နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

‘အမေရိကန်တွေက သူတို့ရဲ့ သင်ခန်းစာကို မသင်ယူခဲ့ကြဘူး’ – အမေရိကန်ကုန်ပစ္စည်းတွေကို ဥရောပသားတွေ သပိတ်မှောက်

မတ်လ (၂၄) ရက်။

မိုယာ အိုစူလေဗန် (Moya O’Sullivan) သည် သူမ၏ ဗီဒိုများကို ကြည့်လိုက်ရာ ပြဿနာတစ်ခုကို တွေ့လိုက်သည်။ သူမ၏ ခရင်မ်ချိစ်၊ သွားတိုက်ဆေး၊ ခံတွင်းဆေး၊ ဝီစကီနှင့် အချိုရည်အားလုံးသည် အမေရိကန်ထုတ်ကုန်တွေ ဖြစ်ကြသည်။ “ ဒါတွေကို လွှင့်ပစ်လိုက်တော့မယ်”

“ ကျွန်တော် ဖီလာဒဲလ်ဖီးယား (Philadelphia) (ခရင်မ်) ဒိန်ခဲကို မဝယ်တော့ပါဘူး” ဟု အို အိုစူလေဗန် က CNN သို့ ပြောကြားခဲ့သည်။ “Oreo ဘီစကွပ်မုန့်လည်း မရှိတော့ဘူး။” Oral-B နှင့် ပါးစပ်ပိုးသတ်ဆေး (Listerine) ကို သူမ၏ ရေချိုးခန်းဗီရိုတွင် အစားထိုးခဲ့ပြီး Jack Danielအရက် နှင့် Coca-Cola တို့ကို သူမ၏ အချိုရည်အကန့်နေရာမှ ဖယ်ထုတ်လိုက်သည်။

အိုစူလေဗန်, ၂၉ နှစ်သည် အိုင်ယာလန်တောင်ပိုင်း၊ ကေးလ်ကင်နီ (Kilkenny) တွင် ကျောင်းသားများအား သမိုင်းနှင့် အင်္ဂလိပ်စာ သင်ကြားပေးသည်။ သို့ရာတွင် သူမ၏စျေးဝယ်စာရင်းကို ပြောင်းလဲခြင်းဖြင့် သမ္မတ‌ဒေါ်နယ်ထရန့်ကို ဒုတိယသက်တမ်းအတွက် မဲပေးရွေးချယ်ခဲ့သည့်အမေရိကန်နိုင်ငံသား ၇၇ သန်းကို အသိပေးဖို့ မျှော်လင့်နေပါသည်။

“အမေရိကန်တစ်ဝက်လောက်က (ထရန့်) ကို ရွေးချယ်လိုက်တာကို မြင်ရတာ ငါ့အတွက် အရမ်းစိတ်ပျက်စရာပဲ” ဟု သူမက ဆိုပါသည်။

စာသင်ခန်းထဲတွင် ပြောလေ့ရှိသောအသံဖြင့် သူမက “အမေရိကန်တွေက သူတို့ရဲ့ သင်ခန်းစာကို ပထမဆုံးအကြိမ်တုံးက မသင်ယူခဲ့ကြပါဘူး။ ကံမကောင်း အကြောင်းမလှစွာနဲ့ ဒီအတွက် အကျိုးဆက်တွေ ရှိလာဖို့ လိုပါတယ်။”

ထရန့်အစိုးရယန္တရားသည် ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်လာသည်နှင့်အမျှ အပြန်အလှန်အားဖြင့်၊ စီးပွားရေး အမျိုးသားရေးဝါဒသည် ဥရောပတခွင်တွင် ပျံ့နှံ့နေပါသည်။ အိုစူလေဗန်သည် ၎င်းတို့၏ ပိုက်ဆံများဖြင့် အမေရိကန်ကို ထိခိုက်စေရန် မျှော်လင့်သည့် သေးငယ်သည့်သီးသန့်အဖွဲ့တဖွဲ့၏ အစိတ်အပိုင်းတခုသာဖြစ်သည်။

ဧပြီလ ၂ ရက်နေ့မှစတင်၍ ၎င်း၏အပြန်အလှန် အခွန်စည်းကြပ်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ အမေရိကန်သို့ပို့ဆောင်မည့် ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုအသစ်အနည်းငယ်ကို ကြေညာလိမ့်မည်ဟု ထရန့်က ပြောကြားခဲ့သည်။ အီးယူသည် အမေရိကန်ဝီစကီ၊ မော်တော်ဆိုင်ကယ်များ၊ ဘီယာ၊ ကြက်၊ အမဲသားနှင့် ပဲပိစပ်၊ ခရမ်းချဉ်သီး နှင့် ရက်စ်ဘယ်ရီစသည့် ထုတ်ကုန်များအပေါ် စည်းကြပ်ခွန်များ တိုးမြှင့် ကောက်ခံခြင်း အပါအဝင် ၎င်း၏ကိုယ်ပိုင် တန်ပြန်အရေးယူမှုများကို ရုပ်သိမ်းရန် အဓိက လုပ်ဆောင်လျက်ရှိသည်။

သို့သော် ထရန့် အုပ်ချုပ်ရေးကို ကန့်ကွက်ခြင်းသည် ဥရောပတွင် လွန်ခဲ့သော ရှစ်နှစ်ကထက် ပို၍ခက်သည်။ ဥရောပခေါင်းဆောင်များသည် ထရန့် နှင့် ဆက်ဆံရေးတွင် ကြီးစွာသော နာကျင်မှုကို ခံခဲ့ကြရပြီး၊ ၎င်း၏ အခွန်ကောက်ခံမှု ဇောင်းပေးနေသည့် အစိုးရကို ရှောင်ရှားရန် သို့မဟုတ် ယူကရိန်းနှင့် ဂါဇာတွင် လက်ခံနိုင်သော ရလဒ်များဆီသို့ လမ်းညွှန်ရန် လိုလားကြသည်။ ၎င်းတို့သည် ပင်ပန်းနွမ်းနယ်မှုများကို ခံစားနေရသည်။ “ဒီအချိန်မှာ လူတော်တော်များများက နည်းနည်းတော့ ပင်ပန်းနွမ်းနယ်နေကြတယ်” ဟု အိုစူလေဗန်က ဝန်ခံသည်။

“ပထမအကြိမ် (ထရန် ရွေးကောက်ခံရတဲ့)အချိန်မှာ လူတွေ ဒေါသထွက်ခဲ့ကြပြီး အဲဒါကို ဆန့်ကျင်ပြီး အနိုင်ရနိုင်တယ်လို့ ထင်ကြတယ်” ဟု ဗြိတိန်အခြေစိုက် ထရန့်ကိုဆန္ဒပြအဖွဲ့ Stop Trump Coalition ၏ ပြောရေးဆိုခွင့်ရှိသူ ဇိုဂါဒင်နာ (Zoe Gardner) က ပြောကြား ခဲ့သည်။ အခု “ လူတွေက ပိုပြီးအရိုက်ခံရတာကို ခံစားရတယ်” ဟု သူမ CNN သို့ပြောကြား ခဲ့သည်။ “လူတွေက ဒါကို ဆန့်ကျင်နိုင်ဖို့စွမ်းအားရှိတယ်ဆိုတာကို ယုံကြည်မှု နည်းသွားတယ်လို့ ခံစားရတယ်။

သပိတ်မှောက်မှုများ အလုပ်ဖြစ်သလား။

အင်္ဂလန်နိုင်ငံ၊ ဘရစ်တိုလ် (Bristol) ရှိ အသက် ၃၃ နှစ်အရွယ် စာပို့သမား ဂျိမ်း ဘလက်လက်ဂျ် (James Blackledge) သည်လည်း စွန့်လွှတ်အနစ်နာခံမှုများ ပြုလုပ်ခဲ့သည်။ အိုစူလေဗန်ကဲ့သို့ပင်၊ သူသည် ဖီလာဒဲလ်ဖီးယားထက် ပိုစျေးကြီးပါက ပြည်တွင်းထုတ် အစားထိုးပစ္စည်းကို ပြောင်းလဲသုံးစွဲသွားရန် စဉ်းစားထားသည်။ “ကျွန်တော်က မာယို (ကြက်ဥရှာလကာရည်ဆော့စ်) ကို စွဲနေသူပါ” ဟု ဝန်ခံသော်လည်း သူသည် အမေရိကန် Hellmann ထုတ် မာယိုကို မဝယ်တော့ဘဲ သူ့ကိုယ်တိုင် လုပ်ကိုင်ခဲ့သည်။ “ကျွန်တော့်မှာ မွှေစက်လည်း ရှိတော့ လုပ်ရတာ တော်တော်လွယ်ပါတယ်။”

“ ကျွန်တော်က မက်‌ဒေါ်နယ် (McDonald) ဆီက ကော်ဖီကို ခဏခဏဝယ်သောက်တယ်၊ အခုမသောက်တော့ဘူး” ဟု သူက ထပ်ပြောသည်။ Sierra Nevada ဘီယာတွေလည်း ဝယ်မသောက်ကြတော့ဘူး။ ပြီးတော့ သူတစ်ယောက်တည်း မဟုတ်ဘူး။ “ဒါကို ပြောတဲ့ ကျွန်တော့်သူငယ်ချင်း တော်တော်များများက အဲဒါကို လုပ်နေတာကြာနေပြီလို့ ပြောကြတယ်” ဟု ၎င်းက ဆိုသည်။ ” ထရန့် ရွေးကောက်ခံရသောအခါ (အမေရိကန် ထုတ်ကုန်များ ဝယ်ယူခြင်း) ကို ရပ်တန့်ပြီးဖြစ်သည်။” ဟု ဆိုသည်။

အိုဆူလေဗန်နှင့် ဘလက်လက်ဂျ်တို့သည် ၎င်းတို့၏ ဒေါသကို မက်ဆေ့ချ်ဘုတ်များနှင့် ဖိုရမ်များတွင် လူအများက မျှဝေကြပြီး ၎င်းတို့နှစ်ဦးစလုံးသည် ၎င်းတို့ မည်သို့ ထောက်ပြမှုများကို ပြုလုပ်ကြမည်နှင့်ပတ်သက်၍ အွန်လိုင်းတွင် အကြံဉာဏ်များ ဖလှယ်ခဲ့ကြသည်။

အိုဆူလေဗန်နှင့် ဘလက်လက်ဂျ်တို့သည် အတ္တလန္တိတ်ကိုဖြတ်၍ သတင်းစကားပေးပို့ရန် မျှော်လင့်ချက်ဖြင့် အမေရိကန်ထုတ်ကုန်များကို ရှောင်ကြဉ်ကြသည်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင်
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ အီရန်

ဟော်မုဇ် ရေလက်ကြားတွင် အီရန်၏ ထိန်းချုပ်မှုက အိန္ဒိယ၏ ချစ်လှစွာသော စမူဆာနှင့် လက်ဖက်ရည်ကို ခြိမ်းခြောက်နေ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 13 Views
CNN-၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် အီရန်၏ တင်းကျပ်သော ထိန်းချုပ်မှု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ဘူချာမှ သားသတ်သမား’ ကို ပစ်မှတ်ထားခဲ့ဖွယ်ရှိသည့် ဗုံးခွဲမှုအတွင်း ရုရှားစစ်သည်တစ်ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 12 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ရုရှားနိုင်ငံ၏ ဝေးလံခေါင်ဖျားသော မြို့တစ်မြို့တွင် စစ်သည်တစ်ဦး သေဆုံးခဲ့သည့် ဗုံးခွဲမှုမှာ ‘ဘူချာမှ သားသတ်သမား’ (Butcher of Bucha) ဟု လူသိများသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ရုရှားတပ်မှူးကို ပစ်မှတ်ထားခဲ့ခြင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အစွမ်းထက် လက်နက်သစ်ကို ဟစ်ဇဘိုလာ ဖြန့်ကြက်ချထား

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကွက်ကော်ပတာ (quadcopter) ဒရုန်းတစ်စင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်မှ ဝဲပျံလာပြီး ဗုံးဒဏ်သင့် ပျက်စီးနေသော အဆောက်အအုံများနှင့် မြေနီလမ်းများကြားတွင် တိကျစွာ မောင်းနှင် သွားသည်။ ထိုဒရုန်းသည် ၎င်းကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း မဟာမိတ်များထံ လက်နက်ရောင်းချမှု ဒေါ်လာ ၈ ဘီလီယံဖိုးကို ထရန့်အစိုးရ အမြန်အကောင်အထည်ဖော်

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် အစ္စရေး၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကူဝိတ်နိုင်ငံတို့ထံ ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိသော လက်နက်ရောင်းချမှုများကို ထရန့်အစိုးရက အမြန်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်များအရ သိရသည်။ စုစုပေါင်း လက်နက်တန်ဖိုးမှာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ဖြတ်သန်းသွားလာမှုကို ကန့်သတ်ရန် အီရန်နိုင်ငံ၏ အဆိုပြုဥပဒေတွင် မည်သည်အချက်များပါဝင်သနည်း (အီရန်နိုင်ငံပိုင်ရုပ်သံမှ သတင်းထုတ်ပြန်ချက်အရ)

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၃ရက် မစ်ချယ် မက်ကလပ်စကီး (Mitchell McCluskey) ရေးသားသည်။ အီရန်နိုင်ငံ၏ လွှတ်တော်သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် မည်သည့်သင်္ဘောများကို ဖြတ်သန်းခွင့်ပြုမည်ဆိုသည့်အပေါ် ကန့်သတ်ချက်များ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်လူထု အများစုက အီရန်စစ်ပွဲမှာ မှားယွင်းမှုတစ်ခုဖြစ်ကြောင်း ပြောဆိုနေကြဟု စစ်တမ်းအရ သိရ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၂)ရက် ယနေ့ ထုတ်ပြန်လိုက်သော Washington Post/ABC News/Ipsos တို့၏ စစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံသား ၁၀ ဦးတွင် ၆ ဦးက အီရန်အပေါ် အမေရိကန်က စစ်ရေးအင်အား အသုံးပြုခဲ့ခြင်းမှာ
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်