နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း မဟာမိတ်များထံ လက်နက်ရောင်းချမှု ဒေါ်လာ ၈ ဘီလီယံဖိုးကို ထရန့်အစိုးရ အမြန်အကောင်အထည်ဖော်

CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက်

အစ္စရေး၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကူဝိတ်နိုင်ငံတို့ထံ ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိသော လက်နက်ရောင်းချမှုများကို ထရန့်အစိုးရက အမြန်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်များအရ သိရသည်။

စုစုပေါင်း လက်နက်တန်ဖိုးမှာ ဒေါ်လာ ၈ ဘီလီယံကျော်ရှိသည်။ ယင်းတို့တွင် ကူဝိတ်နှင့် ကာတာနိုင်ငံတို့အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ကာတာ၊ UAE နှင့် အစ္စရေးနိုင်ငံတို့အတွက် လေဆာလမ်းညွှန်ဒုံးကျည်များ ပါဝင်သည်။

ကာတာနိုင်ငံသို့ ရောင်းချမည့်စာရင်းတွင် ပက်ထရီးယော့ (Patriot) ဒုံးကျည်များ ပါဝင်သည်။ ဗျူဟာမြောက်နှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ ဧပြီလထုတ် အစီရင်ခံစာ တစ်စောင်အရ အီရန်နှင့် ရက်သတ္တပတ်ပေါင်းများစွာ ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် အမေရိကန်၏ ပက်ထရီးယော့ဒုံးကျည် လက်ကျန်ပမာဏမှာ သိသိသာသာ လျော့နည်း သွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ လက်နက်ရောင်းချမှုကို အတည်ပြုရန် လွှတ်တော်ကို ကျော်လွန်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်တွင် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က “ယခုလက်နက်များကို အဆိုပါနိုင်ငံများထံ ချက်ချင်းရောင်းချရန် လိုအပ်သည့် အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်နေကြောင်း အသေးစိတ်အကြောင်း ပြချက် ဖြင့် ဆုံးဖြတ်အတည်ပြုခဲ့သည်” ဟု ကြေညာချက်တစ်ခုချင်းစီ၌ ဖော်ပြထားသည်။

အီရန်နှင့် စစ်ပွဲစတင်ကတည်းက လက်နက်ရောင်းချမှုအတွက် လွှတ်တော်၏ ပြန်လည် သုံးသပ်မှုကို ကျော်လွန်ရန် အစိုးရက အရေးပေါ်အခြေအနေဟု ကိုးကားဖော်ပြခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ပေ။

မတ်လအစောပိုင်းတွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနသည် အစ္စရေးနိုင်ငံထံ ဗုံးအလုံးရေ ၁၂,၀၀၀ ကို ချက်ချင်းရောင်းချရန်အတွက် လွှတ်တော်ကို ကျော်လွန်ကာ အရေးပေါ်ဆုံးဖြတ် ချက် ချမှတ်ခဲ့သည်။ ယင်းနောက် ထိုလအတွင်းမှာပင် ရူဘီယိုသည် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး UAE နှင့် ကူဝိတ်နိုင်ငံတို့ထံ ဒေါ်လာဘီလီယံနှင့်ချီသော လက်နက်ရောင်းချမှု များအပြင် ဂျော်ဒန်နိုင်ငံအတွက် လေယာဉ်နှင့် ခဲယမ်းမီးကျောက်ဆိုင်ရာ ပံ့ပိုးမှုများကိုပါ အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက