နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ အီရန်

ဟော်မုဇ် ရေလက်ကြားတွင် အီရန်၏ ထိန်းချုပ်မှုက အိန္ဒိယ၏ ချစ်လှစွာသော စမူဆာနှင့် လက်ဖက်ရည်ကို ခြိမ်းခြောက်နေ

CNN-၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။

ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် အီရန်၏ တင်းကျပ်သော ထိန်းချုပ်မှု ကြောင့် ကမ္ဘာတစ်ဝန်းတွင် စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်နေကြသလို၊ အိန္ဒိယ နိုင်ငံတွင်မူ အချို့သော စားသောက်ဆိုင်ပိုင်ရှင်များနှင့် လမ်းဘေးစာ စားသုံးသူများအတွက် စိတ်ပျက်စရာ အခြေအနေတစ်ခု ဖြစ်ပေါ်နေသည်။ နိုင်ငံ၏ အချို့နေရာများတွင် စမူဆာများ မရရှိတော့ဘဲ နေရာအနှံ့ တွေ့ရလေ့ရှိသော အိန္ဒိယလက်ဖက်ရည် (Chai) မှာလည်း ပုံမှန်ရနေကျ အနံ့အရသာ ပျောက်ဆုံးနေသည်။

ကမ္ဘာ့စီးပွားရေး အလျင်အမြန်ဆုံး တိုးတက်နေသော အိန္ဒိယနိုင်ငံသည် ၎င်း၏ လူဦးရေ ၁.၄ ဘီလီယံအတွက် ချက်ပြုတ်ရာတွင် အသုံးပြုသည့် အရည်ပျော် ဓာတ်ငွေ့ (LPG) ၈၅ ရာခိုင်နှုန်းခန့်ကို အရှေ့အလယ်ပိုင်းမှ တင်သွင်းနေရခြင်းဖြစ်သည်။

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ထောက်ပံ့မှုများ ထိခိုက်လာသဖြင့် အိန္ဒိယအစိုးရသည် အိမ်ထောင်စုများ ချက်ပြုတ်နိုင်ရန်အတွက် စက်ရုံများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များကဲ့သို့ စက်မှုလုပ်ငန်းသုံး ဓာတ်ငွေ့များကို အိမ်သုံးဘက်သို့ စတင်လွှဲပြောင်း ပေးနေရသည်။

မီးဖိုချောင်များ ဆက်လက်လည်ပတ်နိုင်ရန်အတွက် အချို့သော စားဖိုမှူးများသည် အခြား နည်းလမ်း များကို ရှာဖွေခြင်း သို့မဟုတ် မီနူးအချို့ကို ကန့်သတ်ခြင်းများ ပြုလုပ်နေကြသည်။ အချို့မှာ လျှပ်စစ်မီးဖို (Induction) များကို ပြောင်းလဲအသုံးပြုလာကြသော်လည်း ပြဿနာ မှာ အိန္ဒိယရိုးရာ ချက်ပြုတ်နည်းစနစ်နှင့် လျှပ်စစ်သံလိုက်လိုင်းများမှာ လုံးဝကိုက်ညီမှု မရှိ ခြင်း ပင်ဖြစ်သည်။

အိန္ဒိယချက်ပြုတ်နည်းမှာ အပူရှိန်ပြင်းပြင်း၊ လေးလံသော သံဒယ်အိုးနှင့် မီးတောက် အစစ်တို့၏ ပေါင်းစပ်မှုဖြစ်သည်။ ဂတ်စ်မီးဖိုမှ မီးတောက်မရှိပါက ဟင်းလျာများမှာ အနံ့အရသာ မပြည့်စုံတော့သလို၊ တန်ဒူးရီ (Tandoori) ကဲ့သို့ ကင်ရသော အစားအစာများ မှာလည်း လိုချင်သော အနေအထားမရနိုင်ပေ။ အထူးသဖြင့် ဆီပူပူတွင် အချိန်ကြာမြင့်စွာ တည်ငြိမ်သောအပူဖြင့် ကြော်ရသည့် စမူဆာများမှာ လျှပ်စစ်မီးဖိုဖြင့် ချက်ပြုတ်သောအခါ အရောင်မလှဘဲ ပျော့ဖတ်ဖတ်ကြီး ဖြစ်သွားတတ်သည်။

ဂျေပူ (Jaipur) မြို့ရှိ လူကြိုက်များသော Gulabji Chai စားသောက်ဆိုင်ပိုင်ရှင် ချီတန် ဆင်း (Chetan Singh) က LPG ပြတ်လပ်မှုကြောင့် ဆိုင်၏ အကျော်ကြားဆုံးဖြစ်သော “စမူဆာနှင့် ဘန်မုန့်ထောပတ်သုတ်” တို့ကို မီနူးမှ ဖယ်ရှားလိုက်ရကြောင်း ပြောကြားခဲ့သည်။

“ဒါတွေက လူတွေပုံမှန် တန်းစီပြီး စားကြတဲ့အရာတွေပါ၊ အခုတော့ လူတွေ စိတ်ပျက် နေကြတယ်” ဟု ၎င်းက ဆိုသည်။ ထို့ပြင် ၎င်းတို့၏ နာမည်ကြီး လက်ဖက်ရည်ကိုလည်း လျှပ်စစ်မီးဖိုဖြင့် ကျိုချက်နေရသော်လည်း မီးတောက်ဖြင့် ကျိုချက်သကဲ့သို့ အနံ့အရသာ မရရှိတော့ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

အိန္ဒိယအစိုးရက အင်္ဂါနေ့တွင် ထုတ်ပြန်သော ကြေညာချက်အရ ပြတ်လပ်မှုများကို ဖြေရှင်း ရန်အတွက် ပြည်တွင်းရှိ ရေနံချက်စက်ရုံများမှ LPG ထုတ်လုပ်မှုကို ၃၈ ရာခိုင်နှုန်းခန့် တိုးမြှင့် လိုက်ကြောင်း သိရသည်။ ထို့ပြင် LPG ဓာတ်ငွေ့ဘူးများကို သိုလှောင်ခြင်းနှင့် မှောင်ခိုရောင်း ချခြင်းများကို နှိမ်နင်းရန်အတွက် နိုင်ငံအနှံ့ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ရာ ဂတ်စ်ဘူး ပေါင်း ၁၅,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။

ဒေလီနှင့် မွန်ဘိုင်းမြို့များတွင် ဆိုင်ခွဲများရှိသည့် Benne Dosa စားသောက်ဆိုင်ကို တည်ထောင်သူ အာခေးလ် အိုင်ယာ (Akhil Iyer) ကလည်း ၎င်း၏ မီးဖိုချောင် ဆက်လက် လည်ပတ်နိုင်ရန် အခြေအနေနှင့်အညီ ပြောင်းလဲနေရသည်ဟု ဆိုသည်။ အိုင်ယာ၏ ဆိုင်တွင် ဒိုဆာ (Dosa) မှာ အဓိက အစားအစာဖြစ်သော်လည်း လျှပ်စစ်မီးဖိုဖြင့် စမ်းသပ်ချက်ပြုတ် ရာတွင် အရည်အသွေး မမီသောကြောင့် ဆိုင်ခွဲအချို့၌ ဒိုဆာရောင်းချမှုကို ရပ်ဆိုင်းထားရ သည်။

လွန်ခဲ့သည့် အပတ်က မြို့အတော်များများတွင် ပြည်သူများသည် ဓာတ်ငွေ့ဘူး ရရှိရန်အတွက် နံနက် ၃ နာရီကတည်းက တန်းစီစောင့်ဆိုင်းနေခဲ့ကြရသည်။ စွမ်းအင်အကျပ်အတည်း ဖြစ်ပေါ်မည်ကို စိုးရိမ်မှုများကြောင့် Amazon India တွင် လျှပ်စစ်မီးဖို အရောင်းရဆုံးမှာ အဆ ၃၀ ကျော် မြင့်တက်သွားကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

အိုင်ယာက အခြေအနေမှာ ရေရှည်ဖြစ်လာပါက ထင်းကဲ့သို့သော ရိုးရာနည်းလမ်းများကို အသုံးပြုရန် စဉ်းစားရမည်ဖြစ်သော်လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ အဓိကမီနူးဖြစ်သော ဒိုဆာကိုမူ မီနူးမှ အပြီးတိုင် ဖယ်ရှားမည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ရှိ စမူဆာရောင်းချနေသူတစ်ဦး။ (ဓာတ်ပုံ – Soumyabrata Roy/ Getty Images)

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ကာလ်ကတ္တားမြို့ရှိ လမ်းဘေး ယာယီလက်ဖက်ရည်ဆိုင်တစ်ခုတွင် လက်ဖက်ရည်ဖျော်နေသည့် လက်ဖက်ရည် ရောင်းသူတစ်ဦး။ (ဓာတ်ပုံ – Debajyoti Chakraborty/NurPhoto/Getty Images)

၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် တနင်္လာနေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ သိုလှောင်ရုံတစ်ခုတွင် အလုပ်သမားတစ်ဦးက ကုန်သွားသော အရည်ပျော်ဓာတ်ငွေ့ (LPG) ဘူးခွံများကို ကုန်တင်ကားပေါ်သို့ တင်နေစဉ်။(ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက