နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အစွမ်းထက် လက်နက်သစ်ကို ဟစ်ဇဘိုလာ ဖြန့်ကြက်ချထား

CNN-၂၀၂၆ခုနှစ်၊ မေလ(၃)ရက်

ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကွက်ကော်ပတာ (quadcopter) ဒရုန်းတစ်စင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်မှ ဝဲပျံလာပြီး ဗုံးဒဏ်သင့်

ပျက်စီးနေသော အဆောက်အအုံများနှင့် မြေနီလမ်းများကြားတွင် တိကျစွာ မောင်းနှင်

သွားသည်။ ထိုဒရုန်းသည် ၎င်းကို ထိန်းချုပ်မောင်းနှင်သူထံသို့ ပစ်မှတ်ဖြစ်သော အစ္စရေး တင့်ကားနှင့် အနီးနားရှိ စစ်သားများကို လူတဦးကတိုက်ရိုက်ကြည့်ရလိုမျိုးမြင်ကွင်း (first-person view) ကို ရှင်းလင်းစွာ ပြသနေသည်။

အဆိုပါ ကွက်ကော်ပတာမှာ ဖိုက်ဘာအော့ပတစ် (fiber-optic) ဒရုန်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ ၎င်းသည် ဟစ်ဇဘိုလာအဖွဲ့က သေစေနိုင်လောက်သော တိကျမှုဖြင့် ပိုမိုအသုံးပြုလာနေသည့် လက်နက်ဖြစ်သည်။ ဤဒရုန်းများကို တားဆီးရန် ခက်ခဲပြီး ထောက်လှမ်းရန် ပို၍ပင်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် နှောင့်ယှက် ဖျက်ဆီးနိုင်သည့် မည်သည့်အချက်ပြလှိုင်း (signal) ကိုမျှ ထုတ်လွှင့်ခြင်းမရှိဘဲ ပစ်မှတ်၏ ပုံရိပ်ကြည်လင်ပြတ်သားမှုကို မောင်းနှင်သူထံ ပေးပို့နိုင်သောကြောင့်ဖြစ်သည်။

“ဒီဒရုန်းတွေဟာ ဆက်သွယ်ရေးလှိုင်း နှောင့်ယှက်မှုဒဏ်ကို ခံနိုင်ရည်ရှိသလို အီလက် ထရွန်နစ် အမှတ်အသား (signature) မရှိတဲ့အတွက် ဘယ်နေရာကနေ လွှတ်တင် လိုက်တယ်ဆိုတာကို ရှာဖွေဖို့လည်း မဖြစ်နိုင်ပါဘူး” ဟု အစ္စရေး အမျိုးသားလုံခြုံရေး လေ့လာမှုအင်စတီကျုမှ ဝါရင့်သုတေသီ ယီဟိုရှူအာ ကာလစ်စကီး (Yehoshua Kalisky) က ရေးသားခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည့် ဟစ်ဇဘိုလာ၏ ဗီဒီယိုတစ်ခုတွင် အလေးချိန် ကီလိုဂရမ်အနည်းငယ်သာရှိသော ကွက်ကော်ပတာဒရုန်းသည် အစ္စရေးစစ်သားများ လုံးဝသတိမပြုမိဘဲ ချဉ်းကပ်လာကာ ပစ်မှတ်ကို ထိမှန်သွားသည်ကို တွေ့ရသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ အဆိုအရ ထိုတိုက်ခိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် တပ်ကြပ် အိုင်ဒန် ဖုခ်စ် (Idan Fooks) သေဆုံးခဲ့ပြီး အခြားသူများ ဒဏ်ရာ ရရှိခဲ့သည်။ ထို့နောက် ဟစ်ဇဘိုလာသည် ဒဏ်ရာရစစ်သည်များကို လာရောက်ခေါ်ဆောင် သည့် ကယ်ဆယ်ရေး ရဟတ်ယာဉ်ကိုလည်း ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်။

ဖိုက်ဘာအော့ပတစ်ဒရုန်းများသည် ၎င်းတို့၏ ရိုးရှင်းမှုကြောင့် ထိရောက်မှုရှိခြင်းဖြစ်သည်- ဒရုန်းကို အဝေးမှထိန်းချုပ်ရန် ကြိုးမဲ့အချက်ပြလှိုင်းကို အသုံးမပြုဘဲ ဖိုက်ဘာအော့ပတစ် ကြိုးဖြင့် မောင်းနှင်သူနှင့် ဒရုန်းကို တိုက်ရိုက်ချိတ်ဆက်ထားခြင်းဖြစ်သည်။

ဖိုက်ဘာအော့ပတစ်ကြိုးများသည် အလွန်ပါးလွှာပြီး ပေါ့ပါးသောကြောင့် သာမန်မျက်စိဖြင့် မမြင်နိုင်သလောက်ဖြစ်ပြီး ၉.၃ မိုင် (၁၅ ကီလိုမီတာ) သို့မဟုတ် ထိုထက်မက ရှည်လျား နိုင်ကြောင်း အစ္စရေးစစ်ဘက်သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။ ထို့ကြောင့် ဒရုန်းမောင်းနှင်သူသည် ဘေးကင်းရာအကွာအဝေးမှနေ၍ ပစ်မှတ်၏ ပုံရိပ်ကို အကြည်လင်ဆုံး မြင်တွေ့ကာ ထိန်းချုပ်နိုင်သည်။

IDF သည် ဒရုန်းစစ်ပွဲများကို တုံ့ပြန်ရန် ၎င်းတို့၏ နည်းပညာသာလွန်မှုကို အသုံးချကာ အချက်ပြလှိုင်းများနှင့် ကြိမ်နှုန်းများကို နှောင့်ယှက်ခြင်းဖြင့် အစ္စရေးစစ်သားများထံ ဒရုန်းများ မရောက်လာမီ တားဆီးလေ့ရှိသည်။ သို့သော် ဖိုက်ဘာအော့ပတစ်ဒရုန်းများတွင် အချက်ပြ လှိုင်း မရှိသောကြောင့် IDF အနေဖြင့် ဖိုက်ဘာအော့ပတစ်ဒရုန်းများကို ထိန်းချုပ်ရန် အီလက်ထရွန်နစ်နည်းဖြင့် နှောင့်ယှက်၍မရသလို၊ ပျံသန်းလာသည့် ဒရုန်းကို ထောက်လှမ်း နိုင်ရန်လည်း ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

“ပိုက်ကွန်တွေလိုမျိုး ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတွေကလွဲရင် လုပ်ဆောင်နိုင်တာသိပ် မရှိပါဘူး။ ဒါဟာ အချိုးမညီတဲ့ စစ်ပွဲ (asymmetric warfare) အတွက် ပြုပြင် ပြောင်းလဲ ထားတဲ့ နည်းပညာနိမ့် စနစ်တစ်ခုပါပဲ” ဟု အစ္စရေးစစ်ဘက် သတင်းရင်းမြစ်က ဆိုသည်။

ဖိုက်ဘာအော့ပတစ်ဒရုန်းများကို ယူကရိန်းစစ်မြေပြင်တွင် ရုရှားတပ်ဖွဲ့များက စတင်အသုံးပြု ခဲ့ပြီး များစွာထိရောက်ခဲ့သည်။ ရုရှားသည် ဒရုန်း၏ ဖိုက်ဘာအော့ပတစ်ကြိုးကို အခြေစိုက် စခန်းတစ်ခုနှင့် ချိတ်ဆက်ပြီးမှ မောင်းနှင်သူနှင့် ထပ်ဆင့်ချိတ်ဆက်သည့်အတွက် မောင်းနှင် သူအား ပစ်မှတ်ထားရန် ပိုမိုခက်ခဲစေသည်။

ဟစ်ဇဘိုလာ၏ ရည်မှန်းချက်မှာမူ ကွဲပြားသည်။ အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းတွင် ၎င်းတို့၏ အခြေစိုက်စခန်းများနှင့် နီးကပ်စွာ လှုပ်ရှားနေသဖြင့် ဟစ်ဇဘိုလာ၏ ဒရုန်း မောင်းနှင်သူများသည် အစ္စရေးစစ်သားများကို လက်ဘနွန်တောင်ပိုင်းနှင့် အစ္စရေး မြောက်ပိုင်းတို့တွင် လိုက်လံအမဲလိုက် တိုက်ခိုက်နေခြင်းဖြစ်သည်။

“ဒါဟာ ကျွမ်းကျင်တဲ့ မောင်းနှင်သူရဲ့ လက်ထဲမှာ ရှိနေမယ်ဆိုရင်၊ အထူးသဖြင့် ဒရုန်း တိုက်ခိုက်မှုကို မမျှော်လင့်ထားတဲ့ တပ်ဖွဲ့တွေအပေါ်မှာ တော်တော်လေး ထိရောက်နိုင်တဲ့ စနစ်ဖြစ်ပါတယ်” ဟု New American Security စင်တာမှ အကြီးတန်းသုတေသနအဖွဲ့ဝင် ဆင်မြူယယ် ဘန်ဒက် (Samuel Bendett) က ပြောသည်။

အစ္စရေး၏ အဆိုအရ ဟစ်ဇဘိုလာသည် အရပ်ဘက်သုံးဒရုန်းများကို တရုတ် သို့မဟုတ် အီရန်နိုင်ငံတို့မှ တင်သွင်းပြီးနောက် လက်ပစ်ဗုံး သို့မဟုတ် ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် တွဲဖက်ကာ အသုံးပြုခြင်းဖြစ်သည်။ ရလဒ်မှာ မမြင်နိုင်သလောက်ဖြစ်ပြီး အလွန်တိကျသော လက်နက်တစ်ခု ဖြစ်လာကာ အစ္စရေးတပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။

ဟစ်ဇဘိုလာသည် အီရန်၏ ငွေကြေးနှင့် နည်းပညာပံ့ပိုးမှုဖြင့် နှစ်ပေါင်းများစွာအတွင်း ဒုံးကျည်အမြောက်အမြားကို တည်ဆောက်ခဲ့သည်။ ဂါဇာစစ်ပွဲမတိုင်မီက ဟစ်ဇဘိုလာတွင် ဒုံးကျည်ပေါင်း ၁၅၀,၀၀၀ ခန့်ရှိသည်ဟု အစ္စရေးက ခန့်မှန်းခဲ့သော်လည်း ယခုအခါ ၁၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည်ဟု အစ္စရေးအရာရှိများက ယူဆထားကြသည်။

IDF သည် ဒရုန်းများ မိမိတို့၏စစ်သားများထံ မရောက်ရှိစေရန် ယူကရိန်းတွင်ကဲ့သို့ ပိုက်ကွန်များနှင့် အခြားရုပ်ပိုင်းဆိုင်ရာ အတားအဆီးများကို အသုံးပြု၍ တုံ့ပြန်နေသော်လည်း ယင်းမှာ နည်းပညာနိမ့် ပြဿနာအတွက် ပြည့်စုံသော ဖြေရှင်းချက်မဟုတ်ကြောင်း အစ္စရေး စစ်ဘက်အရာရှိတစ်ဦးက ဝန်ခံခဲ့သည်။

“ဒါက ကျွန်တော်တို့ လိုချင်သလောက် စိတ်မချရသေးပါဘူး” ဟု အဆိုပါအရာရှိက ဆိုသည်။ IDF သည် ဖိုက်ဘာအော့ပတစ်ဒရုန်းများကို တုံ့ပြန်ရန် ပိုမိုကောင်းမွန်သော နည်းလမ်းများကို ရှာဖွေနေသော်လည်း အန္တရာယ်မှာ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ဟစ်ဇဘိုလာက ဒရုန်း အမြောက်အမြားကို တစ်ပြိုင်နက် လွှတ်တင်သည့်အခါ ထောက်လှမ်းရေးစနစ်များမှာ ဝန်ပိသွားနိုင်ကြောင်း သတိပေးထားသည်။

၂၀၂၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က လက်ဘနွန်တောင်ပိုင်း တိုက်ပွဲအတွင်း ကျဆုံးခဲ့သော အစ္စရေးစစ်သည် တပ်ကြပ် အိုင်ဒန် ဖုခ်စ် (Idan Fooks) ၏ ဈာပနအခမ်းအနားကို ပီတက်တစ်ဗာ (Petah Tikva) မြို့တွင် ကျင်းပရာ ဆွေမျိုးမိတ်သင်္ဂဟများ ဝမ်းနည်းပူဆွေးနေကြစဉ်။ (ဓာတ်ပုံ – Ilia Yefimovich/AFP/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 16 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 30 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 25 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး