နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

‘အမေရိကန်တွေက သူတို့ရဲ့ သင်ခန်းစာကို မသင်ယူခဲ့ကြဘူး’ – အမေရိကန်ကုန်ပစ္စည်းတွေကို ဥရောပသားတွေ သပိတ်မှောက်

မတ်လ (၂၄) ရက်။

မိုယာ အိုစူလေဗန် (Moya O’Sullivan) သည် သူမ၏ ဗီဒိုများကို ကြည့်လိုက်ရာ ပြဿနာတစ်ခုကို တွေ့လိုက်သည်။ သူမ၏ ခရင်မ်ချိစ်၊ သွားတိုက်ဆေး၊ ခံတွင်းဆေး၊ ဝီစကီနှင့် အချိုရည်အားလုံးသည် အမေရိကန်ထုတ်ကုန်တွေ ဖြစ်ကြသည်။ “ဒါတွေကို လွှင့်ပစ်လိုက်တော့မယ်”

“ကျွန်တော် ဖီလာဒဲလ်ဖီးယား (Philadelphia) (ခရင်မ်) ဒိန်ခဲကို မဝယ်တော့ပါဘူး” ဟု အို အိုစူလေဗန် က CNN သို့ ပြောကြားခဲ့သည်။ “Oreo ဘီစကွပ်မုန့်လည်း မရှိတော့ဘူး။” Oral-B နှင့် ပါးစပ်ပိုးသတ်ဆေး (Listerine) ကို သူမ၏ ရေချိုးခန်းဗီရိုတွင် အစားထိုးခဲ့ပြီး Jack Danielအရက် နှင့် Coca-Cola တို့ကို သူမ၏ အချိုရည်အကန့်နေရာမှ ဖယ်ထုတ်လိုက်သည်။

အိုစူလေဗန်, ၂၉ နှစ်သည် အိုင်ယာလန်တောင်ပိုင်း၊ ကေးလ်ကင်နီ (Kilkenny) တွင် ကျောင်းသားများအား သမိုင်းနှင့် အင်္ဂလိပ်စာ သင်ကြားပေးသည်။ သို့ရာတွင် သူမ၏စျေးဝယ်စာရင်းကို ပြောင်းလဲခြင်းဖြင့် သမ္မတ‌ဒေါ်နယ်ထရန့်ကို ဒုတိယသက်တမ်းအတွက် မဲပေးရွေးချယ်ခဲ့သည့်အမေရိကန်နိုင်ငံသား ၇၇ သန်းကို အသိပေးဖို့ မျှော်လင့်နေပါသည်။

“အမေရိကန်တစ်ဝက်လောက်က (ထရန့်) ကို ရွေးချယ်လိုက်တာကို မြင်ရတာ ငါ့အတွက် အရမ်းစိတ်ပျက်စရာပဲ” ဟု သူမက ဆိုပါသည်။

စာသင်ခန်းထဲတွင် ပြောလေ့ရှိသောအသံဖြင့် သူမက “အမေရိကန်တွေက သူတို့ရဲ့ သင်ခန်းစာကို ပထမဆုံးအကြိမ်တုံးက မသင်ယူခဲ့ကြပါဘူး။ ကံမကောင်း အကြောင်းမလှစွာနဲ့ ဒီအတွက် အကျိုးဆက်တွေ ရှိလာဖို့ လိုပါတယ်။”

ထရန့်အစိုးရယန္တရားသည် ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်လာသည်နှင့်အမျှ အပြန်အလှန်အားဖြင့်၊ စီးပွားရေး အမျိုးသားရေးဝါဒသည် ဥရောပတခွင်တွင် ပျံ့နှံ့နေပါသည်။ အိုစူလေဗန်သည် ၎င်းတို့၏ ပိုက်ဆံများဖြင့် အမေရိကန်ကို ထိခိုက်စေရန် မျှော်လင့်သည့် သေးငယ်သည့်သီးသန့်အဖွဲ့တဖွဲ့၏ အစိတ်အပိုင်းတခုသာဖြစ်သည်။

ဧပြီလ ၂ ရက်နေ့မှစတင်၍ ၎င်း၏အပြန်အလှန် အခွန်စည်းကြပ်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ အမေရိကန်သို့ပို့ဆောင်မည့် ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုအသစ်အနည်းငယ်ကို ကြေညာလိမ့်မည်ဟု ထရန့်က ပြောကြားခဲ့သည်။ အီးယူသည် အမေရိကန်ဝီစကီ၊ မော်တော်ဆိုင်ကယ်များ၊ ဘီယာ၊ ကြက်၊ အမဲသားနှင့် ပဲပိစပ်၊ ခရမ်းချဉ်သီး နှင့် ရက်စ်ဘယ်ရီစသည့် ထုတ်ကုန်များအပေါ် စည်းကြပ်ခွန်များ တိုးမြှင့် ကောက်ခံခြင်း အပါအဝင် ၎င်း၏ကိုယ်ပိုင် တန်ပြန်အရေးယူမှုများကို ရုပ်သိမ်းရန် အဓိက လုပ်ဆောင်လျက်ရှိသည်။

သို့သော် ထရန့် အုပ်ချုပ်ရေးကို ကန့်ကွက်ခြင်းသည် ဥရောပတွင် လွန်ခဲ့သော ရှစ်နှစ်ကထက် ပို၍ခက်သည်။ ဥရောပခေါင်းဆောင်များသည် ထရန့် နှင့် ဆက်ဆံရေးတွင် ကြီးစွာသော နာကျင်မှုကို ခံခဲ့ကြရပြီး၊ ၎င်း၏ အခွန်ကောက်ခံမှု ဇောင်းပေးနေသည့် အစိုးရကို ရှောင်ရှားရန် သို့မဟုတ် ယူကရိန်းနှင့် ဂါဇာတွင် လက်ခံနိုင်သော ရလဒ်များဆီသို့ လမ်းညွှန်ရန် လိုလားကြသည်။ ၎င်းတို့သည် ပင်ပန်းနွမ်းနယ်မှုများကို ခံစားနေရသည်။ “ဒီအချိန်မှာ လူတော်တော်များများက နည်းနည်းတော့ ပင်ပန်းနွမ်းနယ်နေကြတယ်” ဟု အိုစူလေဗန်က ဝန်ခံသည်။

“ပထမအကြိမ် (ထရန် ရွေးကောက်ခံရတဲ့)အချိန်မှာ လူတွေ ဒေါသထွက်ခဲ့ကြပြီး အဲဒါကို ဆန့်ကျင်ပြီး အနိုင်ရနိုင်တယ်လို့ ထင်ကြတယ်” ဟု ဗြိတိန်အခြေစိုက် ထရန့်ကိုဆန္ဒပြအဖွဲ့ Stop Trump Coalition ၏ ပြောရေးဆိုခွင့်ရှိသူ ဇိုဂါဒင်နာ (Zoe Gardner) က ပြောကြား ခဲ့သည်။ အခု “လူတွေက ပိုပြီးအရိုက်ခံရတာကို ခံစားရတယ်” ဟု သူမ CNN သို့ပြောကြား ခဲ့သည်။ “လူတွေက ဒါကို ဆန့်ကျင်နိုင်ဖို့စွမ်းအားရှိတယ်ဆိုတာကို ယုံကြည်မှု နည်းသွားတယ်လို့ ခံစားရတယ်။

သပိတ်မှောက်မှုများ အလုပ်ဖြစ်သလား။

အင်္ဂလန်နိုင်ငံ၊ ဘရစ်တိုလ် (Bristol) ရှိ အသက် ၃၃ နှစ်အရွယ် စာပို့သမား ဂျိမ်း ဘလက်လက်ဂျ် (James Blackledge) သည်လည်း စွန့်လွှတ်အနစ်နာခံမှုများ ပြုလုပ်ခဲ့သည်။ အိုစူလေဗန်ကဲ့သို့ပင်၊ သူသည် ဖီလာဒဲလ်ဖီးယားထက် ပိုစျေးကြီးပါက ပြည်တွင်းထုတ် အစားထိုးပစ္စည်းကို ပြောင်းလဲသုံးစွဲသွားရန် စဉ်းစားထားသည်။ “ကျွန်တော်က မာယို (ကြက်ဥရှာလကာရည်ဆော့စ်) ကို စွဲနေသူပါ” ဟု ဝန်ခံသော်လည်း သူသည် အမေရိကန် Hellmann ထုတ် မာယိုကို မဝယ်တော့ဘဲ သူ့ကိုယ်တိုင် လုပ်ကိုင်ခဲ့သည်။ “ကျွန်တော့်မှာ မွှေစက်လည်း ရှိတော့ လုပ်ရတာ တော်တော်လွယ်ပါတယ်။”

“ကျွန်တော်က မက်‌ဒေါ်နယ် (McDonald) ဆီက ကော်ဖီကို ခဏခဏဝယ်သောက်တယ်၊ အခုမသောက်တော့ဘူး” ဟု သူက ထပ်ပြောသည်။ Sierra Nevada ဘီယာတွေလည်း ဝယ်မသောက်ကြတော့ဘူး။ ပြီးတော့ သူတစ်ယောက်တည်း မဟုတ်ဘူး။ “ဒါကို ပြောတဲ့ ကျွန်တော့်သူငယ်ချင်း တော်တော်များများက အဲဒါကို လုပ်နေတာကြာနေပြီလို့ ပြောကြတယ်” ဟု ၎င်းက ဆိုသည်။ ” ထရန့် ရွေးကောက်ခံရသောအခါ (အမေရိကန် ထုတ်ကုန်များ ဝယ်ယူခြင်း) ကို ရပ်တန့်ပြီးဖြစ်သည်။” ဟု ဆိုသည်။

အိုဆူလေဗန်နှင့် ဘလက်လက်ဂျ်တို့သည် ၎င်းတို့၏ ဒေါသကို မက်ဆေ့ချ်ဘုတ်များနှင့် ဖိုရမ်များတွင် လူအများက မျှဝေကြပြီး ၎င်းတို့နှစ်ဦးစလုံးသည် ၎င်းတို့ မည်သို့ ထောက်ပြမှုများကို ပြုလုပ်ကြမည်နှင့်ပတ်သက်၍ အွန်လိုင်းတွင် အကြံဉာဏ်များ ဖလှယ်ခဲ့ကြသည်။

အိုဆူလေဗန်နှင့် ဘလက်လက်ဂျ်တို့သည် အတ္တလန္တိတ်ကိုဖြတ်၍ သတင်းစကားပေးပို့ရန် မျှော်လင့်ချက်ဖြင့် အမေရိကန်ထုတ်ကုန်များကို ရှောင်ကြဉ်ကြသည်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 92 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 89 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 104 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက