

တရားရေးဌာန အကြီးတန်း အရာရှိဟောင်း တစ်ဦးက အဆိုပါ လှုပ်ရှားမှုကို သက်ဦးဆံပိုင် လုပ်မှုဟုခေါ်ခဲ့သည်။

“ပြိုင်ဘက်တရားစီရင်ရေးစနစ်က ဘယ်လိုအလုပ်လုပ်သလဲနဲ့ အဲဒီလုပ်ငန်းစဉ်မှာ သမာသမတ်ကျတဲ့ တရားသူကြီးတစ်ဦးရဲ့ အခန်းကဏ္ဍကို သမ္မတက သဘောမပေါက်ပါဘူး” ဟု အမည်မဖော်လိုသူ အရာရှိဟောင်းက လက်တုံ့ပြန်မည်ကို စိုးရိမ်သောကြောင့် ပြောကြားခဲ့သည်။

“ဒါဟာ အားနည်းတဲ့ သက်သေအထောက်အထားတွေနဲ့ ချို့ယွင်းချက်ရှိတဲ့ ငြင်းခုံမှုတွေကို ဖော်ထုတ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

“သမ္မတက သူအနိုင်ရပြီး သူ့ရန်သူတွေက ရှုံးပြီး အပြစ်ပေးခံရတာကို ထောက်ခံပါတယ်။ အဲဒါက တရားမျှတမှု မဟုတ်ဘူး၊ အဲဒါက အာဏာရှင်သဘောပါပဲ”

ဥပဒေကျွမ်းကျင်သူများက ထရန့်သည် သူတော်ကောင်းယောင်ဆောင် လုပ်ဆောင်နေကြောင်း စွပ်စွဲလိုက်ပြီး သူ၏ရှေ့နေများသည် ဖက်ဒရယ် အရပ်ဘက်လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်း ၁၁ ကို ချိုးဖောက်ခဲ့ကြောင်း ထိုအချက်မှာ ရှေ့နေများကို မှားယွင်းသော သို့မဟုတ် အရေးမကြီးသော စွပ်စွဲမှုများကိုတားမြစ်ထားခြင်းဖြစ်သည်။

ယခင် ဝါရင့်တရားရေးဌာနအရာရှိကြီးက ၂၀၂၀ခုနှစ်တွင် ဂျိုးဘိုင်ဒင်သည် ဘက်ပြောင်းနိုင်သည့် ပြည်နယ်များတွင် အနိုင်ရခြင်းမှာ တရားမဝင်မဲများကို ထည့်ခဲ့၍ ဖြစ်သည်ဟု တရားဝင်ကန့်ကွက်ခဲ့ခြင်းသည် ထရန့်၏ စာချွန်လွှာတွင် ဖော်ပြထားသော ဖက်ဒရယ် အရပ်ဘက်လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်း ၁၁ စံနှုန်းများနှင့် လုံးဝကိုက်ညီမှု မရှိကြောင်း” ပြောကြားခဲ့သည်။

မနှစ်က မစ်ရှီဂန်တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်သည့်တရားစွဲဆိုမှုအတွက် ဒေါ်လာ ၁၅၀,၀၀၀ ပေးဆောင်ရန် ဗဟိုတရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းကို ဆစ်ဒနီပိုဝဲလ်( Sidney Powell) နှင့် အခြားသော ထရန့်၏ရှေ့နေများက အယူခံဝင်မှုကို တရားရုံးချုပ်က ပယ်ချခဲ့သည်။ ပိုဝဲလ် သည် ဂျော်ဂျီယာတွင် ထရမ့်၏ဆုံးရှုံးမှုကို လွှမ်းမိုးရန် သူမ၏ ကြိုးပမ်းမှုနှင့် ပတ်သက်သည့် ရာဇ၀တ်မှုဆိုင်ရာ စွဲချက်များအတွက်လည်း အပြစ်ရှိကြောင်း ၀န်ခံခဲ့သည်။

အစိုးရကို တရားစွဲသည့် ကုမ္ပဏီမှ အကြီးတန်းရှေ့နေတစ်ဦးက အကျိုးသက်ရောက်မှုသည် ရှင်းရှင်းလင်းလင်းရှိကြောင်း ပြောသည်။

“ ထရန့်နဲ့ သူရဲ့ နိုင်လိုမင်းထက် အပြုအမူတွေကြားက ရပ်တည်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍကို သူက ချိမ်းခြောက်နေတာပါပဲ” ဟု ရှေ့နေက ပြောကြားခဲ့သည်။ “ရှေ့နေတွေက တရားစွဲပြီး အုပ်ချုပ်ရေးက လုပ်ခဲ့တာတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီလားမညီဘူးလား ဆိုတာကို ဆုံးဖြတ်တဲ့ စီရင်ထုံးတွေ ရှိကြတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အစိုးရအုပ်ချုပ်ရေးစနစ်ပဲ။

ပြည်ထောင်စုအစိုးရရှေ့နေဟောင်း ရှေ့နေက “ဒီလို ဥပဒေ အကျိုးဆောင်ကုမ္ပဏီတွေက တန်ပြန် စီစစ်မှု တွေကိုလုပ်ကြတာဖြစ်ပြီး တကယ်လို့ အစိုးရလုပ်ရပ်က မှားနေတာကို ဘယ်သူကမှ တရားရုံးကို အမှုတင်မလာဘူးဆိုရင် ဘာကိုမှ တားလို့ရတော့မှာ မဟုတ်ဘူး။” ဟု ပြောပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက