နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ဘူချာမှ သားသတ်သမား’ ကို ပစ်မှတ်ထားခဲ့ဖွယ်ရှိသည့် ဗုံးခွဲမှုအတွင်း ရုရှားစစ်သည်တစ်ဦး သေဆုံး

CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက်

ရုရှားနိုင်ငံ၏ ဝေးလံခေါင်ဖျားသော မြို့တစ်မြို့တွင် စစ်သည်တစ်ဦး သေဆုံးခဲ့သည့် ဗုံးခွဲမှုမှာ ‘ဘူချာမှ သားသတ်သမား’ (Butcher of Bucha) ဟု လူသိများသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ရုရှားတပ်မှူးကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရုရှားနှင့် ယူကရိန်း မီဒီယာများအပြင် စစ်ဘက်ဘလော့ဂါများက ပြောကြားခဲ့ကြသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ခါဘာရော့ဗ်စခ် (Khabarovsk) ဒေသတွင် ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး အခြားသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။

သေဆုံးသူမှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စစ်သည်တစ်ဦးဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုသည် ပိတ်ထားသော စစ်တန်းလျားတစ်ခုအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရုရှားမီဒီယာများနှင့် စစ်ဘက်ဘလော့ဂါများက ဖော်ပြခဲ့ကြသည်။

ရုရှားစစ်ဘက်ဘလော့ဂါတစ်ခုဖြစ်သည့် VChK-OGPU ကမူ တိုက်ခိုက်မှု၏ အစစ်အမှန် ပစ်မှတ်မှာ ဗိုလ်ချုပ် အာဇတ်ဘက် အိုမူဘီကော့ဗ် (Azatbek Omurbekov) ဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် ယူကရိန်းတွင် ရုရှားစစ်တပ်က ကျူးလွန်ခဲ့သည့် အရပ်သားများအပေါ် အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအချို့တွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။

အိုမူဘီကော့ဗ်သည် ယူကရိန်းကို ရုရှားက အလုံးစုံကျူးကျော်တိုက်ခိုက်ခဲ့သည့် ပထမရက်သတ္တပတ်များအတွင်း ကိယက်ဗ် (Kyiv) ဒေသ၌ လှုပ်ရှားခဲ့သော ၆၄ ကြိမ်မြောက် သီးခြားအစောင့်တပ် မော်တော်ရိုင်ဖယ်တပ်မဟာကို အုပ်ချုပ်ခဲ့သူဖြစ်သည်။

အဆိုပါဒေသမှ ရုရှားတပ်များ ဆုတ်ခွာသွားပြီးနောက် သတ်ဖြတ်ခံထားရသော အရပ်သား အလောင်းများနှင့် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းများကို တွေ့ရှိခဲ့ရပြီးနောက် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ထိုတပ်ဖွဲ့ကို စစ်ရာဇဝတ် ကောင်များအဖြစ် အမည်ပျက် စာရင်းသွင်းခဲ့သည်။

ယင်းသို့ ကြေညာပြီး မကြာမီမှာပင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အဆိုပါတပ်မဟာကို ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်တစ်ခု အပ်နှင်းခဲ့သည်။

ယူကရိန်းတွင် “လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုများ” ၌ ပါဝင်ပတ်သက်မှုကြောင့် အိုမူဘီကော့ဗ်နှင့် ထိုတပ်ဖွဲ့တစ်ခုလုံးကို အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အခြားမဟာမိတ်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကြသည်။

ခါဘာရော့ဗ်စခ် တရားရုံးက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဗုံးခွဲမှု၌ ပါဝင်ပတ်သက်သူ သုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း (တစ်ဦးမှာ မျက်ကွယ်တွင်ဖြစ်သည်) ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်ကို “အစိုးရအဖွဲ့အစည်းများကို မတည်ငြိမ်အောင် လုပ်ဆောင်ခြင်း” ဟု ဖော်ပြ ခဲ့သည်။

ယူကရိန်းဘက်ကမူ ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

အကယ်၍ အတည်ပြုနိုင်ပါက အိုမူဘီကော့ဗ်သည် ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် နောက်ဆုံးပေါ် ရုရှားစစ်ဘက်နှင့် လုံခြုံရေးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်လာမည်ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ရုရှားစစ်ထောက်လှမ်းရေးဌာန ဒုတိယအကြီးအကဲအဖြစ် တာဝန်ယူထားသည့် ရုရှားဗိုလ်ချုပ်တစ်ဦး မော်စကိုမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကာ ဒဏ်ရာပြင်းထန်ရရှိခဲ့သလို၊ ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ဧပြီလများကလည်း အခြားအရာရှိ နှစ်ဦး မော်စကိုရှိ ကားဗုံးခွဲမှုများအတွင်း သေဆုံးခဲ့သည်။ ရုရှားအရာရှိများက ယူကရိန်းကို လက်ညှိုးထိုးခဲ့သော်လည်း ကိယက်ဗ်ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိခဲ့ပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက